Zawgyi

ျမတ္စြာဘုရားရွင္ ဘုရားအျဖစ္သုိ႔ ေရာက္ရွိပြင့္ေတာ္မူၿပီးတဲ့အခါ ပြင့္သာပြင္႔ရဲ႕။ ေရာင္ျခည္ေတာ္ေတြက စၾကာ၀ဋာတုိက္တစ္ေသာင္းကုိ မလင္းေသး မျပန္႔ေသးဘဲ ျဖစ္ေနေတာ္မူခဲ့ဖူးပါတယ္။

အဲဒီ့အခ်ိန္မွာ ဘာလုိေနေသးလုိ႔လဲ ဆုိတာကုိ ဥာဏ္ျဖင့္ ဆင္ျခင္ျပီးတဲ့ေနာက္မွာ ျမတ္စြာဘုရားရွင္ဟာ ပဌာန္းေဒသနာေတာ္ႀကီးကုိ အနုလုံပဋိလုံ (အျပန္အလွန္) ဥာဏ္ျဖင့္ ဆင္ျခင္လုိက္သည့္ အခါတြင္မွ ဘုရားရွင္ဆီကေန ေရာင္ျခည္ေတာ္အမ်ဳိးမ်ဳိးသည္ စၾကာ၀ဋာတုိက္တစ္ေသာင္းလုံး လင္းသြားေစခဲ့တယ္လုိ႔ နာယူခဲ့ရဖူးပါတယ္။

 

(၂)

ေဗဒင္ပညာရပ္နယ္ပယ္မွာ ကက္ကင္း ဆုိသည့္ ေ၀ါဟာရသည္ အသုံးမ်ားၾကပါတယ္။ အမ်ားအားျဖင့္ကေတာ့ ကက္ကင္းဆုိသည္မွာ (အျပန္အလွန္) သေဘာသာ ျဖစ္ပါတယ္။

တံစက္ျမိတ္လက္ျပန္ေရ…..ေနာက္ျပန္ပစ္လုိက္….အျပန္အလွန္ ကက္ကင္းရုိက္လုိက္… ပရိတ္ၾကိဳးကုိ အျပန္အလွန္ ႏွစ္စျပန္ေခါက္လုိက္….စသည္ျဖင့္ အေခၚအေ၀ၚ အသုံးအႏႈန္းေလးေတြ ….လုပ္ကြက္ၾကံကြက္ေလးေတြလည္း ၾကားဖူးၾကပါလိမ့္မယ္။

(၃)
အစမွ အဆုံး….အဆုံးမွ…အစ ..အျပန္အလွန္ သြားလာလုပ္ကုိင္ ၾကံစည္နုိင္ျခင္းသည္ ..
ကၽြမ္းက်င္ပုိင္နုိင္…ေၾကညက္ျခင္း ျဖစ္သလုိ….လည္ပတ္ခုတ္ေမာင္းႏုိင္ျခင္း ခြန္အားကုိလည္း ျဖစ္ေစပါတယ္။ ဒီခြန္အားရဲ႕ စြမ္းပကားသည္ အံမခန္းပါခင္ဗ်ာ။

(၄)
အရမ္းဒုကၡ ျဖစ္ေနၿပီလား…ဗုဒၶဘာသာဝင္ေရာ ဟုတ္ပါသလား…ဒီနွစ္ခ်က္ ကုိက္ညီေနျပီဆုိရင္ …ဘာေဗဒင္ယၾတာမွ အားကုိးမေနပါေတာ့နဲ႔..။

ပဌာန္း ၂၄ ပစၥည္းကုိ အနုလုံပဋိလုံ ( အစမွအဆုံး) (အဆုံးမွ အစ…) အျပန္အလွန္ ျဖစ္ေစ.. ဂုဏ္ေတာ္ကုိးပါးကုိ (အစမွ အဆုံး) (အဆုံးမွ အစ) အျပန္အလွန္ ျဖစ္ေစ… စြဲစြဲျမဲျမဲသာ အဓိဌာန္ဝင္ၿပီး ေသခ်ာ ရြတ္ဖတ္ပူေဇာ္လုိက္ပါ။

ရြတ္ဖတ္တဲ့အခါမွာလည္း အနက္အဓိပၸါယ္ေတြကုိ ေသခ်ာဖတ္မွတ္ၿပီး စိတ္ႏွလုံးသြင္းၿပီးသာ ပူေဇာ္ပါ။

ေမာင္ဖုန္း ကုိယ္တုိင္လည္း ဒုကၡသိပ္ႀကီးခဲ့ဖူးေတာ့ လက္ေတြ႕လုပ္ခဲ့ရဖူးတယ္ဆုိတာ ယုံပါ။
(ဘယ္ေလာက္ အံ႔စရာေကာင္းတယ္ဆုိတာ ေနာက္ေတာ့ ေဆာင္းပါးသီးသန္႔ေရးေပးပါဦးမယ္။)

သာမန္အားျဖင့္ တုိးမေပါက္သည့္ကံမ်ဳိးေသာ္မွ…အနုလုံပဋိလုံ အျပန္အလွန္ ဆင္ျခင္ ၾကည္ညိဳျခင္း ၊ ပူေဇာ္ျခင္းရဲ႕ ခြန္အားသည္ အခက္အခဲနံရံမ်ားကုိ …ထုိးေဖာက္ထြက္သြားတာကုိ ..မိမိတုိ႔ရဲ႕ စရဏ၊ မိမိတုိ႔ရဲ႕ ယုံၾကည္မႈစြမ္းအင္ေပၚ မူတည္ၿပီး မုခ် ေတြ႕ျမင္လာရပါလိမ့္မယ္။

ဒုကၡေရာက္ေနေသာ မိတ္ေဆြမ်ားအားလုံး ခ်မ္းသာျခင္း ျဖစ္ၾကပါေစ။

ေလးစားစြာျဖင့္…

ကုိဖုန္း
သုေတသီ ေဝသာလီေမာင္ဖုန္း ကုိစုိးမုိးထြန္း (ေဗဒင္ပညာသုေတသီ)

Unicode

မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်ရှိပွင့်တော်မူပြီးတဲ့အခါ ပွင့်သာပွင့်ရဲ့။ ရောင်ခြည်တော်တွေက စကြာဝဋာတိုက်တစ်သောင်းကို မလင်းသေး မပြန့်သေးဘဲ ဖြစ်နေတော်မူခဲ့ဖူးပါတယ်။

အဲဒီ့အချိန်မှာ ဘာလိုနေသေးလို့လဲ ဆိုတာကို ဉာဏ်ဖြင့် ဆင်ခြင်ပြီးတဲ့နောက်မှာ မြတ်စွာဘုရားရှင်ဟာ ပဌာန်းဒေသနာတော်ကြီးကို အနုလုံပဋိလုံ (အပြန်အလှန်) ဉာဏ်ဖြင့် ဆင်ခြင်လိုက်သည့် အခါတွင်မှ ဘုရားရှင်ဆီကနေ ရောင်ခြည်တော်အမျိုးမျိုးသည် စကြာဝဋာတိုက်တစ်သောင်းလုံး လင်းသွားစေခဲ့တယ်လို့ နာယူခဲ့ရဖူးပါတယ်။

(၂)

ဗေဒင်ပညာရပ်နယ်ပယ်မှာ ကက်ကင်း ဆိုသည့် ဝေါဟာရသည် အသုံးများကြပါတယ်။ အများအားဖြင့်ကတော့ ကက်ကင်းဆိုသည်မှာ (အပြန်အလှန်) သဘောသာ ဖြစ်ပါတယ်။

တံစက်မြိတ်လက်ပြန်ရေ…..နောက်ပြန်ပစ်လိုက်….အပြန်အလှန် ကက်ကင်းရိုက်လိုက်… ပရိတ်ကြိုးကို အပြန်အလှန် နှစ်စပြန်ခေါက်လိုက်….စသည်ဖြင့် အခေါ်အဝေါ် အသုံးအနှုန်းလေးတွေ ….လုပ်ကွက်ကြံကွက်လေးတွေလည်း ကြားဖူးကြပါလိမ့်မယ်။

(၃)
အစမှ အဆုံး….အဆုံးမှ…အစ ..အပြန်အလှန် သွားလာလုပ်ကိုင် ကြံစည်နိုင်ခြင်းသည် ..
ကျွမ်းကျင်ပိုင်နိုင်…ကြေညက်ခြင်း ဖြစ်သလို….လည်ပတ်ခုတ်မောင်းနိုင်ခြင်း ခွန်အားကိုလည်း ဖြစ်စေပါတယ်။ ဒီခွန်အားရဲ့ စွမ်းပကားသည် အံမခန်းပါခင်ဗျာ။

(၄)
အရမ်းဒုက္ခ ဖြစ်နေပြီလား…ဗုဒ္ဓဘာသာဝင်ရော ဟုတ်ပါသလား…ဒီနှစ်ချက် ကိုက်ညီနေပြီဆိုရင် …ဘာဗေဒင်ယတြာမှ အားကိုးမနေပါတော့နဲ့..။

ပဌာန်း ၂၄ ပစ္စည်းကို အနုလုံပဋိလုံ ( အစမှအဆုံး) (အဆုံးမှ အစ…) အပြန်အလှန် ဖြစ်စေ.. ဂုဏ်တော်ကိုးပါးကို (အစမှ အဆုံး) (အဆုံးမှ အစ) အပြန်အလှန် ဖြစ်စေ… စွဲစွဲမြဲမြဲသာ အဓိဌာန်ဝင်ပြီး သေချာ ရွတ်ဖတ်ပူဇော်လိုက်ပါ။

ရွတ်ဖတ်တဲ့အခါမှာလည်း အနက်အဓိပ္ပါယ်တွေကို သေချာဖတ်မှတ်ပြီး စိတ်နှလုံးသွင်းပြီးသာ ပူဇော်ပါ။

မောင်ဖုန်း ကိုယ်တိုင်လည်း ဒုက္ခသိပ်ကြီးခဲ့ဖူးတော့ လက်တွေ့လုပ်ခဲ့ရဖူးတယ်ဆိုတာ ယုံပါ။
(ဘယ်လောက် အံ့စရာကောင်းတယ်ဆိုတာ နောက်တော့ ဆောင်းပါးသီးသန့်ရေးပေးပါဦးမယ်။)

သာမန်အားဖြင့် တိုးမပေါက်သည့်ကံမျိုးသော်မှ…အနုလုံပဋိလုံ အပြန်အလှန် ဆင်ခြင် ကြည်ညိုခြင်း ၊ ပူဇော်ခြင်းရဲ့ ခွန်အားသည် အခက်အခဲနံရံများကို …ထိုးဖောက်ထွက်သွားတာကို ..မိမိတို့ရဲ့ စရဏ၊ မိမိတို့ရဲ့ ယုံကြည်မှုစွမ်းအင်ပေါ် မူတည်ပြီး မုချ တွေ့မြင်လာရပါလိမ့်မယ်။

ဒုက္ခရောက်နေသော မိတ်ဆွေများအားလုံး ချမ်းသာခြင်း ဖြစ်ကြပါစေ။

လေးစားစွာဖြင့်…

ကိုဖုန်း
သုတေသီ ဝေသာလီမောင်ဖုန်း ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Originally posted 2018-08-26 08:06:08.