တိတ်ဆိတ်စွာနဲ့ ပြီးဆုံးသွားတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ ဈာပန
ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ ဈာပန ပုံရိပ်များ
တိတ်ဆိတ်စွာနဲ့ ပြီးဆုံးသွားတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ စျာပန
သရုပ်ဆောင်ဒေါ်စံပယ်ဟာ ကျန်းမာရေးချို့တဲ့လျက်ရှိနေခဲ့တာကြာပြီဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းမှ အနုပညာရှင်များကလည်း မကြာခဏဆိုသလို ထောက်ပံ့မှုတွေပေးလျက်ရှိတာ တွေ့ရပါတယ်။ ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်ဟာ နှလုံးနဲ့ ကျောက်ကပ်ရောဂါတို့ကြောင့် မြောက်ဥက္ကလာပ ဆေးရုံမှာ ဆေးကုသမှုခံယူရင်း အောက်တိုဘာလ ၂၄ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ပေမယ့် ကျရာဇာတ်ရုပ်တွေမှာ အပို၊ အလိုမရှိ သရုပ်ဆောင်နိုင်ခဲ့တဲ့အပြင် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းမြောက်မြားစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ပို့ တစ်ဦးဖြစ်ပါတယ်။ ဇာတ်ပို့ သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ စျာပနကိုတော့ ယနေ့ 26 ရက်နေ့မှာ ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။
ဒေါ်စံပယ်ရဲ့ နောက်ဆုံးခရီးဖြစ်တဲ့ စျာပနကိုတော့ ဒေါ်စံပယ်ရဲ့ မိသားစုဝင်များနဲ့ အနုပညာအသိုင်းအဝိုင်းမှ ကိုလူချောအဖွဲ့ဝင်များနဲ့အတူ မမများအဖွဲ့မှ အဖွဲ့ဝင်များသာ လာရောက်ပို့ဆောင်နှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ ဒေါ်စံပယ်ရဲ့ နောက်ဆုံးခရီးဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ သရုပ်ဆောင် ဒေါ်စံပယ် ဆုံးပါးသွားတာဟာ အနုပညာလောကရဲ့ တန်ဖိုးရှိတဲ့ အရာတွေထဲကဆုံးရှုံးမှုတစ်ခုပဲဖြစ်ပါတယ်။ ကောင်းရာဘုံဘဝကို ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။We Love Cele
ဇာတ်ပို့သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ စျာပန ပုံရိပ်များ
Photos-The Irrawaddy Lifestyle
Originally posted 2018-10-26 13:16:45.