ခႏၶာကိုယ္က်န္းမာၾက့့ံခိုင္ေရးေလ့က်င့္သူblogger တေယာက္ဟာသူမရဲ့၉လရွိျပီျဖစ္တဲ့၀မ္းဗိုက္ကို္ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ရက္သတၱပတ္အနည္းငယ္အတြင္း ကေလးမီးဖြားေတာ့မွာျဖစ္ေပမယ့္ ျပားခ်ပ္ေနတဲ့သူမရဲ့ဗိုက္ေၾကာင့္ လူေတြကအ့ံအားသင့္ေနၾကတဲ့အေၾကာင္းကို အဂၤလန္အေျခစိုက္ The Sun သတင္းစာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။

 

LA မွာေနထိုင္တဲ့ အသက္၃၃ႏွစ္အရြယ္အဆိုပါအမ်ိဳးသမီးက Instagram မွာသူမရဲ့ ကိုယ္ၾကပ္ေဘာင္းဘီ၊ အားကစားဘရာတုိ႔နဲ႔ ကာယေလ့က်င့္ခန္းလုပ္ေနပံုေတြကို မ်ွေ၀ခဲ့ျပီး ရွိမွန္းေတာင္မသိသာတဲ့ကိုယ္၀န္ကို ထုတ္ျပလိုက္တာပါ။ သူမဟာ ကေလးတစ္ေယာက္အေမျဖစ္ျပီး ေနာက္တေယာက္ထပ္ေမြးေတာ့မယ့္အေျခအေနမွာ အေလးမတံုးေတြနဲ႔အတူ ကာယေလ့က်င့္ခန္းေတြကိုဆက္လုပ္ေနတာျဖစ္ပါတယ္။

 

 

သူမအဆိုအရ အရင္တုန္းကေလာက္ ေလ့က်င့္ခန္းေတြကိုျပင္းျပင္းထန္ထန္မလုပ္ေတာ့ေပမယ့္ အခုကိုယ္၀န္ေဆာင္တဲ့အခ်ိန္မွာေတာ့ ေလ့က်င့္ခန္းလုပ္ေနတဲ့အတြက္ေၾကာင့္ အရင္တေခါက္ကိုယ္၀န္ေဆာင္စဥ္ကထက္ပိုအင္အားရွိလာတာကို သတိျပဳမိတယ္လို႔ဆိုပါတယ္။ သူမကအခုသူမေနထိုင္ေနတဲ့ပံုစံကဘယ္သူ႔ကိုမွလြွမ္းမိုးဖို႔အတြက္မဟုတ္ပဲနဲ႔ သူမကိုေလ့က်င့္ခန္းေတြကေနထိုင္လို႔ပိုေကာင္းေစတာေၾကာင့္ တျခားသူေတြကိုလည္းမ်ွေ၀တာျဖစ္တယ္လို႔ဆိုပါတယ္။ဒါေပမယ့္လည္းလူေတြက သူမရဲ့က်စ္လစ္တဲ့ခႏၶာကိုယ္ေၾကာင့္ကိုယ္၀န္၉လရွိေနတယ္ဆိုတာကိုမယံုၾကည္ႏိုင္ၾကပါဘူး။

 

Credit: လင္းလင္း(Shwemom)

..

Unicode

ခန္ဓာကိုယ်ကျန်းမာကြ့့ံခိုင်ရေးလေ့ကျင့်သူblogger တယောက်ဟာသူမရဲ့၉လရှိပြီဖြစ်တဲ့ဝမ်းဗိုက်ကို်ထုတ်ဖော်ပြသခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်း ကလေးမီးဖွားတော့မှာဖြစ်ပေမယ့် ပြားချပ်နေတဲ့သူမရဲ့ဗိုက်ကြောင့် လူတွေကအ့ံအားသင့်နေကြတဲ့အကြောင်းကို အင်္ဂလန်အခြေစိုက် The Sun သတင်းစာမျက်နှာမှာဖော်ပြထားပါတယ်။

LA မှာနေထိုင်တဲ့ အသက်၃၃နှစ်အရွယ်အဆိုပါအမျိုးသမီးက Instagram မှာသူမရဲ့ ကိုယ်ကြပ်ဘောင်းဘီ၊ အားကစားဘရာတို့နဲ့ ကာယလေ့ကျင့်ခန်းလုပ်နေပုံတွေကို မျှဝေခဲ့ပြီး ရှိမှန်းတောင်မသိသာတဲ့ကိုယ်ဝန်ကို ထုတ်ပြလိုက်တာပါ။ သူမဟာ ကလေးတစ်ယောက်အမေဖြစ်ပြီး နောက်တယောက်ထပ်မွေးတော့မယ့်အခြေအနေမှာ အလေးမတုံးတွေနဲ့အတူ ကာယလေ့ကျင့်ခန်းတွေကိုဆက်လုပ်နေတာဖြစ်ပါတယ်။

သူမအဆိုအရ အရင်တုန်းကလောက် လေ့ကျင့်ခန်းတွေကိုပြင်းပြင်းထန်ထန်မလုပ်တော့ပေမယ့် အခုကိုယ်ဝန်ဆောင်တဲ့အချိန်မှာတော့ လေ့ကျင့်ခန်းလုပ်နေတဲ့အတွက်ကြောင့် အရင်တခေါက်ကိုယ်ဝန်ဆောင်စဉ်ကထက်ပိုအင်အားရှိလာတာကို သတိပြုမိတယ်လို့ဆိုပါတယ်။ သူမကအခုသူမနေထိုင်နေတဲ့ပုံစံကဘယ်သူ့ကိုမှလွှမ်းမိုးဖို့အတွက်မဟုတ်ပဲနဲ့ သူမကိုလေ့ကျင့်ခန်းတွေကနေထိုင်လို့ပိုကောင်းစေတာကြောင့် တခြားသူတွေကိုလည်းမျှဝေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမယ့်လည်းလူတွေက သူမရဲ့ကျစ်လစ်တဲ့ခန္ဓာကိုယ်ကြောင့်ကိုယ်ဝန်၉လရှိနေတယ်ဆိုတာကိုမယုံကြည်နိုင်ကြပါဘူး။

Credit: လင်းလင်း(Shwemom)

..

Unicode