ခ်မ္းသာၾကြယ္၀တဲ့ အဂၤလန္စီးပြားရွင္သူေဌးတစ္ေယာက္ဟာ အင္တာနက္က ေတြ႕ခဲ့တဲ့ယူကရိန္းအမ်ဳိးသမီးကုိ လက္ထပ္ခဲ့ျပီး ယူကရိန္းႏုိင္ငံကုိ အသြားမွာ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရပါတယ္။ေသမွုေသခင္းစုံစမ္းေရးအရာရွိကေတာ့ အသက္ ၄၇ ႏွစ္ရွိ မစၥတာ ဘယ္ရီပရင္းဟာ ၂၀၀၈ ခုႏွစ္ ေဖေဖာ္၀ါရီလတြင္ ယူကရိန္းႏုိင္ငံ ၊ကိယဗ္ျမဳိ႕ စားေသာက္ဆုိင္တစ္ဆုိင္မွာသူ႕ရဲ႕ ဇနီး ဂန္နာဇီဇီနာႏွင့္ အငွားယာဥ္ငွားေနတုန္း ေလာ္ရီကားနဲ႕ အတုိက္ခံခဲ့ရတာ ျဖစ္တယ္လုိ႕ဆုိခဲ့ပါတယ္။

 

ေသဆုံးသူ ပရင္း ဟာ သူ႕ထက္အသက္ ၂၀ ခန္႕ငယ္ရြယ္သူ အေဖာ္အခၽြတ္မယ္ေဟာင္း ဇီဇီနာ ကုိ ၂၀၀၇ ခုႏွစ္မွာ လက္ထပ္ခဲ့ျပီး ေသဆုံးသူ ပရင္းရဲ႕မိသားစု၀င္ေတြကေတာ့ ဇီဇီနာ ဟာ ပရင္းကုိ တကယ္မခ်စ္ဘဲ ေငြေၾကးေၾကာင့္ လက္ထပ္ခဲ့တာျဖစ္တယ္လို႕ ဆုိခဲ့ပါတယ္။

ေသဆုံးသူ ပရင္းရဲ႕ မိသားစုေတြကေတာ့ ေခၽြးမျဖစ္သူ ဇီဇီနာကုိ တရားဆြဲဆုိခဲ့ျပီး ဇီဇီနာဟာ တရားခြင္ကုိ လည္းမလာေရာက္ခဲ့ဘူးလုိ႕ ဆုိပါတယ္။ေသဆုံးသူ ပရင္း ဟာအၾကံေပးလုပ္ငန္းတစ္ခုကုိ လန္ဒန္မွာ တည္ေထာင္ခဲ့ျပီး ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ပါတယ္။

သူတုိ႕ႏွစ္ေယာက္ဟာ အြန္လုိင္းဒိတ္ ၀က္ဆုိဒ္တစ္ခုျဖစ္တဲ့ Elenamodels မွာေတြ႕ဆုံခဲ့တာျဖစ္ျပီး ဇီဇီနာေနာက္ဆုံးတစ္ေခါက္လန္ဒန္ကုိ လာေရာက္ခဲ့စဥ္က ပရင္းရဲ႕ Range rover ကားနဲ႕ တုိက္ခန္းေတြကုိေရာင္းခ်ခဲ့ျပီး ပရင္းဘဏ္စုေငြ အားလုံးကို လည္းထုတ္ယူသြားခဲ့တယ္လုိ႕ဆုိပါတယ္။ဒီျပစ္မွုကုိ လက္ရွိမွာ အဂၤလန္ႏုိင္ငံတြင္ စစ္ေဆးဆဲျဖစ္ျပီး ဇီဇီနာဟာ ယူကရိန္းကေန လာေရာက္ျခင္းမရွိေသးဘူးလုိ႕ ဆုိပါတယ္။

Credit: Lumos (Shwemom)

Ref : Mirror

..

Unicode

ချမ်းသာကြွယ်ဝတဲ့ အင်္ဂလန်စီးပွားရှင်သူဌေးတစ်ယောက်ဟာ အင်တာနက်က တွေ့ခဲ့တဲ့ယူကရိန်းအမျိုးသမီးကို လက်ထပ်ခဲ့ပြီး ယူကရိန်းနိုင်ငံကို အသွားမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။သေမှုသေခင်းစုံစမ်းရေးအရာရှိကတော့ အသက် ၄၇ နှစ်ရှိ မစ္စတာ ဘယ်ရီပရင်းဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံ ၊ကိယဗ်မြို့ စားသောက်ဆိုင်တစ်ဆိုင်မှာသူ့ရဲ့ ဇနီး ဂန်နာဇီဇီနာနှင့် အငှားယာဉ်ငှားနေတုန်း လော်ရီကားနဲ့ အတိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

သေဆုံးသူ ပရင်း ဟာ သူ့ထက်အသက် ၂၀ ခန့်ငယ်ရွယ်သူ အဖော်အချွတ်မယ်ဟောင်း ဇီဇီနာ ကို ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သေဆုံးသူ ပရင်းရဲ့မိသားစုဝင်တွေကတော့ ဇီဇီနာ ဟာ ပရင်းကို တကယ်မချစ်ဘဲ ငွေကြေးကြောင့် လက်ထပ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

သေဆုံးသူ ပရင်းရဲ့ မိသားစုတွေကတော့ ချွေးမဖြစ်သူ ဇီဇီနာကို တရားဆွဲဆိုခဲ့ပြီး ဇီဇီနာဟာ တရားခွင်ကို လည်းမလာရောက်ခဲ့ဘူးလို့ ဆိုပါတယ်။သေဆုံးသူ ပရင်း ဟာအကြံပေးလုပ်ငန်းတစ်ခုကို လန်ဒန်မှာ တည်ထောင်ခဲ့ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ အွန်လိုင်းဒိတ် ၀က်ဆိုဒ်တစ်ခုဖြစ်တဲ့ Elenamodels မှာတွေ့ဆုံခဲ့တာဖြစ်ပြီး ဇီဇီနာနောက်ဆုံးတစ်ခေါက်လန်ဒန်ကို လာရောက်ခဲ့စဉ်က ပရင်းရဲ့ Range rover ကားနဲ့ တိုက်ခန်းတွေကိုရောင်းချခဲ့ပြီး ပရင်းဘဏ်စုငွေ အားလုံးကို လည်းထုတ်ယူသွားခဲ့တယ်လို့ဆိုပါတယ်။ဒီပြစ်မှုကို လက်ရှိမှာ အင်္ဂလန်နိုင်ငံတွင် စစ်ဆေးဆဲဖြစ်ပြီး ဇီဇီနာဟာ ယူကရိန်းကနေ လာရောက်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

Credit: Lumos (Shwemom)

Ref : Mirror

Originally posted 2018-10-26 12:44:00.