Zawgyi

ကိုယ္အနားမွာ ရွိသည္ျဖစ္ေစမရွိသည္ျဖစ္သည္ျဖစ္ေစ အားလံုးအဆင္ေျပေစခ်င္တယ္ ကိုယ္ခ်စ္တဲ့လူေတြ ခ်မ္းသာရင္
သူငယ္ခ်င္းေတြ ခ်မ္းသာရင္ ပိုပီတိျဖစ္တယ္ ။ ေကာင္းေမြးဆိုးေမြး ခံယူဖို႔ပါ ကိုယ္ပတ္ဝန္းက်င္က လူေတြရဲ႕ ခ်မ္းသာမွမဟုတ္ဖူး ဆင္းရဲလဲ မိတ္ေဆြပါဘဲဗ်ာ ကူညီပါတယ္ ကတိေတာ့ တည္ပါ ။

၁- ပိုက္ဆံေခ်းမယ္ဆိုရင္ ေခ်းမယ္လို႔ပဲ ေျပာလိုက္ပါ။
ျဖစ္ေၾကာင္းကုန္စဥ္ကို ဇာတ္စံုခင္းျပမေနပါနဲ႔။
ၾကာပါတယ္။ မဟုတ္လည္း ေခ်းမွာပဲကို။ ဆိုေတာ့
မရွိလို႔ပဲေခ်းေခ်း၊ လက္လြန္ေနလို႔ပဲလွည့္လွည့္
ပိုက္ဆံေခ်းတာဟာ ေခ်းတာပါပဲ။

၂- ပိုက္ဆံတစ္ရာ ႏွစ္ရာမွသည္ တစ္သိန္း ႏွစ္သိန္းအထိ
ပိုက္ဆံဟာ ပိုက္ဆံပါပဲ။ အေခ်းခံရတဲ့သူက ဘာမွမရွိလို႔
ျပန္မေတာင္းရင္ ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္
ေနရင္ေတာင္ ေခ်းတဲ့သူက အလိုက္တသိနဲ႔ ေသခ်ာ
ျပန္ေပးရပါမယ္။

၃- ျဖစ္ႏိုင္ရင္ေတာ့ ဘယ္သူမွ ေခ်းရတာေရာ၊
ေခ်းေပးတာေရာကို မလုပ္ခ်င္ၾကပါဘူး။ ေခ်းလာတဲ့သူရွိလို႔သာ
အားနာၿပီး ေခ်းေပးၾကရတာျဖစ္တဲ့အတြက္ ဒီကိစၥမွာ
လံုးလံုးလ်ားလ်ားတာဝန္ရွိသူဟာ လာေခ်းသူပါပဲ။

၄- ပိုက္ဆံေခ်းတဲ့အခါ ေပါက္ကရေလးဆယ္ေတြကို
ရႊန္းရႊန္းေဝေအာင္ ေလွ်ာက္မေျပာပါနဲ႔။ ကိုယ္ေခ်းခ်င္တဲ့
ပမာဏ၊ ေခ်းထားမယ့္ကာလ၊ ျပန္ဆပ္မယ့္အခ်ိန္နဲ႔
ျပန္ဆပ္မယ့္ပံုစံကိုသာ လိုတိုရွင္းေျပာပါ။

၅- ကိုယ္ပစ္မွတ္ထားၿပီး ပိုက္ဆံေခ်းလိုက္တဲ့သူဟာ
ကိုယ္ေခ်းခ်င္သေလာက္ ရွိတဲ့သူ ျဖစ္ခ်င္မွျဖစ္ပါမယ္။
သူက မရွိဘူးလို႔ ေျပာရင္ အဲ့ဒါကို အတည္ပဲမွတ္ပါ။
အားနာၿပီး စိတ္႐ွဳပ္ရေအာင္ ထပ္ၿပီး နားမပူပါနဲ႔။
ကိုယ္လိုခ်င္သေလာက္မရဘဲ သူေပးႏိုင္သေလာက္သာ
ေပးရင္လည္း ထိုနည္းအတူပါပဲ။ ရသေလာက္သာေခ်းပါ။

၆- အေရးႀကီးဆံုးအခ်က္ပါ။ ေသခ်ာျပန္ဆပ္ရပါမယ္။
ကိုယ္ကတိေပးထားတဲ့အခ်ိန္မွာ ေသခ်ာေပါက္ကို
ျပန္ဆပ္ရပါမယ္။ အေၾကာင္းတစ္ခုခုေၾကာင့္ ၾကန္႔ၾကာ
ေနရင္ေတာင္ ကိုယ္ကဦးေအာင္ ဆက္သြယ္ၿပီး
ရွင္းျပရပါမယ္။ ျပန္ဆပ္မယ့္အခ်ိန္ကို ထပ္ေျပာရပါမယ္။

၇- ေခ်းတုန္းကေခ်းၿပီး ျပန္ဆပ္ခ်ိန္ေရာက္မွ အတိတ္
ေမ့သလို ေရႊေပ်ာက္သလို အူေၾကာင္ေၾကာင္လုပ္တာဟာ
ပိုက္ဆံေခ်းေပးမိတဲ့သူရဲ႕ ေနာင္တတရားနဲ႔ လူသတ္ခ်င္
စိတ္ကို ဒြန္တြဲၿပီး ျဖစ္ေပၚေစပါတယ္။ လံုးဝမလုပ္ပါနဲ႔။

၈- ေခ်းတုန္းကေတာင္ သတိတရနဲ႔ ေသေတာ့မတတ္
ဖုန္းဆက္ၿပီး ေခ်းေသးရင္ ျပန္ဆပ္ရမယ့္အခါလည္း
ေမ့မေနပါနဲ႔။ ႐ူးခ်င္ေယာင္ေဆာင္ၿပီး ဖုန္းပိတ္တာေတြ၊
မကိုင္တာေတြ၊ seen ျဖစ္ၿပီး reply မလာတာေတြဟာ
အင္မတန္မွကို လူဝါးဝရာက်ပါတယ္။

၉- အဆိုးဆံုးက ကိုယ့္ပိုက္ဆံကိုယ္ျပန္ေတာင္းတဲ့သူကို
ရန္သူလိုသေဘာထားၿပီး ရင့္ရင့္သီးသီးဆက္ဆံတာနဲ႔
မ်က္ရည္ခံထိုးၿပီး ျပန္ေတာင္းတဲ့သူကို ခ်စ္တီးလို႔
တစ္ေလာကလံုးကထင္ေအာင္ ဇာတ္နာျပတာပါပဲ။

၁၀- သူျပန္ေတာင္းတဲ့အထိ ေစာင့္မေနပါနဲ႔။ ကိုယ္
ေပးတဲ့ထားတဲ့ကတိထက္ ပိုေစာၿပီး ဆပ္ႏိုင္ေလ
ေကာင္းေလပါပဲ။ ျမန္ျမန္ရရင္ ျမန္ျမန္ဆပ္ပါ။
သူေမးလာတဲ့အထိ ေစာင့္မေနပါနဲ႔။ တခါတေလ
သူတို႔က မေမ့ပါဘူး။ ကိုယ့္ျမင္ကတည္းက သူတို႔
ပိုက္ဆံကို တန္းသတိရပါတယ္။ အားနာလို႔သာ
ေမ့ခ်င္ေယာင္ေဆာင္ေနၾကတာပါ။ လူလိုနားလည္ပါ။

၁၁- ပိုက္ဆံေခ်းၿပီး ျပန္မဆပ္ခ်င္ၾကတဲ့သူေတြရဲ႕
အက်င့္ဆိုးတစ္ခုကေတာ့ ေခ်းမိတဲ့သူရဲ႕ အားနာတတ္တဲ့
စိတ္ကို ခ်နင္းတာပါပဲ။ ေတာ္ေတာ္ယုတ္ညံ့တဲ့စိတ္ပါ။
ဆိုေတာ့ ေခ်းေပးမိတဲ့သူေတြက အားမနာၾကပါနဲ႔။
အခ်ိန္တန္ရင္ ကိုယ့္ပိုက္ဆံကို ျပန္ေတာင္းပါ။

၁၂- တကယ္ေတာ့ ကိုယ့္ကို ပိုက္ဆံေခ်းေပးတဲ့သူဆိုတာ
အိမ္ဦးခန္းမွာထားၿပီး ေရႊခ်ထားရမယ့္သူမ်ိဳးေတြပါ။
အဲ့လိုလူမ်ိဳး ကမာၻေပၚမွာ သိပ္မ်ားမ်ားစာစား မရွိပါဘူး။
ကိုယ့္ကိုတကယ္ခင္လို႔၊ စာနာလို႔၊ အားနာလို႔၊ ခ်စ္လို႔
သူ႔ရဲ႕ရွိစုမဲ့စုေလး ထုတ္ၿပီး ေခ်းေပးတာျဖစ္ပါတယ္။

၁၃- ကတိတည္ရပါမယ္။ မဟုတ္ရင္ တစ္ခါပဲရပါမယ္။
ကတိတည္လိုက္ရင္ ေနာင္လည္း လိုတဲ့အခါ ရႏိုင္ပါမယ္။
မဟုတ္ရင္ေတာ့ ကမာၻေပၚက အေကာင္းဆံုးေသာ
မိတ္ေဆြတစ္ေယာက္ကို ကိုယ္တိုင္ဖ်က္ဆီးလိုက္သလို
ျဖစ္သြားပါလိမ့္မယ္။ အရမ္းႏွေျမာဖို႔ေကာင္းပါတယ္။

ဆိုေတာ့ ပိုက္ဆံေခ်းၿပီးရင္ အေသအခ်ာ ျပန္ဆပ္ၾကပါ။
cd..
Wai Phyo Maung

Unicode

ကိုယ်အနားမှာ ရှိသည်ဖြစ်စေမရှိသည်ဖြစ်သည်ဖြစ်စေ အားလုံးအဆင်ပြေစေချင်တယ် ကိုယ်ချစ်တဲ့လူတွေ ချမ်းသာရင်
သူငယ်ချင်းတွေ ချမ်းသာရင် ပိုပီတိဖြစ်တယ် ။ ကောင်းမွေးဆိုးမွေး ခံယူဖို့ပါ ကိုယ်ပတ်ဝန်းကျင်က လူတွေရဲ့ ချမ်းသာမှမဟုတ်ဖူး ဆင်းရဲလဲ မိတ်ဆွေပါဘဲဗျာ ကူညီပါတယ် ကတိတော့ တည်ပါ ။

၁- ပိုက်ဆံချေးမယ်ဆိုရင် ချေးမယ်လို့ပဲ ပြောလိုက်ပါ။
ဖြစ်ကြောင်းကုန်စဉ်ကို ဇာတ်စုံခင်းပြမနေပါနဲ့။
ကြာပါတယ်။ မဟုတ်လည်း ချေးမှာပဲကို။ ဆိုတော့
မရှိလို့ပဲချေးချေး၊ လက်လွန်နေလို့ပဲလှည့်လှည့်
ပိုက်ဆံချေးတာဟာ ချေးတာပါပဲ။

၂- ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိ
ပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ဘာမှမရှိလို့
ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင်
နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာ
ပြန်ပေးရပါမယ်။

၃- ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊
ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာ
အားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာ
လုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။

၄- ပိုက်ဆံချေးတဲ့အခါ ပေါက်ကရလေးဆယ်တွေကို
ရွှန်းရွှန်းဝေအောင် လျှောက်မပြောပါနဲ့။ ကိုယ်ချေးချင်တဲ့
ပမာဏ၊ ချေးထားမယ့်ကာလ၊ ပြန်ဆပ်မယ့်အချိန်နဲ့
ပြန်ဆပ်မယ့်ပုံစံကိုသာ လိုတိုရှင်းပြောပါ။

၅- ကိုယ်ပစ်မှတ်ထားပြီး ပိုက်ဆံချေးလိုက်တဲ့သူဟာ
ကိုယ်ချေးချင်သလောက် ရှိတဲ့သူ ဖြစ်ချင်မှဖြစ်ပါမယ်။
သူက မရှိဘူးလို့ ပြောရင် အဲ့ဒါကို အတည်ပဲမှတ်ပါ။
အားနာပြီး စိတ်ရှုပ်ရအောင် ထပ်ပြီး နားမပူပါနဲ့။
ကိုယ်လိုချင်သလောက်မရဘဲ သူပေးနိုင်သလောက်သာ
ပေးရင်လည်း ထိုနည်းအတူပါပဲ။ ရသလောက်သာချေးပါ။

၆- အရေးကြီးဆုံးအချက်ပါ။ သေချာပြန်ဆပ်ရပါမယ်။
ကိုယ်ကတိပေးထားတဲ့အချိန်မှာ သေချာပေါက်ကို
ပြန်ဆပ်ရပါမယ်။ အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာ
နေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီး
ရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။

၇- ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်
မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင်လုပ်တာဟာ
ပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ လူသတ်ချင်
စိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။

၈- ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်
ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်း
မေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊
မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာ
အင်မတန်မှကို လူဝါးဝရာကျပါတယ်။

၉- အဆိုးဆုံးက ကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကို
ရန်သူလိုသဘောထားပြီး ရင့်ရင့်သီးသီးဆက်ဆံတာနဲ့
မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့
တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာပါပဲ။

၁၀- သူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။ ကိုယ်
ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေ
ကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။
သူမေးလာတဲ့အထိ စောင့်မနေပါနဲ့။ တခါတလေ
သူတို့က မမေ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့
ပိုက်ဆံကို တန်းသတိရပါတယ်။ အားနာလို့သာ
မေ့ချင်ယောင်ဆောင်နေကြတာပါ။ လူလိုနားလည်ပါ။

၁၁- ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့
အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့
စိတ်ကို ချနင်းတာပါပဲ။ တော်တော်ယုတ်ညံ့တဲ့စိတ်ပါ။
ဆိုတော့ ချေးပေးမိတဲ့သူတွေက အားမနာကြပါနဲ့။
အချိန်တန်ရင် ကိုယ့်ပိုက်ဆံကို ပြန်တောင်းပါ။

၁၂- တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာ
အိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။
အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။
ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ ချစ်လို့
သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်။

၁၃- ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။
ကတိတည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။
မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသော
မိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်သလို
ဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြောဖို့ကောင်းပါတယ်။

ဆိုတော့ ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။
cd..
Wai Phyo Maung