Zawgyi

မိုးမိုးကေတာ့ သီတင္းကြ်တ္ကာလမွာ က်င္းပေလ့ရွိတဲ့ ပ်ဥ္းမနားျမိဳ႕ရဲ႕ ႏွစ္က်ိတ္ရွစ္ဆူ ဘုရားလွည့္လည္ပြဲမွာ သီဆိုေဖ်ာ္ေျဖဖို႔ေရာက္ရွိေနခဲ့တာျဖစ္ပါတယ္။ အဆိုေတာ္ မိုးမုိးနဲ႔အတူ ပါရမီျဖည့္ဖက္ေလးေတြျဖစ္ၾကတဲ့ ဇနီး ျမတ္ပီတိမိုးနဲ႔ သမီးေလးတုိ႔ကလည္း လိုက္ပါခဲ့ၾကတာျဖစ္ပါတယ္။

ပ်ဥ္းမနားျမိဳ႕ရဲ႕ ႏွစ္က်ိတ္ရွစ္ဆူ ဘုရားမ်ားလွည့္လည္ပြဲကို ညလံုးေပါက္ က်င္းပၾကတာျဖစ္ျပီးေတာ့ လာေရာက္သီဆိုတဲ့ အဆိုေတာ္ေတြဟာလည္း မုိးလင္းေပါက္အထိ ပရိသတ္ေတြကို သီဆိုေဖ်ာ္ေျဖရတာျဖစ္ပါတယ္။

မိုးမိုးဟာ ဒီႏွစ္ပ်ဥ္းမနားရဲ႕ ႏွစ္က်ိတ္ရွစ္ဆူ ဘုရားလွည့္လည္ပြဲမွာ သီဆုိေဖ်ာ္ေျဖခဲ့ရျပီး ပ်ဥ္းမနားသားေတြရဲ႕ အံ့မခန္းလွတဲ့ စည္းလံုးမွုအင္အားကို ေတြ႔ခ့ဲရတာျဖစ္ပါတယ္။

ကားေတြနဲ႔ လွည့္ပတ္ျပီး ေဖ်ာ္ေျဖရတာျဖစ္တဲ့အတြက္ အခ်ိဳ႕လမ္းေတြမွာ အျခားကားမ်ား ရပ္ထားတာေၾကာင့္ ေဖ်ာ္ေျဖေရးယာဥ္ ဝင္ထြက္သြားလာဖို႔ မလြတ္တာေတြကို ပ်ဥ္းမနားသားမ်ားက စုေပါင္းျပီး ကားအစီးလိုက္ မ ေရႊ႕ခဲ့ၾကတာျဖစ္ပါတယ္။

ထိုသို႔ ဝိုင္းဝန္း မေရႊ႕ခဲ့ပံုကို တအံ့တၾသနဲ႔ မိုးမိုးက ဗီဒီယိုရိုက္ယူထားခဲ့တာျဖစ္ျပီး လူမွုကြန္ယက္ေပၚက ပရိသတ္ေတြကလည္း ခ်ီးက်ဴးအံ့ၾသေနခဲ့ၾကတာျဖစ္ပါတယ္။ ပ်ဥ္းမနားသားေတြရဲ႕ စည္းလံုးမွုအစြမ္းကို ၾကည့္ရေအာင္ ဗီဒီယိုေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

We Love Cele

Unicode

မိုးမိုးကတော့ သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ပျဉ်းမနားမြို့ရဲ့ နှစ်ကျိတ်ရှစ်ဆူ ဘုရားလှည့်လည်ပွဲမှာ သီဆိုဖျော်ဖြေဖို့ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အဆိုတော် မိုးမိုးနဲ့အတူ ပါရမီဖြည့်ဖက်လေးတွေဖြစ်ကြတဲ့ ဇနီး မြတ်ပီတိမိုးနဲ့ သမီးလေးတို့ကလည်း လိုက်ပါခဲ့ကြတာဖြစ်ပါတယ်။

ပျဉ်းမနားမြို့ရဲ့ နှစ်ကျိတ်ရှစ်ဆူ ဘုရားများလှည့်လည်ပွဲကို ညလုံးပေါက် ကျင်းပကြတာဖြစ်ပြီးတော့ လာရောက်သီဆိုတဲ့ အဆိုတော်တွေဟာလည်း မိုးလင်းပေါက်အထိ ပရိသတ်တွေကို သီဆိုဖျော်ဖြေရတာဖြစ်ပါတယ်။

မိုးမိုးဟာ ဒီနှစ်ပျဉ်းမနားရဲ့ နှစ်ကျိတ်ရှစ်ဆူ ဘုရားလှည့်လည်ပွဲမှာ သီဆိုဖျော်ဖြေခဲ့ရပြီး ပျဉ်းမနားသားတွေရဲ့ အံ့မခန်းလှတဲ့ စည်းလုံးမှုအင်အားကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ကားတွေနဲ့ လှည့်ပတ်ပြီး ဖျော်ဖြေရတာဖြစ်တဲ့အတွက် အချို့လမ်းတွေမှာ အခြားကားများ ရပ်ထားတာကြောင့် ဖျော်ဖြေရေးယာဉ် ဝင်ထွက်သွားလာဖို့ မလွတ်တာတွေကို ပျဉ်းမနားသားများက စုပေါင်းပြီး ကားအစီးလိုက် မ ရွှေ့ခဲ့ကြတာဖြစ်ပါတယ်။

ထိုသို့ ဝိုင်းဝန်း မရွှေ့ခဲ့ပုံကို တအံ့တသြနဲ့ မိုးမိုးက ဗီဒီယိုရိုက်ယူထားခဲ့တာဖြစ်ပြီး လူမှုကွန်ယက်ပေါ်က ပရိသတ်တွေကလည်း ချီးကျူးအံ့သြနေခဲ့ကြတာဖြစ်ပါတယ်။ ပျဉ်းမနားသားတွေရဲ့ စည်းလုံးမှုအစွမ်းကို ကြည့်ရအောင် ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

We Love Cele

Originally posted 2018-10-27 06:03:51.