တက္ဒီ ဘိုလင္ဂါ (Teddy Bollinger) ဟာ အေမရိကန္ႏိုင္ငံ အရီဇီုးနားျပည္နယ္ တက္စ္ဆန္ၿမိဳ႕က (၆)ႏွစ္သား ေကာင္ေလးပါ။ ၿပီးခဲ့တဲ့ (၂၁.၁၀.၂၀၁၈)ရက္ေန႔ကေတာ့ သူ႔ရဲ႕ (၆)ႏွစ္ျပည့္ ေမြးေန႔ျဖစ္ပါတယ္။

တက္ဒီဟာ သူ႔ရဲ႕မိခင္ ေဆးလ္ မက္ဇီနီ (Sil Mazzini)နဲ႔အတူ Peter Piper ပီဇာဆိုင္မွာ ေမြးေန႔ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ ခဲ့ပါတယ္။ ေမြးေန႔ပြဲအတြက္ တက္ဒီဟာ သူ႔ရဲ႕ အတန္းေဖာ္ (၃၂)ေယာက္ကို ဖိတ္ၾကားၿပီး အသင့္ ေစာင့္ဆိုင္းေနခဲ့ပါတယ္။ အံ့အားသင့္ဖြယ္ ေကာင္းေလာက္ေအာင္ပဲ တက္ဒီရဲ႕ အတန္းေဖာ္ေတြဟာ တစ္ေယာက္မွ ေမြးေန႔ပြဲကို ေရာက္ မလာခဲ့ပါဘူး။ မိခင္ေဆးလ္ဟာ သားျဖစ္သူရဲ႕ သူငယ္ခ်င္းမိဘအခ်ိဳ႕နဲ႔ စကားေျပာၿပီးသားျဖစ္လို႔ တစ္ခ်ိဳ႕သူငယ္ ခ်င္းေတြ ေရာက္မလာႏုိင္တာ သိခဲ့ေပမယ့္ အခုလိုမ်ိဳး တစ္ေယာက္မွ ေရာက္မလာတာ မ်ိဳးေတာ့ျဖစ္မယ္လို႔ မထင္ခဲ့ပါဘူး။

အဲဒီေန႔က ပီဇာဆိုင္ကို ေရာက္ေနတဲ့ တက္စ္ဆန္သတင္းစာရဲ႕ သတင္းေထာက္ နစ္ဗင္ဇန္႔ (Nick VinZant)က ေတာ့ ေၾကြကဲြေနတဲ့ တက္ဒီရဲ႕အျဖစ္ကို မၾကည့္ရက္ပဲ ဓာတ္ပံုခဲ့ပါတယ္။ ဒါ့အျပင္လည္း “တကယ္လို႔ အခြင့္အေရးရခဲ့ရင္ တက္ဒီကို ေမြးေန႔ ဆုမြန္ေကာင္း ေတာင္းေပးၾကပါဦး။ သူ႔အေမဟာ ေမြးေန႔ပြဲအတြက္ ႀကိဳၿပီး ျပင္ဆင္ခဲ့ေပမယ့္ တစ္ေယာက္မွ ေရာက္မလာလို႔ ေကာင္ေလးေၾကကြဲေနပါတယ္” ဆိုၿပီးလည္း ေရးကာ တြစ္တာေပၚ တင္ခဲ့ပါတယ္။ ေမြးေန႔ပြဲမွာ တစ္ေယာက္တည္း အထီးက်န္ေနတဲ့ တက္ဒီရဲ႕ ပံုဟာ ဆုိရွယ္မီဒီယာေပၚမွာ အေတာ္ေလး ပ်ံ႕ႏွံ႔ သြားခဲ့ၿပီး တစ္ကမာၻလံုးက အြန္လိုင္းအသံုးျပဳသူေတြဟာ တက္ဒီအတြက္ ေမြးေန႔ဆုမြန္ေကာင္း ေတာင္းေပးခဲ့ၾကပါတယ္။

အေမရိကန္ရဲ႕ နာမည္ေက်ာ္ NBA ဘတ္စေဘာၿပိဳင္ပြဲမွာ အရီဇုိးနားျပန္နယ္ ကိုယ္စားျပဳၿပီး ၀င္ေရာက္ယွဥ္ၿပိဳင္ ေနတဲ့ Phoenix Sun အသင္းကလည္း အက္ဒီကို အေကာင္းဆံုး ေမြးေန႔လက္ေဆာင္ ေပးခဲ့ပါတယ္။ ဒီတစ္ပတ္ ယွဥ္ၿပိဳင္တဲ့ Phoenix Sun နဲ႔ LA Lakers အသင္းတို႔ရဲ႕ ပြဲစဥ္မွာ တက္ဒီကို အထူးဧည့္သည္ေတာ္ အေနနဲ႔ ဖိတ္ၾကားၿပီး ေရွ႕ဆံုးတန္းမွာ အျခားနာမည္ႀကီး ပုဂၢိဳလ္ေတြနဲ႔ အတူ ဘတ္စကတ္ေဘာပြဲ ၾကည့္ခြင့္ေပးခဲ့တာပါ။

ဒါ့အျပင္ အရီဇုိးနာျပည္နယ္ကိုယ္စားျပဳ ေဘာလံုးအသင္း The Phoenix Rising ကလည္း သူတို႔ရဲ႕ ေဘာလံုးပြဲ ကို လာေရာက္ၾကည့္ရႈဖို႔ တက္ဒီကို ဖိတ္ၾကားထားပါတယ္။ ေမြးေန႔မွာ ေၾကကြဲခဲ့ရတဲ့ တက္ဒီဟာ အခုေတာ့ ေပ်ာ္ရႊင္ေနရပါၿပီ။

 

ဒါေပမယ့္ အဆိုးနဲ႔အေကာင္း ဒြန္တြဲေနတယ္ဆိုတဲ့ စကားအတုိင္း  တက္ဒီရဲ႕ မိခင္ေဆးလ္ အေပၚမွာ ေ၀ဖန္သူ အခ်ိဳ႕လည္း ရွိေနခဲ့ပါတယ္။ ေဖ့ဘုတ္ အသံုးျပဳသူတစ္ဦးကေတာ့ “ကေလးကို ဒီထက္ပိုၿပီး အရွက္မခြဲပါနဲ႔ ေတာ့။ အေတာ့္ကို မွားယြင္းတဲ့ လုပ္ရပ္ေတြပဲ။ ကိုယ့္ကေလး အရွက္ရေနတဲ့ ပံုကို ဆုိရွယ္မီဒီယာေပၚတင္ခုိင္းတယ္။ ဘယ္လိုအေမမ်ိဳးလဲ” ဆိုၿပီး အျပစ္တင္ ေျပာဆိုခဲ့ပါတယ္။

Ref : Unilad , NYPost

Credit: shwemom.com

..

UNicode

တက်ဒီ ဘိုလင်ဂါ (Teddy Bollinger) ဟာ အမေရိကန်နိုင်ငံ အရီဇီုးနားပြည်နယ် တက်စ်ဆန်မြို့က (၆)နှစ်သား ကောင်လေးပါ။ ပြီးခဲ့တဲ့ (၂၁.၁၀.၂၀၁၈)ရက်နေ့ကတော့ သူ့ရဲ့ (၆)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

တက်ဒီဟာ သူ့ရဲ့မိခင် ဆေးလ် မက်ဇီနီ (Sil Mazzini)နဲ့အတူ Peter Piper ပီဇာဆိုင်မှာ မွေးနေ့ပွဲအတွက် ကြိုတင်ပြင်ဆင် ခဲ့ပါတယ်။ မွေးနေ့ပွဲအတွက် တက်ဒီဟာ သူ့ရဲ့ အတန်းဖော် (၃၂)ယောက်ကို ဖိတ်ကြားပြီး အသင့် စောင့်ဆိုင်းနေခဲ့ပါတယ်။ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပဲ တက်ဒီရဲ့ အတန်းဖော်တွေဟာ တစ်ယောက်မှ မွေးနေ့ပွဲကို ရောက် မလာခဲ့ပါဘူး။ မိခင်ဆေးလ်ဟာ သားဖြစ်သူရဲ့ သူငယ်ချင်းမိဘအချို့နဲ့ စကားပြောပြီးသားဖြစ်လို့ တစ်ချို့သူငယ် ချင်းတွေ ရောက်မလာနိုင်တာ သိခဲ့ပေမယ့် အခုလိုမျိုး တစ်ယောက်မှ ရောက်မလာတာ မျိုးတော့ဖြစ်မယ်လို့ မထင်ခဲ့ပါဘူး။

Facebook
အဲဒီနေ့က ပီဇာဆိုင်ကို ရောက်နေတဲ့ တက်စ်ဆန်သတင်းစာရဲ့ သတင်းထောက် နစ်ဗင်ဇန့် (Nick VinZant)က တော့ ကြွေကွဲနေတဲ့ တက်ဒီရဲ့အဖြစ်ကို မကြည့်ရက်ပဲ ဓာတ်ပုံခဲ့ပါတယ်။ ဒါ့အပြင်လည်း “တကယ်လို့ အခွင့်အရေးရခဲ့ရင် တက်ဒီကို မွေးနေ့ ဆုမွန်ကောင်း တောင်းပေးကြပါဦး။ သူ့အမေဟာ မွေးနေ့ပွဲအတွက် ကြိုပြီး ပြင်ဆင်ခဲ့ပေမယ့် တစ်ယောက်မှ ရောက်မလာလို့ ကောင်လေးကြေကွဲနေပါတယ်” ဆိုပြီးလည်း ရေးကာ တွစ်တာပေါ် တင်ခဲ့ပါတယ်။ မွေးနေ့ပွဲမှာ တစ်ယောက်တည်း အထီးကျန်နေတဲ့ တက်ဒီရဲ့ ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေး ပျံ့နှံ့ သွားခဲ့ပြီး တစ်ကမ္ဘာလုံးက အွန်လိုင်းအသုံးပြုသူတွေဟာ တက်ဒီအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။

READ

ပေါင် 550 လောင်းကြေးရဖို့ ပျားအုံကို ဖင်ခုထိုင်ပြခဲ့တဲ့ အမျိုးသား
အမေရိကန်ရဲ့ နာမည်ကျော် NBA ဘတ်စဘောပြိုင်ပွဲမှာ အရီဇိုးနားပြန်နယ် ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင် နေတဲ့ Phoenix Sun အသင်းကလည်း အက်ဒီကို အကောင်းဆုံး မွေးနေ့လက်ဆောင် ပေးခဲ့ပါတယ်။ ဒီတစ်ပတ် ယှဉ်ပြိုင်တဲ့ Phoenix Sun နဲ့ LA Lakers အသင်းတို့ရဲ့ ပွဲစဉ်မှာ တက်ဒီကို အထူးဧည့်သည်တော် အနေနဲ့ ဖိတ်ကြားပြီး ရှေ့ဆုံးတန်းမှာ အခြားနာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ အတူ ဘတ်စကတ်ဘောပွဲ ကြည့်ခွင့်ပေးခဲ့တာပါ။

Twitter

Twitter
ဒါ့အပြင် အရီဇိုးနာပြည်နယ်ကိုယ်စားပြု ဘောလုံးအသင်း The Phoenix Rising ကလည်း သူတို့ရဲ့ ဘောလုံးပွဲ ကို လာရောက်ကြည့်ရှုဖို့ တက်ဒီကို ဖိတ်ကြားထားပါတယ်။ မွေးနေ့မှာ ကြေကွဲခဲ့ရတဲ့ တက်ဒီဟာ အခုတော့ ပျော်ရွှင်နေရပါပြီ။

ဒါပေမယ့် အဆိုးနဲ့အကောင်း ဒွန်တွဲနေတယ်ဆိုတဲ့ စကားအတိုင်း  တက်ဒီရဲ့ မိခင်ဆေးလ် အပေါ်မှာ ဝေဖန်သူ အချို့လည်း ရှိနေခဲ့ပါတယ်။ ဖေ့ဘုတ် အသုံးပြုသူတစ်ဦးကတော့ “ကလေးကို ဒီထက်ပိုပြီး အရှက်မခွဲပါနဲ့ တော့။ အတော့်ကို မှားယွင်းတဲ့ လုပ်ရပ်တွေပဲ။ ကိုယ့်ကလေး အရှက်ရနေတဲ့ ပုံကို ဆိုရှယ်မီဒီယာပေါ်တင်ခိုင်းတယ်။ ဘယ်လိုအမေမျိုးလဲ” ဆိုပြီး အပြစ်တင် ပြောဆိုခဲ့ပါတယ်။

Ref : Unilad , NYPost

Credit: shwemom.com