Zawgyi

မင္းသားေျပတီဦးကေတာ့ အႏုပညာေလာကရဲ႕ ထိပ္တန္းမင္းသားတစ္လက္ပါ။ အကယ္ဒမီ Luck အရမ္းရွိတဲ့ မင္းသား တစ္ေယာက္ျဖစ္ၿပီး ႏွစ္တိုင္းလိုလို အကယ္ဒမီဆုေပးပြဲ စင္ျမင့္ထက္ကို တက္ေရာက္ႏိုင္ခဲ့သူပါ။ ဒါေပမယ့္ ေျပတီဦးရဲ႕ အႏုပညာခရီးလမ္းက ထင္သေလာက္မလြယ္ကူခဲ့ပါဘူး။

ဟိုးအရင္ ျမန္မာစာ၊ ျမန္မာစကား အစီအစဥ္ေတြမွာတည္းက ပါ၀င္လာခဲ့သူျဖစ္ၿပီး သူ႔ရဲ႕ အႏုပညာအတြက္ ေပးဆပ္ရင္းႏွီး ႀကိဳးစားလာရတဲ့ အခ်ိန္ေတြက မနည္းပါဘူး။ ဒီလိုႀကိဳးစားမႈေတြေၾကာင့္ပဲ အႏုပညာေလာကရဲ႕ ထြန္းေတာက္တဲ့ ၾကယ္တစ္ပြင့္ျဖစ္လာခဲ့ၿပီး ေနရာတစ္ေနရာ အခိုင္အမာရရွိပိိုင္ဆိုင္ေနတာပါ။ အႏုပညာ Life မွာတင္မဟုတ္ဘဲ family life မွာပါ ေအာင္ျမင္ေနၿပီး ေခ်ာေမာလွပတ့ဲ ဇနီးေခ်ာေလး အူ၀ဲနဲ႔ ခ်စ္စရာ သားသား၊မီးမီး ႏွစ္ေယာက္ကိုပါ ပိုင္ဆိုင္ထားပါတယ္။

ေျပတီဦးက အႏုပညာတင္မဟုတ္ဘဲ ေျပတီဦးေဖာင္ေဒးရွင္းကိုပါတည္ေထာင္ၿပီး ပရဟိတ အလုပ္ေတြကိုလည္း သူတက္ႏိုင္သမွ် ကူညီလုပ္ကိုင္ေပးေနတာကို ေတြ႔ရပါတယ္။ ေျပတီဦးေဖာင္ေဒးရွင္းကေတာ့ အဓိကအေနနဲ႔ ပညာေရးက႑ ေတြ၊ ကေလးေတြကို ပညာသင္စရိတ္ေထာက္ပံ့မႈေတြ လုပ္ေပးေနတဲ့ အဖြဲ႕အစည္းပါ။ အားလံုးရဲ႕ အားက်မႈကို ခံထားရတဲ့ ေျပတီဦးမွာလည္း သူ႔ဘ၀မွာ ျဖစ္ခ်င္၊ျပည့္ခ်င္တဲ့ ဆုေတာင္းေလးေတြ ရွွိပါတယ္။

ေျပတီဦးက သူျပည့္ခ်င္တဲ့ ဆုေတာင္းေတြအေၾကာင္းကို FB မွာ အခုလိုေလး ေရးထားပါတယ္။

“ေဒါသကို ခ်ဳပ္ထိန္းႏိုင္တဲ့သူ…

ေမတၱာတရားနဲ႔ အၿမဲတမ္း ခြင့္လႊတ္ႏိုင္တဲ့သူ…

အၿမဲတမ္း ၿငိမ္းခ်မ္းတဲ့သူ ျဖစ္ပါရေစ….

ကၽြန္ေတာ္ျပည့္ခ်င္တဲ့ဆုေတြပါ…..” ဆိုၿပီး တင္ထားပါတယ္။ သူျပည့္ခ်င္တဲ့ ဆုေတြကေတာ့ ပစၥည္းဥစၥာမ်ိဳး မဟုတ္ပဲ ၿငိမ္းခ်မ္းတဲ့သူတစ္ေယာက္ျဖစ္ခ်င္တယ္ဆုိတဲ့ ဆုေတာင္းပါ။

FROM ေျပတီဦးရဲ႕ FB

Share From Sannla

Unicode

မင်းသားပြေတီဦးကတော့ အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတစ်လက်ပါ။ အကယ်ဒမီ Luck အရမ်းရှိတဲ့ မင်းသား တစ်ယောက်ဖြစ်ပြီး နှစ်တိုင်းလိုလို အကယ်ဒမီဆုပေးပွဲ စင်မြင့်ထက်ကို တက်ရောက်နိုင်ခဲ့သူပါ။ ဒါပေမယ့် ပြေတီဦးရဲ့ အနုပညာခရီးလမ်းက ထင်သလောက်မလွယ်ကူခဲ့ပါဘူး။

ဟိုးအရင် မြန်မာစာ၊ မြန်မာစကား အစီအစဉ်တွေမှာတည်းက ပါ၀င်လာခဲ့သူဖြစ်ပြီး သူ့ရဲ့ အနုပညာအတွက် ပေးဆပ်ရင်းနှီး ကြိုးစားလာရတဲ့ အချိန်တွေက မနည်းပါဘူး။ ဒီလိုကြိုးစားမှုတွေကြောင့်ပဲ အနုပညာလောကရဲ့ ထွန်းတောက်တဲ့ ကြယ်တစ်ပွင့်ဖြစ်လာခဲ့ပြီး နေရာတစ်နေရာ အခိုင်အမာရရှိပိိုင်ဆိုင်နေတာပါ။ အနုပညာ Life မှာတင်မဟုတ်ဘဲ family life မှာပါ အောင်မြင်နေပြီး ချောမောလှပတဲ့ ဇနီးချောလေး အူဝဲနဲ့ ချစ်စရာ သားသား၊မီးမီး နှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပါတယ်။

ပြေတီဦးက အနုပညာတင်မဟုတ်ဘဲ ပြေတီဦးဖောင်ဒေးရှင်းကိုပါတည်ထောင်ပြီး ပရဟိတ အလုပ်တွေကိုလည်း သူတက်နိုင်သမျှ ကူညီလုပ်ကိုင်ပေးနေတာကို တွေ့ရပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကတော့ အဓိကအနေနဲ့ ပညာရေးကဏ္ဍ တွေ၊ ကလေးတွေကို ပညာသင်စရိတ်ထောက်ပံ့မှုတွေ လုပ်ပေးနေတဲ့ အဖွဲ့အစည်းပါ။ အားလုံးရဲ့ အားကျမှုကို ခံထားရတဲ့ ပြေတီဦးမှာလည်း သူ့ဘဝမှာ ဖြစ်ချင်၊ပြည့်ချင်တဲ့ ဆုတောင်းလေးတွေ ရှှိပါတယ်။

ပြေတီဦးက သူပြည့်ချင်တဲ့ ဆုတောင်းတွေအကြောင်းကို FB မှာ အခုလိုလေး ရေးထားပါတယ်။

“ဒေါသကို ချုပ်ထိန်းနိုင်တဲ့သူ…

မေတ္တာတရားနဲ့ အမြဲတမ်း ခွင့်လွှတ်နိုင်တဲ့သူ…

အမြဲတမ်း ငြိမ်းချမ်းတဲ့သူ ဖြစ်ပါရစေ….

ကျွန်တော်ပြည့်ချင်တဲ့ဆုတွေပါ…..” ဆိုပြီး တင်ထားပါတယ်။ သူပြည့်ချင်တဲ့ ဆုတွေကတော့ ပစ္စည်းဥစ္စာမျိုး မဟုတ်ပဲ ငြိမ်းချမ်းတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းပါ။

FROM ပြေတီဦးရဲ့ FB

Share From Sannla