
.

.

 

ချီတတ်လာပါပီ မြန်မာ့စပါးအုံးမြွေ အောင်လ အားပေးကျပါအုံ


Credit: BBC








ပြိုင်ပွဲမှတ်တမ်း

——————-



Credit: tameelay.com
..
Unicode
အောင်လအန်ဆန်ကို မြန်မာနိုင်ငံ၊ မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အမေရိကန်ကို မပြောင်းရွှေ့ခင် ရန်ကုန်မှာ ပညာသင်ကြားနေစဉ်အတွင်း အားကစားမှာလည်းထူးချွန်သူတစ်ဦးဖြစ်ခဲ့ပါတယ်။

၂၀၀၄ မှာ မီချီဂန်မြို့ရှိ အန်ဒရူးတက္ကသိုလ်မှာ စိုက်ပျိုးရေးသိပ္ပံဘာသာရပ်ကို တက်ရောက်သင်ယူနေစဉ်အတွင်း ဘရာဇီး ဂျူ-ဂျစ်ဆုနဲ့ အခြားကိုယ်ခံပညာလေ့ကျင့်မှုတွေလုပ်ခဲ့ပြီးနောက် ဒီလေ့ကျင့်မှုတွေကို နှစ်သက်လာခဲ့ပါတယ်။

ကိုယ်ခံပညာနဲ့ ပရော်ဖက်ရှင်နယ်အဖြစ်အသက်မွေးဖို့ မဆုံးဖြတ်ခင်မှာ အောင်လအန်ဆန်ဟာ ဘွဲ့ရပြီးတဲ့နောက် ရွှေ့ပြောင်းပျားမွေးမြူတဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ ၂၀၀၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်အဖြစ်စတင်ခဲ့ပြီး နာမည်ကျော်ချုပ်ကွက်ကြောင့် မြန်မာ့စပါးအုံးမြွေ လို့ တဟုန်ထိုးကျော်ကြား လာခဲ့ပါတယ်။

အနိုင်ရခဲ့တဲ့(၂၁)ပွဲအနက် ပြိုင်ဘက်အရှုံးပေးနဲ့အနိုင်ရခဲ့တဲ့ပွဲ (၁၂)ပွဲရှိခဲ့ပြီး ဒိုင်ပွဲရပ်အလဲထိုးနိုင်ခဲ့တဲ့ပွဲ (၇)ပွဲအထိရှိခဲ့ကာ သူ့ရဲ့ကြံ့ခိုင်သန်မာမှုကို ပြသနိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ ဝမ်းချန်ပီယံရှစ်နဲ့ ၂၀၁၄မှာလက်မှတ်ရေးထိုးခဲ့ပြီး (၂)နှစ်အတွင်းမှာ မြန်မာနိုင်ငံမှာယှဉ်ပြိုင်ဖို့ ပြန်လာခဲ့ပြီးတဲ့နောက် နိုင်ငံဂုဏ်ဆောင်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

အောင်လအန်ဆန်အတွက် သမိုင်းဝင်နိုင်ပွဲကတော့ ၂၀၁၇ ခုနှစ်၊ ဇွန်(၃၀ရက်မှာပြိုင်ဘက်ဗိုက်တလီဘစ်ဒက်ရှ်ကိုအနိုင်ယူပြီးဝမ်းမစ်ဒယ်ဝိတ်
တန်းကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ပြိုင်ပွဲမှတ်တမ်း

——————-

– လက်ရှိဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ။

– ဘရာဇီးဂျူ-ဂျစ်ဆု Purple Belt

– One Championshipမှာ (၈)ကြိမ်မြောက်ပါဝင်ခြင်းဖြစ်။
Credit: tameelay.com

Originally posted 2018-10-26 12:32:44.