“ၿပီးခဲ့ေသာ ဇာတ္လမ္းအက်ဥ္း ” ဆိုတဲ့ စိုင္းစိုင္းရဲ႕ Showပြဲေလးကို ေအာက္တိုဘာလ(၁၄)ရက္ေန႔၊တနဂၤေႏြေန႔ ည (7)ခြဲအခ်ိန္၊ အမ်ိဳးသားျပဇာတ္႐ုံမွာ က်င္းပခဲ့ၿပီး လက္မွတ္အေရအတြက္၊ ပရိသတ္လူဦးေရ (၁၅၀၀) ခန႔္သာ သတ္မွတ္ထားခဲ့တာမို႔ လက္မွတ္မရတဲ့ ပရိသတ္ေတြကေတာ့ ၾကည္ရွဴ႕ခြင့္မရခဲ့ပါဘူး။ လက္မွတ္စေရာင္းတဲ့ (၁)ရက္အတြင္း မွာ အကုန္Sold outျဖစ္ခဲ့ရသလို တခ်ိဳ႕ပရိသတ္မ်ားက မနက္ ၆ နာရီထၿပီး ခက္ခက္ခဲခဲတန္းစီ လက္မွတ္ဝယ္ယူခဲ့ၾက အားေပးခဲ့ၾကတာျဖစ္ပါတယ္။

.

ဆရာ ဓီရာမိုရ္ ဂီတကဗ်ာအဖြဲ႕နဲ႔ အတူ “ၿပီးခဲ့ေသာ ဇာတ္လမ္းအက်ဥ္း ” ဆိုတဲ့ စိုင္းစိုင္ ရဲ႕ ပြဲေလးမွာ စိုင္းစိုင္းရဲ႕သူငယ္ခ်င္းေတြ ျဖစ္ၾကတဲ့ မမို႔မို႔ ၊ ဂြၽန္ ၊ ႀကိဳးၾကာ ၊ မသီရိေဂ် ၊ သီရိေဆြ ၊ ငယ္ငယ္ ၊ ေကာင္းျမတ္ ၊ ၿဖိဳးႀကီး ၊ နႏၵစိုင္း ၊ မိုးမိုး ၊ ကိုသအို ၊ ဘန္နီ ၊ ၿဖိဳးေလး ၊ ေနဝင္း ၊ G Fatt ၊ ကိုမ်ိဳးေက်ာ့ၿမိဳင္ ၊ ေမာင္ေမာင္ျပည့္စုံ တို႔ နဲ႔ အတူ ႏွင့္ တို႔ပါ ပါဝင္အားျဖည့္ သီဆိုထားေပးၾကပါတယ္။ လက္မွတ္ ႀကိဳရၿပီး အထူးလာၾကည့္ခြင့္ရခဲ့တဲ့ ပရိသတ္ေတြ အတြက္ကိုေတာ့ စိုင္းစိုင္းက အထူးေမတၱာလက္ေဆာင္ အေနနဲ႔ စိုင္းစိုင္းပုံနဲ႔ ျပဳလုပ္ထားတဲ့ ဖက္ေခါင္းအုံးေလးေတြ တစ္ေယာက္ခ်င္းစီ အတြက္ ခုံေလးေတြ မွာ လက္ေဆာင္ျပန္ေပးခဲ့ပါေသးတယ္။

.

ဒီပြဲေလးဟာ အရမ္းကို ၾကည့္ရက်ိဳးနပ္ခဲ့သလို သြားၾကည့္တဲ့ ပရိသတ္ေတြပါ တကယ့္ကို အမွတ္တရေကာင္းေလးကို ပိုင္ဆိုင္ႏိုင္ခဲ့တဲ့ ပြဲတစ္ပြဲျဖစ္ၿပီး ထူးထူးျခားျခား အေနနဲ႔ အေဝးသင္ Philosophy ေမဂ်ာ ဘာသာရပ္ရဲ႕ ဒုတိယႏွစ္ အဂၤလိပ္စာ ေမးခြန္းမွာ စိုင္းစိုင္းရဲ႕ SHOW ပြဲေလးအေၾကာင္းကို ေမးခြန္းတစ္ခုအေနနဲ႔ မထင္မွတ္ပဲ ပါလာခဲ့တာျဖစ္ပါတယ္။ ” You are going to watch Sai sai’s Show at Sedona Hotel. Write a note to your friend asking him/her to accompany you to go to show and then write a reply to it.” ဆိုတဲ့ စိုင္းစိုင္း ရႈိးကို သြားဖို႔ သူငယ္ခ်င္းကို ဖိတ္ေခၚခိုင္းတဲ့ စာတစ္ေစာင္အေၾကာင္း ကို Philosophy ေမဂ်ာ ဘာသာရပ္ရဲ႕ ဒုတိယႏွစ္ အဂၤလိပ္စာ ေမးခြန္းမွာ letter အေနနဲ႔ ေရးသား ေျဖဆိုဖို႔ ပါဝင္ခဲ့တာ ျဖစ္ၿပီး မထင္မွတ္ပဲ ေမးခြန္အျဖစ္ ပါဝင္လာခဲ့တဲ့ သူ႔ရဲ႕ show ေၾကာင့္ စိုင္းစိုင္းက “ေျဖႏိုင္ၾကရဲ႕လား” လို႔ စိုင္းစိုင္း ပရိသတ္ေလးေတြကို ျပန္လည္ ေမးခြန္းထုတ္ကာ ေျဖသိမ့္ထားပါတယ္ေနာ္…။

.

source: Sai sai Kham Leng & facebook photo

Unicode Version

“ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း ” ဆိုတဲ့ စိုင်းစိုင်းရဲ့ Showပွဲလေးကို အောက်တိုဘာလ(၁၄)ရက်နေ့၊တနင်္ဂနွေနေ့ ည (7)ခွဲအချိန်၊ အမျိုးသားပြဇာတ်ရုံမှာ ကျင်းပခဲ့ပြီး လက်မှတ်အရေအတွက်၊ ပရိသတ်လူဦးရေ (၁၅၀၀) ခန့်သာ သတ်မှတ်ထားခဲ့တာမို့ လက်မှတ်မရတဲ့ ပရိသတ်တွေကတော့ ကြည်ရှူ့ခွင့်မရခဲ့ပါဘူး။ လက်မှတ်စရောင်းတဲ့ (၁)ရက်အတွင်း မှာ အကုန်Sold outဖြစ်ခဲ့ရသလို တချို့ပရိသတ်များက မနက် ၆ နာရီထပြီး ခက်ခက်ခဲခဲတန်းစီ လက်မှတ်ဝယ်ယူခဲ့ကြ အားပေးခဲ့ကြတာဖြစ်ပါတယ်။

ဆရာ ဓီရာမိုရ် ဂီတကဗျာအဖွဲ့နဲ့ အတူ “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း ” ဆိုတဲ့ စိုင်းစိုင် ရဲ့ ပွဲလေးမှာ စိုင်းစိုင်းရဲ့သူငယ်ချင်းတွေ ဖြစ်ကြတဲ့ မမို့မို့ ၊ ဂျွန် ၊ ကြိုးကြာ ၊ မသီရိဂျေ ၊ သီရိဆွေ ၊ ငယ်ငယ် ၊ ကောင်းမြတ် ၊ ဖြိုးကြီး ၊ နန္ဒစိုင်း ၊ မိုးမိုး ၊ ကိုသအို ၊ ဘန်နီ ၊ ဖြိုးလေး ၊ နေဝင်း ၊ G Fatt ၊ ကိုမျိုးကျော့မြိုင် ၊ မောင်မောင်ပြည့်စုံ တို့ နဲ့ အတူ နှင့် တို့ပါ ပါဝင်အားဖြည့် သီဆိုထားပေးကြပါတယ်။ လက်မှတ် ကြိုရပြီး အထူးလာကြည့်ခွင့်ရခဲ့တဲ့ ပရိသတ်တွေ အတွက်ကိုတော့ စိုင်းစိုင်းက အထူးမေတ္တာလက်ဆောင် အနေနဲ့ စိုင်းစိုင်းပုံနဲ့ ပြုလုပ်ထားတဲ့ ဖက်ခေါင်းအုံးလေးတွေ တစ်ယောက်ချင်းစီ အတွက် ခုံလေးတွေ မှာ လက်ဆောင်ပြန်ပေးခဲ့ပါသေးတယ်။

ဒီပွဲလေးဟာ အရမ်းကို ကြည့်ရကျိုးနပ်ခဲ့သလို သွားကြည့်တဲ့ ပရိသတ်တွေပါ တကယ့်ကို အမှတ်တရကောင်းလေးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပြီး ထူးထူးခြားခြား အနေနဲ့ အဝေးသင် Philosophy မေဂျာ ဘာသာရပ်ရဲ့ ဒုတိယနှစ် အင်္ဂလိပ်စာ မေးခွန်းမှာ စိုင်းစိုင်းရဲ့ SHOW ပွဲလေးအကြောင်းကို မေးခွန်းတစ်ခုအနေနဲ့ မထင်မှတ်ပဲ ပါလာခဲ့တာဖြစ်ပါတယ်။ ” You are going to watch Sai sai’s Show at Sedona Hotel. Write a note to your friend asking him/her to accompany you to go to show and then write a reply to it.” ဆိုတဲ့ စိုင်းစိုင်း ရှိုးကို သွားဖို့ သူငယ်ချင်းကို ဖိတ်ခေါ်ခိုင်းတဲ့ စာတစ်စောင်အကြောင်း ကို Philosophy မေဂျာ ဘာသာရပ်ရဲ့ ဒုတိယနှစ် အင်္ဂလိပ်စာ မေးခွန်းမှာ letter အနေနဲ့ ရေးသား ဖြေဆိုဖို့ ပါဝင်ခဲ့တာ ဖြစ်ပြီး မထင်မှတ်ပဲ မေးခွန်အဖြစ် ပါဝင်လာခဲ့တဲ့ သူ့ရဲ့ show ကြောင့် စိုင်းစိုင်းက “ဖြေနိုင်ကြရဲ့လား” လို့ စိုင်းစိုင်း ပရိသတ်လေးတွေကို ပြန်လည် မေးခွန်းထုတ်ကာ ဖြေသိမ့်ထားပါတယ်နော်…။

source: Sai sai Kham Leng & facebook photo

Originally posted 2018-10-26 12:45:48.