Zawgyi

ၿပိဳင္ဘက္ကို တစ္ခ်ီအတြင္း ေအာင္လအန္ဆန္အႏိုင္ရ

ကိုယ္ခံပညာသိုင္းေပါင္းစုံအသုံးျပဳ ယွဥ္ၿပိဳင္တိုက္ခိုက္တဲ့ One Championship ရဲ႕ MMA ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ရာမွာေအာင္လအန္ဆန္ က ၿပိဳင္ဘက္ လက္ဘရြန္ႏိုင္ငံသား ကရာကီ ကို တစ္ခ်ီအတြင္း အႏိုင္ရသြားပါတယ္။

ဒီပြဲစဥ္ဟာ ေအာင္လအန္ဆန္အတြက္ မစ္ဒယ္ဝိတ္တန္း ကမာၻ႕ခ်န္ပီယံခါးပတ္ကာကြယ္ပဲြလည္းျဖစ္ပါတယ္။

ေအာင္လအန္ဆန္ကို စိန္ေခၚသူကေတာ့ လက္ဘရြန္ႏိုင္ငံသား ကရာကီျဖစ္ၿပီး MMA ပြဲစဥ္ ကိုးပြဲမွာ ရႈံးပြဲမရိွ စံခ်ိန္တင္ထားသူလည္းျဖစ္ပါတယ္။

ပြဲစခ်ိန္မွာ ပဲ ေအာင္လအန္ဆန္က လက္သီးတြဲလုံးေတြနဲ႕ ၿပိဳင္ဘက္ကို ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တာျဖစ္ၿပီး ပြဲစၿပီး ႏွစ္မိနစ္ေက်ာ္ၾကာခ်ိန္ေတာ့ ကရာကီဟာ ေအာင္လအန္ဆန္ရဲ႕လက္သီးခ်က္မိၿပီး ရႈံးနိမ့္ခဲ့ရတာပါ။

ေအာင္လအန္ဆန္နဲ႔ ကရာကီတို႔ပြဲစဥ္အပါအဝင္ MMA ပြဲစဥ္ေတြကိုေတာ့ ရန္ကုန္က သုဝဏၰမိုးလံုေလလံုအားကစားရံုမွာ က်င္းပခဲ့တာျဖစ္ပါတယ္။

ေအာက္တြင္ ဗြီဒီယိုၾကည့္ရန္

7 Days News Journal

ပြိုင်ဘက်ကို တစ်ချီအတွင်း အောင်လအန်ဆန်အနိုင်ရ

ကိုယ်ခံပညာသိုင်းပေါင်းစုံအသုံးပြု ယှဉ်ပြိုင်တိုက်ခိုက်တဲ့ One Championship ရဲ့ MMA ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရာမှာအောင်လအန်ဆန် က ပြိုင်ဘက် လက်ဘရွန်နိုင်ငံသား ကရာကီ ကို တစ်ချီအတွင်း အနိုင်ရသွားပါတယ်။

ဒီပွဲစဉ်ဟာ အောင်လအန်ဆန်အတွက် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲလည်းဖြစ်ပါတယ်။

အောင်လအန်ဆန်ကို စိန်ခေါ်သူကတော့ လက်ဘရွန်နိုင်ငံသား ကရာကီဖြစ်ပြီး MMA ပွဲစဉ် ကိုးပွဲမှာ ရှုံးပွဲမရှိ စံချိန်တင်ထားသူလည်းဖြစ်ပါတယ်။

ပွဲစချိန်မှာ ပဲ အောင်လအန်ဆန်က လက်သီးတွဲလုံးတွေနဲ့ ပြိုင်ဘက်ကို ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပြီး ပွဲစပြီး နှစ်မိနစ်ကျော်ကြာချိန်တော့ ကရာကီဟာ အောင်လအန်ဆန်ရဲ့လက်သီးချက်မိပြီး ရှုံးနိမ့်ခဲ့ရတာပါ။

အောင်လအန်ဆန်နဲ့ ကရာကီတို့ပွဲစဉ်အပါအဝင် MMA ပွဲစဉ်တွေကိုတော့ ရန်ကုန်က သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

7 Days News Journal

Originally posted 2018-10-27 05:26:13.