ေရွးေဟာင္းပစၥည္းတစ္ခုခုကို ဝယ္လာခဲ့တဲ့အခါ ေတြးမိမွာက အဲဒီ့ပစၥည္းမွာ အရင္ပိုင္ရွင္အေဟာင္းနဲ႔ ဘယ္လို သမုိင္းေတြ ရိွခဲ့မလဲဆိုတာပါ။ ဒါေပမယ့္ ေအာက္ေစ်းနဲ႔ ေပးဝယ္လာရတဲ့ ႐ိုး႐ိုးပစၥည္းအေဟာင္းတစ္ခုဆီကေနေတာ့ ဘယ္သူကမွ ေထြေထြထူးထူး ဘာမွ ေမွ်ာ္လင့္မိမွာ မဟုတ္ပါဘူး။ ရံပံုေငြထူေထာင္ေရး အေဟာင္းဆိုင္ေလး တစ္ဆိုင္ဆီကေန ဘုတ္ဂိမ္းေဟာင္း တစ္ခုကို ဝယ္လာခဲ့တဲ့ လူငယ္စံုတြဲတစ္တြဲကေတာ့ ထီေပါက္သလို မေမွ်ာ္လင့္ထားတာေတြ ႀကံဳခဲ့ၾကရပါတယ္။

The Sun

Chris Lightfoot နဲ႔ Mandy Flack ဆိုတဲ့ စံုတြဲေလးတစ္တြဲဟာဆိုရင္ ၁.၅ ေပါင္ (ျမန္္မာက်ပ္ေငြ ၃,၀၀၀) သာ ရင္းၿပီး ေငြထုပ္ႀကီးတစ္ထုပ္ ရသလို ျဖစ္ခဲ့ပါတယ္။ ၾသစေတးလ်ႏုိင္ငံ၊ ဆစ္ဒနီကေန ကေနဒါႏုိင္ငံ တုိရြန္တိုသို႔ ေျပာင္းေရႊ႕လာၾကတဲ့ Chris နဲ႔ Mandy တို႔ဟာ ပိတ္ရက္မွာ မိသားစုေတြနဲ႔ အပန္းေျပ ကစားဖို႔ Mind Trap လို႔ ေခၚတဲ့ ဘုတ္ဂိမ္းတစ္ဆက္ကို အေဟာင္းဆိုင္ကေန သြားဝယ္ခဲ့တာပါ။

The Sun

“မိဘေတြလည္း အိမ္မွာရိွေနေတာ့ ကၽြန္ေတာ္တို႔ အျပင္ထြက္ ေလွ်ာက္လည္လို႔ မရဘူးေလ။ အဲ့ဒါနဲ႔ အေဟာင္းဆိုင္တစ္ဆိုင္ကို သြားၿပီး second-hand ဘုတ္ဂိမ္းတစ္ဆက္ကို ဝယ္ခဲ့တာ။ ဂိမ္းေတြ ကစားတဲ့အခါမွာ အေမက ေမးခြန္းေတြ ေမးၿပီး ကတ္ေတြကို ျပန္ထည့္ဖို႔ လုပ္ေတာ့ မဆံ့ဘူး ျဖစ္ေနခဲ့တယ္။ လွ်ိဳ႕ဝွက္အကန္႔ေလး တစ္ကန္႔ ေတြ႔ခဲ့ရၿပီး အဲဒီ့ထက္မွာေတာ့… စိန္လက္စြပ္ ၆ ကြင္းေတာင္ ရိွေနခဲ့တယ္။ အေမက တစ္ခါ ႏိႈက္ထုတ္ၾကည့္လိုက္တယ္၊ တစ္ကြင္းပါလာတယ္၊ ထပ္ထပ္ ႏိႈက္တယ္၊ ထပ္ထပ္ ပါလာတယ္၊ ကၽြန္ေတာ္တို႔ အကုန္လံုးလည္း တကယ္ေရာ ဟုတ္ရဲ႕လားလို႔ေတာင္ အံ့ၾသၿပီး ၾကည့္ေနမိခဲ့ၾကတယ္” လို႔ Chris က Yahoo7 သတင္းဌာနကို ေျပာခဲ့ပါတယ္။

READ
ဇနီးနဲ႔ကေလးအေပၚကို ၾကင္နာစိတ္အျပည့္ရွိတဲ့ဖခင္ရဲ႕အျပဳအမူကို ခ်ီးမြမ္းခဲ့ၾက
The Sun

လူငယ္စံုတြဲေလးကေတာ့ လက္စြပ္ေတြရဲ႕ ပိုင္ရွင္အမွန္ကို လုိက္ရွာဖို႔ ႀကိဳးစားခဲ့ၾကေသးေပမယ့္ မရွာႏုိင္ခဲ့ၾကပါဘူး။ စိန္လက္စြပ္ေတြရဲ႕ စုစုေပါင္း တန္ဖိုးကေတာ့ ေပါင္ ၁၄,၀၀၀ (ျမန္မာက်ပ္ေငြတန္ဖိုး သိန္း ၃၀၀ နီးပါး) ရိွပါတယ္။ ၁.၅ ေပါင္ ရင္းၿပီး ေပါင္ ၁၄,၀၀၀ ျပန္ရခဲ့တဲ့ စံုတြဲရဲ႕ အျဖစ္ကေတာ့ မထင္မွတ္ထားတဲ့ ရင္းႏွီးျမွပ္ႏွံမႈတစ္ခုလိုပါပဲ။ Chris ကေတာ့ လက္စြပ္က စိန္ေတြကို ခြာၿပီး သြားမွာ တပ္ဖို႔ စဥ္းစားလိုက္ေသးေပမယ့္ ေနာက္အေရးႀကံဳလို႔ လိုအပ္လာရင္ ထုခြဲေရာင္းခ်ဖို႔သာ သိမ္းထားလိုက္ေတာ့တယ္လို႔ သိရပါတယ္။

The Sun

Ref: The Sun, Yahoo7

Credit: shwemom.com

 

unicode

ရှေးဟောင်းပစ္စည်းတစ်ခုခုကို ဝယ်လာခဲ့တဲ့အခါ တွေးမိမှာက အဲဒီ့ပစ္စည်းမှာ အရင်ပိုင်ရှင်အဟောင်းနဲ့ ဘယ်လို သမိုင်းတွေ ရှိခဲ့မလဲဆိုတာပါ။ ဒါပေမယ့် အောက်စျေးနဲ့ ပေးဝယ်လာရတဲ့ ရိုးရိုးပစ္စည်းအဟောင်းတစ်ခုဆီကနေတော့ ဘယ်သူကမှ ထွေထွေထူးထူး ဘာမှ မျှော်လင့်မိမှာ မဟုတ်ပါဘူး။ ရံပုံငွေထူထောင်ရေး အဟောင်းဆိုင်လေး တစ်ဆိုင်ဆီကနေ ဘုတ်ဂိမ်းဟောင်း တစ်ခုကို ဝယ်လာခဲ့တဲ့ လူငယ်စုံတွဲတစ်တွဲကတော့ ထီပေါက်သလို မမျှော်လင့်ထားတာတွေ ကြုံခဲ့ကြရပါတယ်။

Chris Lightfoot နဲ့ Mandy Flack ဆိုတဲ့ စုံတွဲလေးတစ်တွဲဟာဆိုရင် ၁.၅ ပေါင် (မြန််မာကျပ်ငွေ ၃,၀၀၀) သာ ရင်းပြီး ငွေထုပ်ကြီးတစ်ထုပ် ရသလို ဖြစ်ခဲ့ပါတယ်။ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီကနေ ကနေဒါနိုင်ငံ တိုရွန်တိုသို့ ပြောင်းရွှေ့လာကြတဲ့ Chris နဲ့ Mandy တို့ဟာ ပိတ်ရက်မှာ မိသားစုတွေနဲ့ အပန်းပြေ ကစားဖို့ Mind Trap လို့ ခေါ်တဲ့ ဘုတ်ဂိမ်းတစ်ဆက်ကို အဟောင်းဆိုင်ကနေ သွားဝယ်ခဲ့တာပါ။

 

“မိဘတွေလည်း အိမ်မှာရှိနေတော့ ကျွန်တော်တို့ အပြင်ထွက် လျှောက်လည်လို့ မရဘူးလေ။ အဲ့ဒါနဲ့ အဟောင်းဆိုင်တစ်ဆိုင်ကို သွားပြီး second-hand ဘုတ်ဂိမ်းတစ်ဆက်ကို ဝယ်ခဲ့တာ။ ဂိမ်းတွေ ကစားတဲ့အခါမှာ အမေက မေးခွန်းတွေ မေးပြီး ကတ်တွေကို ပြန်ထည့်ဖို့ လုပ်တော့ မဆံ့ဘူး ဖြစ်နေခဲ့တယ်။ လျှို့ဝှက်အကန့်လေး တစ်ကန့် တွေ့ခဲ့ရပြီး အဲဒီ့ထက်မှာတော့… စိန်လက်စွပ် ၆ ကွင်းတောင် ရှိနေခဲ့တယ်။ အမေက တစ်ခါ နှိုက်ထုတ်ကြည့်လိုက်တယ်၊ တစ်ကွင်းပါလာတယ်၊ ထပ်ထပ် နှိုက်တယ်၊ ထပ်ထပ် ပါလာတယ်၊ ကျွန်တော်တို့ အကုန်လုံးလည်း တကယ်ရော ဟုတ်ရဲ့လားလို့တောင် အံ့သြပြီး ကြည့်နေမိခဲ့ကြတယ်” လို့ Chris က Yahoo7 သတင်းဌာနကို ပြောခဲ့ပါတယ်။

လူငယ်စုံတွဲလေးကတော့ လက်စွပ်တွေရဲ့ ပိုင်ရှင်အမှန်ကို လိုက်ရှာဖို့ ကြိုးစားခဲ့ကြသေးပေမယ့် မရှာနိုင်ခဲ့ကြပါဘူး။ စိန်လက်စွပ်တွေရဲ့ စုစုပေါင်း တန်ဖိုးကတော့ ပေါင် ၁၄,၀၀၀ (မြန်မာကျပ်ငွေတန်ဖိုး သိန်း ၃၀၀ နီးပါး) ရှိပါတယ်။ ၁.၅ ပေါင် ရင်းပြီး ပေါင် ၁၄,၀၀၀ ပြန်ရခဲ့တဲ့ စုံတွဲရဲ့ အဖြစ်ကတော့ မထင်မှတ်ထားတဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခုလိုပါပဲ။ Chris ကတော့ လက်စွပ်က စိန်တွေကို ခွာပြီး သွားမှာ တပ်ဖို့ စဉ်းစားလိုက်သေးပေမယ့် နောက်အရေးကြံုလို့ လိုအပ်လာရင် ထုခွဲရောင်းချဖို့သာ သိမ်းထားလိုက်တော့တယ်လို့ သိရပါတယ်။

The Sun
Ref: The Sun, Yahoo7

Credit: shwemom.com

å

 

Originally posted 2018-10-26 14:22:52.