မင္းသားႀကီး Daniel Craig ကေတာ့ အားလံုးသိထားၾကတဲ့ နာမည္ေက်ာ္ ဇာတ္ေကာင္ ဂ်ိမ္းစ္ဘြန္းကို သ႐ုပ္ေဆာင္ရင္း နာမည္ေက်ာ္တဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။ Daniel ဟာ CASINO ROYALE (2006), QUANTUM OF SOLACE (2008), SKYFALL (2012), SPECTRE (2015) စတဲ့ ဂ်ိမ္းစ္ဘြန္းဇာတ္ကား (၄) ကားမွာ သ႐ုပ္ေဆာင္ထားၿပီး ဂ်ိမ္းစ္ဘြန္းပရိသတ္ေတြ လက္ခံသေဘာက်ၾကတဲ့ မင္းသားႀကီးျဖစ္ပါတယ္။

http://www.007.com

ဒါေပမယ့္ Daniel ဟာ လတ္တေလာ တက္လာခဲ့တဲ့ ဓာတ္ပံုအသစ္ေတြအရ ကမၻာႀကီးကို ကယ္တင္ႏုိင္တဲ့ စံုေထာက္ေက်ာ္ 007 ရဲ႕ သြင္ျပင္ေတြနဲ႔ လံုးဝဆန္႔က်င္ဘက္ျဖစ္ေနတဲ့ မမွတ္မိႏုိင္စရာပံုစံ ျဖစ္ေနခဲ့လို႔ ပရိသတ္ေတြ အေတာ္ေလး အံ့အားသင့္ေနခဲ့ၾကပါတယ္။ ဓာတ္ပံုေတြကိုေတာ့ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က Dailymail UK သတင္းဌာနမွ ပင္တုိင္ေဆာင္းပါးရွင္ Piers Morgan ဟာ “အားအင္ေလ်ာ့နည္းေနပံုေပါက္တဲ့” Craig ဆိုကာ ေဖာ္ျပေရးသားခဲ့ရာမွ ပရိသတ္ေတြၾကား ပံ်႕ႏွံ႔ခဲ့တာျဖစ္ပါတယ္။ သူက “အိုးး 007 ရယ္… ခင္ဗ်ားမဟုတ္ေတာ့သလိုပဲ” ဆိုၿပီး တြစ္တာေပၚမွာ ေရးခဲ့ပါေသးတယ္။

ဆိုေတာ့ကာ ႐ုပ္ပ်က္ဆင္းပ်က္ သ႑ာန္နဲ႔ တက္လာခဲ့တဲ့ ပံုေတြကေတာ့ Daniel တစ္ေယာက္ သူ႔ရဲ႕ (၆) ပတ္အရြယ္ ရင္ေသြးေလးကို ခ်ီထားတဲ့ ပံုေတြျဖစ္ပါတယ္။ ဟုတ္ပါတယ္။ ေဖေဖ Daniel က ေမြးကင္းစ ကေလးေလးကို (၆) ပတ္ၾကာမွ် ထိန္းေနရလို႔ အခုလို မျပင္မဆင္ ပံုစံျဖစ္သြားခဲ့တာပါ။ မင္းသားႀကီး ကေလးေလးကို ခ်ီထားတာကို နယူးေယာက္က JFK ေလဆိပ္မွာ ေတြ႔ခဲ့တာျဖစ္ၿပီး မင္းသားခမ်ာ ဝိတ္လည္း အနည္းငယ္တက္လာကာ မုတ္ဆိတ္ေမြး၊ ပါးသုိင္းေမြး၊ ဆံပင္ေတြလည္း မရွင္းႏုိင္ ဖယိုဖရဲ ျဖစ္ေနခဲ့ပံု ေပၚေနခဲ့ပါတယ္။

မင္းသားဟာ ပထမဇနီး Ella နဲ႔တုန္းက (၂၆) ႏွစ္အရြယ္ သမီးတစ္ေယာက္ ရိွၿပီး အခုကေလးေလးကေတာ့ ဒုတိယဇနီးသည္ Rachel Weisz နဲ႔ ရတာျဖစ္ကာ ၿပီးခဲ့တဲ့ လကမွ မီးဖြားထားတာ ျဖစ္ပါတယ္။ ေဖေဖ 007 ကေတာ့ အသက္ ၅၀ နဲ႔ ကမၻာႀကီးကို ကယ္တင္ရတာထက္ ပိုခက္တဲ့ ရင္ေသြးျပဳစုျခင္း တာဝန္ေတြကို ထမ္းေဆာင္ေနရပါတယ္ေနာ္…။

.
.

Ref: Dailymail

Credit: shwemom.com

Unicode

မင်းသားကြီး Daniel Craig ကတော့ အားလုံးသိထားကြတဲ့ နာမည်ကျော် ဇာတ်ကောင် ဂျိမ်းစ်ဘွန်းကို သရုပ်ဆောင်ရင်း နာမည်ကျော်တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ Daniel ဟာ CASINO ROYALE (2006), QUANTUM OF SOLACE (2008), SKYFALL (2012), SPECTRE (2015) စတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကား (၄) ကားမှာ သရုပ်ဆောင်ထားပြီး ဂျိမ်းစ်ဘွန်းပရိသတ်တွေ လက်ခံသဘောကျကြတဲ့ မင်းသားကြီးဖြစ်ပါတယ်။

ဒါပေမယ့် Daniel ဟာ လတ်တလော တက်လာခဲ့တဲ့ ဓာတ်ပုံအသစ်တွေအရ ကမ္ဘာကြီးကို ကယ်တင်နိုင်တဲ့ စုံထောက်ကျော် 007 ရဲ့ သွင်ပြင်တွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ မမှတ်မိနိုင်စရာပုံစံ ဖြစ်နေခဲ့လို့ ပရိသတ်တွေ အတော်လေး အံ့အားသင့်နေခဲ့ကြပါတယ်။ ဓာတ်ပုံတွေကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Dailymail UK သတင်းဌာနမှ ပင်တိုင်ဆောင်းပါးရှင် Piers Morgan ဟာ “အားအင်လျော့နည်းနေပုံပေါက်တဲ့” Craig ဆိုကာ ဖော်ပြရေးသားခဲ့ရာမှ ပရိသတ်တွေကြား ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ သူက “အိုးး 007 ရယ်… ခင်ဗျားမဟုတ်တော့သလိုပဲ” ဆိုပြီး တွစ်တာပေါ်မှာ ရေးခဲ့ပါသေးတယ်။

ဆိုတော့ကာ ရုပ်ပျက်ဆင်းပျက် သဏ္ဍာန်နဲ့ တက်လာခဲ့တဲ့ ပုံတွေကတော့ Daniel တစ်ယောက် သူ့ရဲ့ (၆) ပတ်အရွယ် ရင်သွေးလေးကို ချီထားတဲ့ ပုံတွေဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဖေဖေ Daniel က မွေးကင်းစ ကလေးလေးကို (၆) ပတ်ကြာမျှ ထိန်းနေရလို့ အခုလို မပြင်မဆင် ပုံစံဖြစ်သွားခဲ့တာပါ။ မင်းသားကြီး ကလေးလေးကို ချီထားတာကို နယူးယောက်က JFK လေဆိပ်မှာ တွေ့ခဲ့တာဖြစ်ပြီး မင်းသားခမျာ ဝိတ်လည်း အနည်းငယ်တက်လာကာ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ ဆံပင်တွေလည်း မရှင်းနိုင် ဖယိုဖရဲ ဖြစ်နေခဲ့ပုံ ပေါ်နေခဲ့ပါတယ်။

မင်းသားဟာ ပထမဇနီး Ella နဲ့တုန်းက (၂၆) နှစ်အရွယ် သမီးတစ်ယောက် ရှိပြီး အခုကလေးလေးကတော့ ဒုတိယဇနီးသည် Rachel Weisz နဲ့ ရတာဖြစ်ကာ ပြီးခဲ့တဲ့ လကမှ မီးဖွားထားတာ ဖြစ်ပါတယ်။ ဖေဖေ 007 ကတော့ အသက် ၅၀ နဲ့ ကမ္ဘာကြီးကို ကယ်တင်ရတာထက် ပိုခက်တဲ့ ရင်သွေးပြုစုခြင်း တာဝန်တွေကို ထမ်းဆောင်နေရပါတယ်နော်…။

.

.

Ref: Dailymail

Credit: shwemom.com