Zawgyi

ဥတာပရာေဒ့ရွ္ျပည္နယ္မွ လယ္သ မားေပါင္း ၈၅၀ ေက်ာ္၏ အေႂကြးကို ဆပ္ေပးသြားမည္ဟု အိႏၵိယထိတ္ထိတ္ ႀကဲမင္းသားႀကီး အမီတာဘခ်မ္းက ေျပာ ၾကားလိုက္သည္။ ယခင္ကလည္း မဟာ ရက္ရွ္ထရာမွ လယ္သမားေပါင္း ၃၅၀ ေက်ာ္၏အေႂကြးကို ဆပ္ေပးခဲ့ဖူးသည္ဟု အသက္ ၇၆ ႏွစ္အ႐ြယ္ ကမၻာေက်ာ္မင္း သားႀကီးက ဆိုသည္။

ကၽြန္ေတာ္တို႔အ တြက္ အသက္ပါေပးဆပ္ခဲ့တဲ့ ကိုယ့္ျပည္ သူေတြအတြက္ ကိုယ္တတ္ႏိုင္သေလာက္ ကူညီခြင့္ရတာ သိပ္ကိုပီတိျဖစ္ရပါတယ္။ အရင္ကေတာ့ မဟာရက္ရွ္ထရာက လယ္ သမားေတြကို ကူညီခဲ့ပါတယ္။ ဒါေပမဲ့ ဒါနဲ႔မလုံေလာက္ပါဘူး။ တျခားျပည္နယ္ က လယ္သမားေတြကိုလည္း ကူညီဖို႔လို ပါတယ္။

လယ္သမားေတြ အေႂကြးျပန္မ ဆပ္ႏိုင္လို႔ ကိုယ့္ကိုယ္ကိုယ္ သတ္ေသရ တဲ့အျဖစ္ေတြေတာင္ ကၽြန္ေတာ္တို႔ ႏိုင္ငံမွာ ရွိေနပါတယ္။ ဥတာပရာေဒ့ရွ္ ျပည္နယ္က လယ္သမား ၈၅၀ ေက်ာ္ကို စာရင္းလုပ္ထားၿပီးသြားပါတယ္။ သူတို႔ အေႂကြး ႐ူပီး ၅၅ သန္းကို ကၽြန္ေတာ္က ကိုယ္စားဆပ္သြားမွာပါ}ဟု မင္းသားႀကီး က ၎၏ဘေလာ့ဂ္တြင္ ေရးသားထား သည္။

ထို႔ျပင္ ျပည့္တန္ဆာဘ၀ထဲ ဆြဲ သြင္းခံခဲ့ရသည့္မိန္းကေလးမ်ား၊ ဖမ္းဆီးခံရသည့္မိန္းကေလးမ်ားကိုကာကြယ္ေပး ေရးလုပ္ေဆာင္ေပးခဲ့သည့္ အဂ်က္ဆင္း ကိုလည္း ကူညီေထာက္ပံ့ေငြေပးအပ္သြား မည္ဟု ၎က ထည့္သြင္းေရးသားသြားခဲ့ ေသးသည္။

(NDTV, 20.10.18) ခ်ယ္ရီ

Unicode

ဥတာပရာဒေ့ရှ်ပြည်နယ်မှ လယ်သ မားပေါင်း ၈၅၀ ကျော်၏ အကြွေးကို ဆပ်ပေးသွားမည်ဟု အိန္ဒိယထိတ်ထိတ် ကြဲမင်းသားကြီး အမီတာဘချမ်းက ပြော ကြားလိုက်သည်။ ယခင်ကလည်း မဟာ ရက်ရှ်ထရာမှ လယ်သမားပေါင်း ၃၅၀ ကျော်၏အကြွေးကို ဆပ်ပေးခဲ့ဖူးသည်ဟု အသက် ရ၆ နှစ်အရွယ် ကမ္ဘာကျော်မင်း သားကြီးက ဆိုသည်။

ကျွန်တော်တို့အ တွက် အသက်ပါပေးဆပ်ခဲ့တဲ့ ကိုယ့်ပြည် သူတွေအတွက် ကိုယ်တတ်နိုင်သလောက် ကူညီခွင့်ရတာ သိပ်ကိုပီတိဖြစ်ရပါတယ်။ အရင်ကတော့ မဟာရက်ရှ်ထရာက လယ် သမားတွေကို ကူညီခဲ့ပါတယ်။ ဒါပေမဲ့ ဒါနဲ့မလုံလောက်ပါဘူး။ တခြားပြည်နယ် က လယ်သမားတွေကိုလည်း ကူညီဖို့လို ပါတယ်။

လယ်သမားတွေ အကြွေးပြန်မ ဆပ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရ တဲ့အဖြစ်တွေတောင် ကျွန်တော်တို့ နိုင်ငံမှာ ရှိနေပါတယ်။ ဥတာပရာဒေ့ရှ် ပြည်နယ်က လယ်သမား ၈၅၀ ကျော်ကို စာရင်းလုပ်ထားပြီးသွားပါတယ်။ သူတို့ အကြွေး ရူပီး ၅၅ သန်းကို ကျွန်တော်က ကိုယ်စားဆပ်သွားမှာပါ}ဟု မင်းသားကြီး က ၎င်း၏ဘလော့ဂ်တွင် ရေးသားထား သည်။

ထို့ပြင် ပြည့်တန်ဆာဘဝထဲ ဆွဲ သွင်းခံခဲ့ရသည့်မိန်းကလေးများ၊ ဖမ်းဆီးခံရသည့်မိန်းကလေးများကိုကာကွယ်ပေး ရေးလုပ်ဆောင်ပေးခဲ့သည့် အဂျက်ဆင်း ကိုလည်း ကူညီထောက်ပံ့ငွေပေးအပ်သွား မည်ဟု ၎င်းက ထည့်သွင်းရေးသားသွားခဲ့ သေးသည်။

(NDTV, 20.10.18) ချယ်ရီ

Originally posted 2018-10-27 09:03:20.