အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ဟာ ချစ်စဖွယ်အပြုအမူလေးတွေကြောင့် ပရိတ်သတ်တွေက အရမ်းကိုချစ်ကြပါတယ် မိခင်နဲ့ဖခင်တို့က မတူညီတဲ့ကိုးကွယ်ယုံကြည်မှုတွေ ရှိနေတဲ့အတွက် ပရိတ်သတ်အချို့ကသိချင်နေကြတဲ့ ခေတ်နဲ့သစ်တို့က ဘယ်ဘာသာကို ကိုးကွယ်စေချင်လဲလို့ မေးလာတဲ့မေးခွန်းတွေကိုတော့ မိခင်ဖြစ်သူချစ်သုဝေက ပြန်လည်ဖြေကြားခဲ့ရာမှာတော့ သမီးလေးနှစ်ယောက်က ကိုယ်နှစ်သက်တဲ့ဘာသာကို သူတို့ဘာသာကိုးကွယ်ခွင့်ရှိပြီး သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့လုပ်ဆောင်ပါလိမ့်မယ်လို့ဆိုပါတယ်။

အဆိုတော်ချစ်သုဝေက “လူတစ်ယောက်ရဲ့ဘ၀ရှင်သန်မှုက ကိုယ်ကိုယ်တိုင်ပဲပိုင်နေသင့်တယ် တစ်ယောက်ယောက်ကို မင်းဘ၀ကြီးငါပိုင်တယ် ငါ့ဆုံးဖြတ်ချက်တိုင်းလုပ်ဆိုပြီး လုပ်လို့မှမရတာ မိဘနှစ်ပါးက ဘာသာနှစ်ခုဆိုတော့ ဘယ်ဘာသာယူမလဲမေးတာပေါ့ ကမ္ဘာပေါ်မှာရှိနေတဲ့ အယူအဆတွေ အစွဲအလန်းတွေ ဘာသာအယူဝါဒတွေမှာ သူတို့နှစ်သက်ရာကို သူတို့ကိုးကွယ်ခွင့်ရှိတယ် ကိုယ်မွေးထားပေမယ့် သူတို့ဘ၀ကိုကိုယ်ချယ်လှယ်လို့မရဘူး သမီးလေးနှစ်ယောက်ကိုလည်း သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့ဖြတ်သန်းနိုင်ပါစေ ဘေးပတ်ဝန်းကျင်ကလည်း ဖိအားတွေမပေးစေချင်ပါဘူး” လို့ပြောပါတယ်။

နောက်ပြီး အဆိုတော်ချစ်သုဝေက ရုပ်ရှင်ဗီဒီယိုတွေမှာ သရုပ်ဆောင်တာ နည်းလာတဲ့အကြောင်းအရင်းက သမီးလေးနှစ်ယောက်ကို သူစိမ်းတွေနဲ့ထားရမှာ စိတ်မချဖြစ်နေတဲ့အတွက် ကားရိုက်တာတွေမလုပ်သေးတာဖြစ်ပြီး အရမ်းရူးသွပ်တဲ့ ကာရိုက်တာပုံစံဖြစ်နေရင်တော့ ရိုက်ဖြစ်ချင်ရိုက်ဖြစ်ပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

 

 

.

 

“အခုလောလောဆယ်တော့ မအားသေးလို့မရိုက်နိုင်သေးဘူး အဓိကကတော့ သမီးလေးတွေကို သူစိမ်းနဲ့ထားခဲ့ပြီးတော့လေ တစ်ပတ်လောက်ကို အလုပ်မလုပ်နိုင်ဘူး တစ်ပတ် ၁၀ ရက်လောက်ပေါ့ အဲ့ဒီအခါ ထရီဇာကဟိုဘက်မှာ တာဝန်မကျေတဲ့ မင်းသမီးတစ်ယောက်ဖြစ်နေလိမ့်မယ် ကာရိုက်တာသွင်းပြီး လုပ်နိုင်ပါ့မလဲဆိုတာ သံသယရှိမိတယ် ကိုယ်သိပ်ရူး သွပ်သိပ်လုပ်ချင်တဲ့ကာရိုက်တာမျိုးဆိုရင်တော့ ရိုက်ဖြစ်ရင်ရိုက်ဖြစ်ပါလိမ့်မယ်” ဆိုပြီး ချစ်သုဝေက ပြောပါတယ်။

လက်ရှိအချိန်ထိ သူတို့မိသားစုကို ချစ်ခင်ပေးနေတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ဝေဖန်အကြံဉာဏ်တွေပေးတဲ့ ပရိတ်သတ်မဟုတ်တဲ့သူတွေကိုပါ ကျေးဇူးတင်ပါတယ်လို့ အဆိုတော်ချစ်သုဝေက ခုလိုပဲပြောပါတယ်။

“ထရီဇာပရိတ်သတ်ကြီးကို အရမ်းကျေးဇူးတင်ပါတယ်လို့ ပရိတ်သတ်မဟုတ်တဲ့ သူတွေကောပေါ့ ထရီဇာတို့မိသားစုအပေါ် ချစ်ပေးတဲ့အချစ်တွေ ဝေဖန်ကြတဲ့အကြံဉာဏ်စကားတွေ ဒါတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်”လို့ ဆိုပါတယ်။

.

Credit: myanmarlive.com

 

(၂၀.၁၀.၂၀၁၈) ရက်နေ့တုန်းက လက်နက်အပြည့်အစုံနဲ့ ဓားပြ (၆)ယောက်ဟာ ဘယ်လ်ဂျီယံနိုင်ငံ ချာလီရွိုင်းမြို့က e-cigarette ဆိုင်တစ်ဆိုင်ကို ၀င်ပြီး အနုကြမ်းစီးခဲ့ပါတယ်။ ဆိုင်ပိုင်ရှင် ဒီဒီယာဟာ သူတစ်ဦးတည်းနဲ့ သေနတ်သမား(၆)ယောက်ကို ရင်ဆိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။

သေနတ်သမားတွေဟာ နေ့လည် (၃)နာရီလောက်မှာ ဆိုင်ကို ၀င်ရောက်အနုကြမ်းစီးခဲ့တာဖြစ်ပြီး ဒီဒီယာကို ရှိသမျှ ပိုက်ဆံ အကုန်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီဒီယာကလည်း ကြောက်ကြောက်နဲ့ သူ့ဆီမှာရှိတဲ့ ယူရို (၁,၀၀၀)ကို ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဉာဏ်ထုတ်သုံးတတ်လွန်းတဲ့ ဆိုင်ရှင် ဒီဒီယာက သေနတ်သမားတွေကို ဒီတိုင်းပြန်မလွှတ်ခင် အခုလိုမျိုး ပြောဆိုခဲ့ပါတယ်။

RTL
“ဒီအချိန်က (၃)နာရီဆိုတော့ ဓားပြတိုက်လို့ မကောင်းသေးဘူး။ လောလောဆယ်တော့ ယူရို (၁,၀၀၀) ယူထားဦး။ ညဘက် ပြန်လာရင်တော့ ဒီထက်အများကြီး ပိုရမယ်ထင်တယ်” ဆိုပြီးတော့ပါ။ သေနတ်သမားတွေလည်း ပြန်သွားခဲ့ပြီး ဒီဒီယာပြောတဲ့ စကားအတိုင်း ညနေကျရင် ပြန်လာမယ်လို့ ကြိမ်းဝါးခဲ့ကြပါတယ်။

ဒီဒီယာလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ ခက်တာက သေနတ်သမားတွေဟာ ရဲတွေ ဆိုင်ကို ရောက်မလာခင် ညနေ (၅း၃၀)လောက်မှာ တစ်ခေါက် ပြန်ရောက်လာခဲ့ပါတယ်။ ဒီဒီယာက “မင်းတို့ ရူးနေလား။ ဆိုင်ပိတ်ချိန်လာမှ ပိုက်ဆံအများကြီး ရမှာပေါ့။ နာရီ ၀ယ်ပတ်ဦး” ဆိုပြီးတောင် မဆီမဆိုင် ဓားပြတွေကို ဆူပူကြိမ်းမောင်းလိုက်ပါသေးတယ်။

RTL

သေနတ်သမား ဓားပြတွေလည်း ဒီဒီယာစကားအတိုင်း ပြန်သွားခဲ့ပြီး ဆိုင်မပိတ်ခင် ညနေ (၇းဝဝ)ထိုးခါနီးလောက်မှာ ပြန်ရောက်လာကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ အသွင်ယူပြီး အသင့်စောင့်နေတဲ့ ရဲတွေက ဓားပြတွေထဲက (၅)ယောက်ကို ဖမ်းဆီးလိုက်နိုင်ပြီး ဓားပြ (၁)ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

RTL
ဒီဒီယာကတော့ ဓားပြတိုက်သူတွေထဲမှာ (၁၆)နှစ်အောက် ကလေးတစ်ယောက်တောင် ပါ၀င်နေသေးကြောင်း၊ ဒီလောက်တုံးအတဲ့ ဓားပြတွေကို ရုပ်ရှင်တွေထဲမှာကော လက်တွေ့ဘဝမှာပါ အရင်က တစ်ခါမှ မကြားမသိခဲ့ကြောင်း အရွှန်းဖောက်ပြီး ပြောကြားသွားခဲ့ပါတယ်။

Ref : CNN , BBC , DailyMail

Credit: shwemom.com

Originally posted 2018-09-12 09:05:59.