ႏိုင္ငံတကာသတင္း

ရွယ္လွတဲ့ ဗမာၾကက္မ်ဳိးစပ္ တိုက္ၾကက္တစ္ေကာင္ က်ပ္သိန္း ၃၉၀ ျဖင့္ အေရာင္းထြက္

Zawgyi ျဖင့္ဖတ္ရန္

ဗမာၾကက္မ်ဳိးစပ္ တိုက္ၾကက္တစ္ေကာင္ က်ပ္သိန္း ၃၉၀ ျဖင့္ အေရာင္းထြက္ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ ဆာရာဖီခ႐ိုင္ရိွ Sum-an တိုက္ၾကက္ေမြးျမဴေရးျခံမွ ၁၆ လသား တိုက္ၾကက္တေကာင္ကို ဘတ္ေငြ တသန္း (က်ပ္သိန္း ၃၉၀ ၀န္းက်င္) ျဖင့္ အေရာင္းအ၀ယ္ျဖစ္ခဲ့ေၾကာင္း သိရသည္။

၎ၾကက္မွာ ထိုင္းအေခၚ Phama Mahwing၊ ဗမာၾကက္-ထိုင္းၾကက္ မ်ဳိးစပ္ျဖစ္ၿပီး ၃ ပဲြႏိုင္ ႐ႈံးပြဲမရွိစံခိ်န္ရရိွထားသည္။

ၿခံပိုင္ရွင္ျဖစ္သူ အသက္ ၃၆ ႏွစ္အရြယ္ ခြ်န္ဂ်စ္သည္ အေလးခိ်န္ ၂ ဒသမ ၆ ကီလိုဂရမ္ရိွ ၎ၾကက္ကို ဘတ္ ၈ ေသာင္းျဖင့္ ၀ယ္ယူခဲ့ျခင္ျဖစ္ျပီး သံုးပဲြဆက္တိုက္ႏိုင္ပဲြရရိွခဲ့ျပီးေနာက္ တန္ဖိုးျမင့္တက္လာခဲ့ရာ ၀ါသနာအိုးတဦးက ဘတ္ ၅ သိန္းျဖင့္ ၀ယ္ယူရန္ကမ္းလွမ္းခဲ့ေၾကာင္း၊ ၎ပမာဏကို ခြ်န္ဂ်စ္က ပယ္ခ်လိုက္ၿပီးေနာက္ ဘတ္ ၁ သန္းျဖင့္ ထပ္မံကမ္းလွမ္းရာမွ အေရာင္းအ၀ယ္ျဖစ္ခဲ့ေၾကာင္း ၎ကေျပာသည္။

”သူ႔ရဲ႕ ဒုတိယပဲြနဲ႔ တတိယပဲြကို ၾကည့္ၿပီးၾကိဳက္သြားတယ္။ ဒုတိယပဲြဆိုရင္ ၁၆မိနစ္နဲ႔ အႏိုင္ရခဲ့တာ။ အဲဒီ ကတည္းက၀ယ္ခ်င္တာ”ဟု ၀ယ္လက္ အသက္ (၃၀) အရြယ္ စ၀္စံနံတက ေျပာသည္။

ယခုတိုက္ၾကက္ကို ဆက္လက္၍ ပြဲသြင္းဦးမည္ျဖစ္ေသာ္လည္း ၀ယ္ယူရျခင္း၏ အဓိကရည္ရြယ္ခ်က္မွာ သားေဖာက္ရန္ျဖစ္ေၾကာင္း၊ ၎ထံတြင္ ဘတ္ေလးသန္းတန္ ျမန္မာတိုက္ၾကက္မ်ဳိးစပ္ တေကာင္လည္းရိွ၍ ၎တိုက္ၾကက္မွေပါက္ဖြားသည့္ၾကက္မမ်ားႏွင့္သားေဖာက္မည္ျဖစ္ေၾကာင္း စ၀္စံနံတက ေျပာသည္။

အဆိုပါ တိုက္ၾကက္ အေရာင္းအ၀ယ္ပဲြသို႔ ၾကက္တိုက္၀ါသနာအိုး အမ်ားအျပား လာေရာက္ၾကည့္႐ႈခဲ့ၾကသည္ဟုဆိုသည္။

ေအာ္စကာ

Ref Bangkok Post

Unicode Zawgyi ဖြင့်ဖတ်ရန်

ဗမာကြက်မျိုးစပ် တိုက်ကြက်တစ်ကောင် ကျပ်သိန်း ၃၉၀ ဖြင့် အရောင်းထွက်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆာရာဖီခရိုင်ရှိ Sum-an တိုက်ကြက်မွေးမြူရေးခြံမှ ၁၆ လသား တိုက်ကြက်တကောင်ကို ဘတ်ငွေ တသန်း (ကျပ်သိန်း ၃၉၀ ၀န်းကျင်) ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရသည်။

၎င်းကြက်မှာ ထိုင်းအခေါ် Phama Mahwing၊ ဗမာကြက်-ထိုင်းကြက် မျိုးစပ်ဖြစ်ပြီး ၃ ပွဲနိုင် ရှုံးပွဲမရှိစံခိျန်ရရှိထားသည်။

ခြံပိုင်ရှင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် ချွန်ဂျစ်သည် အလေးခိျန် ၂ ဒသမ ၆ ကီလိုဂရမ်ရှိ ၎င်းကြက်ကို ဘတ် ၈ သောင်းဖြင့် ၀ယ်ယူခဲ့ခြင်ဖြစ်ပြီး သုံးပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီးနောက် တန်ဖိုးမြင့်တက်လာခဲ့ရာ ဝါသနာအိုးတဦးက ဘတ် ၅ သိန်းဖြင့် ၀ယ်ယူရန်ကမ်းလှမ်းခဲ့ကြောင်း၊ ၎င်းပမာဏကို ချွန်ဂျစ်က ပယ်ချလိုက်ပြီးနောက် ဘတ် ၁ သန်းဖြင့် ထပ်မံကမ်းလှမ်းရာမှ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။

”သူ့ရဲ့ ဒုတိယပွဲနဲ့ တတိယပွဲကို ကြည့်ပြီးကြိုက်သွားတယ်။ ဒုတိယပွဲဆိုရင် ၁၆မိနစ်နဲ့ အနိုင်ရခဲ့တာ။ အဲဒီ ကတည်းက၀ယ်ချင်တာ”ဟု ၀ယ်လက် အသက် (၃၀) အရွယ် စ၀်စံနံတက ပြောသည်။

ယခုတိုက်ကြက်ကို ဆက်လက်၍ ပွဲသွင်းဦးမည်ဖြစ်သော်လည်း ၀ယ်ယူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သားဖောက်ရန်ဖြစ်ကြောင်း၊ ၎င်းထံတွင် ဘတ်လေးသန်းတန် မြန်မာတိုက်ကြက်မျိုးစပ် တကောင်လည်းရှိ၍ ၎င်းတိုက်ကြက်မှပေါက်ဖွားသည့်ကြက်မများနှင့်သားဖောက်မည်ဖြစ်ကြောင်း စ၀်စံနံတက ပြောသည်။

အဆိုပါ တိုက်ကြက် အရောင်းအ၀ယ်ပွဲသို့ ကြက်တိုက်ဝါသနာအိုး အများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်ဟုဆိုသည်။

အော်စကာ

Ref Bangkok Post

Comments are Closed