”ခ်မ္းသာခ်င္ရင္ အိပ္ရာက ေစာေစာထပါ” လို႕ေအာင္သမာဓိ ေရႊဆိုင္ပိုင္ရွင္ ဦးေအာင္ က ေျပာလိုက္တယ္။ဦးေအာင္ရဲ႕သား ကိုလူဟန္က ဘယ္လိုျပန္ေျပာလည္းဆိုေတာ့ ”ေစာေစာထတိုင္းသာခ်မ္းသာမယ္ဆိုရင္ ပဲျပဳတ္သည္ေတြ ခ်မ္းသာေနေရာေပါ့” တဲ႔။
ေအာင္သမာဓိေရႊဆိုင္ပိုင္ရွင္ ဦးေအာင္နဲ႔ ဦးေအာင္ရဲ႕သား ကိုလူဟန္တို႔ ေျပာဖူးၾကတဲ႔ မတူညီတဲ႔သေဘာေတြပါတဲ႔ စကားႏွစ္ခြန္းပါ။ဒီစကားႏွစ္ခြန္းကို ေတြ႕လိုက္ၾကားလိုက္တဲ႔လူတိုင္းက အေဖ နဲ႔ သား ဆန္႔က်င္ဘက္ေျပာထားတာေလးကို သတိထားမိၿပီး ျပံဳးစိစိျဖစ္သြားၾကကုန္ေရာ။တစ္ခ်ိဳ႕ကလည္း အေပ်ာ္အေနနဲ႔ အဲဒီ မတူညီတဲ႔ စာသား ႏွစ္ေၾကာင္းကို ျပန္Share ၾကရင္း တျဖည္းျဖည္း လူသိမ်ားလာတဲ႔ ေျပာစရာတစ္ခုလိုေတာင္ျဖစ္သြားၾကပါၿပီ။

ေတာ္ေတာ္မ်ားမ်ားသတိထားမိၾကပါလိမ့္မယ္။အဲဒီျဖစ္ရပ္ေလးက facebook စာမ်က္ႏွာမွာ ဒီေလာက္နဲ႔ပဲနိဂံုးခ်ဳပ္တာၾကာခဲ႔ေရာေပါ့။ဦးေအာင္က ကိုလူဟန္ရဲ႕ အဲဒီေခ်ပတဲ႔စကားနဲ႔ပတ္သတ္ၿပီး ဘာျပန္ေျပာလဲဆိုတာ ဘယ္သူမွ ဆက္ၿပီး မေရးၾက မတင္ၾကေတာ့ဘူး။
ဘယ္သူမွ ဆက္မေရးတင္ၾကေတာ့ ဦးေအာင္ က ဘာျပန္ေျပာလဲဆိုတာ ကြ်န္ေတာ္ျဖင့္သိပ္ကိုသိခ်င္လြန္းတာပါပဲ။ဒီလိုနဲ႔မထင္မွတ္တဲ႔တစ္ေန႔မွာ ကြ်န္ေတာ္ကံေကာင္းလာေတာ့ ဦးေအာင္ က ကိုလူဟန္စကားနဲ႔ပတ္သတ္ၿပီး ဘာျပန္ေျပာလဲဆိုတာ ကြ်န္ေတာ္သိခြင့္ရလိုက္တယ္။ဒီေတာ့ ကြ်န္ေတာ္သိခြင့္ရလိုက္သလို သိခ်င္ၾကတဲ႔လူေတြရွိမယ္ထင္လို႔ (မွတ္မိသေလာက္)ျပန္ေရးလိုက္တာပါပဲ။မသိခ်င္ရင္ေတာ့ ဆက္ဖတ္စရာ မလိုပါဘူး။သိခ်င္ရင္ေတာ့ဆက္ဖတ္ေပါ့ခင္ဗ်။

မေန႔က ေအာက္တိုဘာ ၉ရက္,၂၀၁၈ ညေနပိုင္းမွာ ကြ်န္ေတာ္လည္း ဘာရယ္မဟုတ္ခပ္ပ်င္းပ်င္းရွိတာ နဲ႔ Mandalay FM ? ေရဒီယိုလိုင္းရဲ႕တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈကို နားေထာင္မိတယ္။နားေထာင္ေနတုန္း ကြ်န္ေတာ္သေဘာက်တဲ႔ တင္ဆက္သူေတြျဖစ္တဲ႔ ကိုဇာနည္ နဲ႔ မေနေနတို႔က ေအာင္ျမင္သူေတြကို တိုက္႐ိုက္ေမးၿပီး တင္ဆက္ေနတဲ႔ အစီအစဥ္ကေန ေအာင္သမာဓိေရႊဆိုင္ပိုင္ရွင္ ဦးေအာင္နဲ႔ ေတြ႕ဆံုေမးျမန္းေပးမယ္ဆိုတာေလးေၾကညာေတာ့ စိတ္ဝင္တစား ဆက္နားေထာင္ျဖစ္ပါတယ္။အဲလိုနဲ႔ နားေထာင္ေနရင္း ဦးေအာင္နဲ႔ interview စပါၿပီ။interview အစပိုင္းေမးခြန္းႏွစ္ခုသံုးခုကို လည္း ဦးေအာင္ကေျဖအၿပီး အစီအစဥ္တင္ဆက္သူ ကိုဇာနည္က စိတ္ဝင္စားစရာ ေမးခြန္းတစ္ခုထုတ္ၿပီး ဦးေအာင္ကိုဆက္ေမးပါေတာ့တယ္။” အခုေနာက္ထပ္အေနနဲ႔သိခ်င္တာေလးတစ္ခုရွိပါတယ္။အဲဒါကေတာ့ခ်မ္းသာခ်င္ရင္ အိပ္ရာက ေစာေစာထပါ” လို႔ဦးေအာင္ က ေျပာတဲ႔အခါဦးေအာင္ရဲ႕သား ကိုလူဟန္က ဘယ္လိုျပန္ေျပာလည္းဆိုေတာ့ ”ေစာေစာထတိုင္းသာခ်မ္းသာမယ္ဆိုရင္ ပဲျပဳတ္သည္ေတြ ခ်မ္းသာေနေရာေပါ့” တဲ႔။ အဲဒါကိုဦးေအာင္အေနနဲ႕ဘယ္လိုမ်ိဳးေျပာျပခ်င္ပါသလဲ”လို႔ ဆိုၿပီး ေမးလိုက္တာပါ။ဦးေအာင္လည္း ျပံဳးရႊင္တဲ႔ အသံနဲ႔ ” ဒီစကားနဲ႔ပတ္သတ္ၿပီးေျဖခ်င္ေနတာၾကာပါၿပီ။အခုေျပာခ်င္ေနတာနဲ႔ ကြက္တိျဖစ္သြားရတာပါပဲ ” ဆိုၿပီး အစခ်ီ ေျဖေပးပါတယ္။

ကြ်န္ေတာ္လည္း ကြ်န္ေတာ္သိခ်င္ေနတာနဲ႔ကြက္တိျဖစ္ေနတာမို႔ ထခုန္မတတ္ဝမ္းသာသြားရတာေပါ့ေလ။ဦးေအာင္က live ေျဖေပးေနတာမို႔ စိတ္ဝင္တစား နားေထာင္ရင္း ဒီေမးခြန္းေျဖေပးတဲ႔ဦးေအာင္ေရာ ေမးေပးတဲ႔Mandalay FM ? က အစီအစဥ္တင္ဆက္သူေတြကိုေရာ စိတ္ထဲကေန တစ္ၿပိဳင္ထဲေက်းဇူးအင္မတန္တင္ရျပန္ပါတယ္။အခု ကြ်န္ေတာ္က ဦးေအာင္ ေျပာထားတာကို မွတ္မိသေလာက္ စာစီၿပီး ျပန္ေရးေပးသြားမွာျဖစ္တဲ႔အတြက္ စကားေျပာ အတိအက် စာလံုးေတြက ၏ သည္မေရြး ကြက္တိမျဖစ္တာေတြ၊ အေၾကာင္းအရာ အေရွ႕ အေနာက္ ေရာက္တာမတူတာေတြ က်န္ခဲ႔တဲ႔အေၾကာင္းအရာရွိေနတာေလးေတြနဲ႔ အမွားအမွန္တစ္ခ်ိဳ႕ပါေနရင္ ခြင့္လႊတ္ေပးဖို႔ႀကိဳၿပီး ေမတၱာရပ္ခံေတာင္းပန္လိုက္ပါရေစ။ေသခ်ာတာကေတာ့ ဦးေအာင္ေျပာတဲ႔အတိုင္း အပိုအလိုမျဖစ္ေအာင္ မွတ္မိသေလာက္ ကိုယ့္အေရးအသားေလးနဲ႔ ေသခ်ာေလးႀကိဳးစားၿပီးျပန္ေရးရတာပါ။

ဒီအခုကိစၥနဲ႔ ပတ္သတ္ၿပီး Interview မွာေအာင္သမာဓိေရႊဆိုင္တည္ေထာင္သူ ဦးေအာင္ ေျဖတဲ႔ အေျဖက………” ဦးေအာင္က အိပ္ရာထရင္ ေနာက္က်တာကိုမႀကိဳက္ဘူး။အဲဒါေၾကာင့္ အိပ္ရာထေနာက္က်တဲ႔ ဦးေအာင္ရဲ႕သား ကိုလူဟန္ကို ”သား မင္းအိပ္ရာထေနာက္က်ရင္ဆင္းရဲမယ္။မဆင္းရဲေအာင္ အိပ္ရာေစာေစာထ” လို႔ ေျပာတယ္။ဒီေတာ့ ကိုလူဟန္ကလည္း ခံစားခ်က္ေတြရွိတယ္ထင္ပါတယ္။” ဟာ အေဖ ….ခင္ဗ်ားကလည္း အိပ္ရာ ေစာေစာထတိုင္းသာ ခ်မ္းသာရင္ ပဲျပဳတ္သည္ေတြခ်မ္းသာ ေနေရာေပါ့” လို႔ ျပန္ၿပီး တံု႔ျပန္တာ။အဲဒီေတာ့ဦးေအာင္က ျပန္ေျပာတယ္”မင္းဘဝမွာမဆင္းရဲဖူးေသးလို႔မင္းဒီလိုေျပာတာ…အခုေန ငါသာဆင္းရဲရင္ မင္းလည္း ဝိုင္းလုပ္ေပးရဖို႔ အိပ္ရာထဲမွာ ေနာက္က်တဲ႔အထိ အခုလိုမ်ိဳးေတာင္အိပ္ေနႏိုင္မွာမဟုတ္ဘူး……..ဒီစကားကို မင္းဆင္းရဲဖူးမွနားလည္မယ္……..ငါကိုယ္တိုင္ဆင္းရဲေနရင္ မင္းအခုလိုမ်ိဳးေတာ့ ေနလို႔ရမွာမဟုတ္ဘူး……..အဲဒီက်မွမင္းသိမွာေပမဲ႔ မင္းတစ္ေယာက္ကိုဆံုးမ ဖို႔အတြက္ ငါဆင္းရဲျပၿပီးေတာ့မွ ငါ့သားသမီးေလးေယာက္မွာ က်န္တဲ႔သမီးသံုးေယာက္ကိုဒုကၡေတြေရာက္ေအာင္ လုပ္လို႔မျဖစ္ဘူး……..မင္းကိုယ္တိုင္နားလည္ရမယ္ ”ေပါ့။အခုေတာ့ ကိုလူဟန္က အဲဒီလိုလံုးဝမဟုတ္ေတာ့ပါဘူး။ေျပာင္းလဲသြားပါၿပီ။အခု သူ႔တပည္႔ေတြဘာေတြနဲ႔ေတာင္ျဖစ္ေနပါၿပီ။” ေစာေစာထတိုင္းသာခ်မ္းသာမယ္ဆိုရင္ ပဲျပဳတ္သည္ေတြ ခ်မ္းသာေနေရာေပါ့”ဆိုတဲ႔စကားကလည္း အခု ဦးေအာင္ရဲ႕ေရႊပညာသင္တန္းမွာ သင္တန္းလာတက္တဲ႔သူေတြကို ကိုလူဟန္ကအရင္တုန္းက အေၾကာင္းျပန္ေျပာျပရင္းနဲ႔ လူေတြသတိထားမိၿပီး အခုမွ ျပန္တင္လိုက္ၾကတဲ႔စကားေလးပါပဲ။လြန္ခဲ႔တဲ႔(၁၀) ႏွစ္က ကိုလူဟန္ေျပာခဲ႔တာပါ။သူ႔မွာလည္းအဲဒီတုန္းက ခံစားခ်က္ရွိမယ္ထင္ပါတယ္။အခုေတာ့ သူအရင္လိုမဟုတ္ပဲ လံုးဝေသခ်ာေျပာင္းလဲသြားပါၿပီ။
သူအရင္တုန္းက အဲလိုေစာေစာမထပဲ ဝင္လာတဲ႔ဖုန္းကိုကိုင္ၿပီးေရႊ ကိစၥလုပ္မိလို႔ ဦးေအာင္သိန္းအစိတ္(၂၅) ရံႈးဖူးတယ္။မနက္ေစာေစာတက္လာတဲ႔ေရႊသတင္းကိုမသိလိုက္ပဲ ေရႊကိစၥဖုန္းေျပာေတာ့ သိန္းအစိတ္(၂၅) ရံႈးသြားရတာပဲေပါ့။ဒါေပမဲ႔ ဦးအာင္ အျပစ္မေျပာပါဘူး။သူလည္း အဲဒီေနာက္ပိုင္းသိသြားတယ္ေလ။ဒီေတာ့ အခုကိစၥက ဦးေအာင္အတြက္ သိန္းအစိတ္(၂၅) ဆိုတာ သိန္း(၂၅၀၀)ေလာက္ တန္ဖိုးႀကီးသြားတယ္လ္ု႔ေျပာလို႔ရပါတယ္။ဦးေအာင္ေက်နပ္တယ္ေလ။သူအသိတစ္ခုရွိသြားတာေပါ့။ေနာက္ဆို အမွားလုပ္ဖို႔ ဆင္ျခင္မိသြားမွာပါ။

တစ္ေန႔သူ႔ကိုစီးပြားေရးနဲ႔ပတ္သတ္တဲ႔MBAသင္တန္းကို ဦးေအာင္က မတက္ႏိုင္လို႔ ၃သိန္းေပးၿပီး သြားတက္ခိုင္းလိုက္တာ ျပန္လာေတာ့ ” ဟာ ခင္ဗ်ားကို ဒီတစ္ခါ တကယ္ေလးစားတယ္ အေဖ ” ဆိုၿပီး လက္ဆြဲႏႈတ္ဆက္တယ္။ဦးေအာင္ကလည္း ”’ဟာ သားအဖခ်င္း ဘာလို႔ ထူးဆန္းၿပီးလက္ေတြဘာေတြဆြဲႏႈတ္ဆက္တာလဲ ”’ လို႔ေမးေတာ့ ” သင္တန္းမွာ အခ်ိန္အၾကာႀကီး သင္ေနတာေတြက အိမ္မွာ အေဖ ဆံုးမေျပာျပၿပီး လုပ္ကိုင္ေနတာေတြပဲ” ဆိုၿပီးေတာ့ေျပာတယ္။ေနာက္ပိုင္းသူလည္း MBAတက္ထားေတာ့ ဆိုင္ရဲ႕Management ပိုင္းဆိုင္ရာ ျပဳျပင္ေျပာင္းလဲသင့္တာ သူ႔ကိုပဲလုပ္ခိုင္းေတာ့တယ္။အခုအခ်ိန္မွာ သူနားလည္လာေတာ့ ဦးေအာင္ ကို”ေစာေစာထတိုင္းသာခ်မ္းသာမယ္ဆိုရင္ ပဲျပဳတ္သည္ေတြ ခ်မ္းသာေနေရာေပါ့” ဆိုတဲ႔စကား နဲ႔ပတ္သတ္ၿပီး မွားတာေတြေတာင္းပန္တယ္။ဦးေအာင္ကေတာ့ေျပာတယ္”မင္းငါ့ကိုေျပာခဲ႔သလိုတစ္ခ်ိန္ျပန္ခံရဦးမွာပဲ……မင္းေနာက္တပည့္ေတြ ေနာက္ထပ္လာမယ့္အငယ္ေတြထဲကေနၿပီးေတာ့မွ မင္းငါ့ကိုေျပာသလို ေျပာမဲ႔လူထပ္ေပၚလာမွာ……အဲဒါေတာ့မင္းျပန္ခံရမယ္……..ေျဖရွင္းရမယ္……..မင္းႀကိဳျပင္ဆင္ထားလိုက္……ဘယ္လိုမွေရွာင္လို႔မရဘူး……အခ်ိန္တန္ရင္မင္းလည္းျပန္ခံရဦးမွာပဲ ”လို႔ေပါ့။အခုေတာ့ ကိုလူဟန္ လံုးဝေျပာင္းလဲသြားၿပီ။လြန္ခဲ႔တဲ႔(၁၀)ႏွစ္ကလို မဟုတ္ေတာ့ဘူး။ဒီစကားေလးက လြန္ခဲ႔တဲ႔(၁၀)ႏွစ္က စကားေလးပါ။

ကြ်န္ေတာ္မွတ္မိသေလာက္ အဲဒီစကားနဲ႔ပတ္သတ္တဲ႔အေျဖကိုေရးျပေပးခဲ႔တာပါ။ကြ်န္ေတာ္ကေတာ့ ေအာင္သမာဓိ ဦးေအာင္ရဲ႕အေျဖမွ်ေဝမႈ နဲ႔ ေစတနာကို ရင္ထဲ အသဲထဲက ႏွစ္ႏွစ္ကာကာ လိႈက္လိႈက္လွဲလွဲ ျပည့္ျပည့္ဝဝ ျကည္ညိဳမိပါတယ္။လြန္ခဲ႔တဲ႔ႏွစ္ေပါင္းမ်ားစြာ ကြ်န္ေတာ္ကေလးဘဝတုန္းက တီဗီကလာတဲ႔ကိုရီးယားဇာတ္လမ္းတြဲေလးတစ္ခုမွာ ေျပာစကားေလးႏွစ္ေၾကာင္းကိုအတိအက်မဟုတ္ေပမဲ႔ သတိတရရွိေနပါေသးတယ္။လူႀကီးအမ်ိဳးသားတစ္ဦးကေျပာတာကို လူငယ္အမ်ိဳးသားကတုန္႔ျပန္တဲ႔အေနနဲ႔ ပါ။ဒီစကားနဲ႔ ထပ္တူကို သိပၸံေမာင္ဝ ေရးထားတဲ႔ စာေၾကာင္းေတြထဲမွာလည္း ပါဖူးပါတယ္။အဲဒီစကားႏွစ္ခြန္းက”ေစာေစာ ထတဲ႔ငွက္ အစာေတြပိုရတယ္””ေစာေစာထတဲ႔ ပိုးကာင္က်ေတာ့ ငွက္အစာျဖစ္ရတယ္” တဲ႔ေလ။ဦးေအာင္ရဲ႕စကားကို ဦးေအာင္ရဲ႕သား ကိုလူဟန္က တံု႔ျပန္လိုက္တဲ႔ လြန္ခဲ႔တဲ႔ (၁၀)ႏွစ္က စကားနဲ႔စာသားမတူေပမဲ႔ အဓိပၸါယ္ သက္ေရာက္မႈေတြတူပါတယ္။စာဖတ္သူေတြလည္း က္ုယ့္အေတြးနဲ႔ကိုယ္ဆက္လက္ၿပီး နယ္ခ်ဲ႕ၾကပါကုန္။ကြ်န္ေတာ္ကေတာ့ စာတစ္ခုခု ဖတ္ၿပီးတဲ႔အခါ အဲဒီကေနဆက္စပ္ၿပီး တစ္ဆင့္ၿပီးတစ္ဆင့္ အဆက္မျပတ္ေတြးၿပီး မဆံုးႏိုင္တဲ႔ ေတြးေတာျခင္းသံသရာကိုခ်ဲ႕ရတာလည္း စာဖတ္ျခင္းရဲ႕ အရသာေကာင္းေတြ မ်ားစြာထဲက အရသာထူးတစ္ပါးလို႔ ခံယူလ်က္ပါပဲခင္ဗ်။ကိုယ္တိုင္ဖတ္ဖို႔ အေတြးတစ္စCredit to ဆရာ ေအာင္ထြဋ္စံ

  • Unicode

”ချမ်းသာချင်ရင် အိပ်ရာက စောစောထပါ” လို့အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင် က ပြောလိုက်တယ်။ဦးအောင်ရဲ့သား ကိုလူဟန်က ဘယ်လိုပြန်ပြောလည်းဆိုတော့ ”စောစောထတိုင်းသာချမ်းသာမယ်ဆိုရင် ပဲပြုတ်သည်တွေ ချမ်းသာနေရောပေါ့” တဲ့။
အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်နဲ့ ဦးအောင်ရဲ့သား ကိုလူဟန်တို့ ပြောဖူးကြတဲ့ မတူညီတဲ့သဘောတွေပါတဲ့ စကားနှစ်ခွန်းပါ။ဒီစကားနှစ်ခွန်းကို တွေ့လိုက်ကြားလိုက်တဲ့လူတိုင်းက အဖေ နဲ့ သား ဆန့်ကျင်ဘက်ပြောထားတာလေးကို သတိထားမိပြီး ပြုံးစိစိဖြစ်သွားကြကုန်ရော။တစ်ချို့ကလည်း အပျော်အနေနဲ့ အဲဒီ မတူညီတဲ့ စာသား နှစ်ကြောင်းကို ပြန်Share ကြရင်း တဖြည်းဖြည်း လူသိများလာတဲ့ ပြောစရာတစ်ခုလိုတောင်ဖြစ်သွားကြပါပြီ။

တော်တော်များများသတိထားမိကြပါလိမ့်မယ်။အဲဒီဖြစ်ရပ်လေးက facebook စာမျက်နှာမှာ ဒီလောက်နဲ့ပဲနိဂုံးချုပ်တာကြာခဲ့ရောပေါ့။ဦးအောင်က ကိုလူဟန်ရဲ့ အဲဒီချေပတဲ့စကားနဲ့ပတ်သတ်ပြီး ဘာပြန်ပြောလဲဆိုတာ ဘယ်သူမှ ဆက်ပြီး မရေးကြ မတင်ကြတော့ဘူး။
ဘယ်သူမှ ဆက်မရေးတင်ကြတော့ ဦးအောင် က ဘာပြန်ပြောလဲဆိုတာ ကျွန်တော်ဖြင့်သိပ်ကိုသိချင်လွန်းတာပါပဲ။ဒီလိုနဲ့မထင်မှတ်တဲ့တစ်နေ့မှာ ကျွန်တော်ကံကောင်းလာတော့ ဦးအောင် က ကိုလူဟန်စကားနဲ့ပတ်သတ်ပြီး ဘာပြန်ပြောလဲဆိုတာ ကျွန်တော်သိခွင့်ရလိုက်တယ်။ဒီတော့ ကျွန်တော်သိခွင့်ရလိုက်သလို သိချင်ကြတဲ့လူတွေရှိမယ်ထင်လို့ (မှတ်မိသလောက်)ပြန်ရေးလိုက်တာပါပဲ။မသိချင်ရင်တော့ ဆက်ဖတ်စရာ မလိုပါဘူး။သိချင်ရင်တော့ဆက်ဖတ်ပေါ့ခင်ဗျ။

မနေ့က အောက်တိုဘာ ၉ရက်,၂၀၁၈ ညနေပိုင်းမှာ ကျွန်တော်လည်း ဘာရယ်မဟုတ်ခပ်ပျင်းပျင်းရှိတာ နဲ့ Mandalay FM ? ရေဒီယိုလိုင်းရဲ့တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို နားထောင်မိတယ်။နားထောင်နေတုန်း ကျွန်တော်သဘောကျတဲ့ တင်ဆက်သူတွေဖြစ်တဲ့ ကိုဇာနည် နဲ့ မနေနေတို့က အောင်မြင်သူတွေကို တိုက်ရိုက်မေးပြီး တင်ဆက်နေတဲ့ အစီအစဉ်ကနေ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်နဲ့ တွေ့ဆုံမေးမြန်းပေးမယ်ဆိုတာလေးကြေညာတော့ စိတ်ဝင်တစား ဆက်နားထောင်ဖြစ်ပါတယ်။အဲလိုနဲ့ နားထောင်နေရင်း ဦးအောင်နဲ့ interview စပါပြီ။interview အစပိုင်းမေးခွန်းနှစ်ခုသုံးခုကို လည်း ဦးအောင်ကဖြေအပြီး အစီအစဉ်တင်ဆက်သူ ကိုဇာနည်က စိတ်ဝင်စားစရာ မေးခွန်းတစ်ခုထုတ်ပြီး ဦးအောင်ကိုဆက်မေးပါတော့တယ်။” အခုနောက်ထပ်အနေနဲ့သိချင်တာလေးတစ်ခုရှိပါတယ်။အဲဒါကတော့ချမ်းသာချင်ရင် အိပ်ရာက စောစောထပါ” လို့ဦးအောင် က ပြောတဲ့အခါဦးအောင်ရဲ့သား ကိုလူဟန်က ဘယ်လိုပြန်ပြောလည်းဆိုတော့ ”စောစောထတိုင်းသာချမ်းသာမယ်ဆိုရင် ပဲပြုတ်သည်တွေ ချမ်းသာနေရောပေါ့” တဲ့။ အဲဒါကိုဦးအောင်အနေနဲ့ဘယ်လိုမျိုးပြောပြချင်ပါသလဲ”လို့ ဆိုပြီး မေးလိုက်တာပါ။ဦးအောင်လည်း ပြံုးရွှင်တဲ့ အသံနဲ့ ” ဒီစကားနဲ့ပတ်သတ်ပြီးဖြေချင်နေတာကြာပါပြီ။အခုပြောချင်နေတာနဲ့ ကွက်တိဖြစ်သွားရတာပါပဲ ” ဆိုပြီး အစချီ ဖြေပေးပါတယ်။

ကျွန်တော်လည်း ကျွန်တော်သိချင်နေတာနဲ့ကွက်တိဖြစ်နေတာမို့ ထခုန်မတတ်ဝမ်းသာသွားရတာပေါ့လေ။ဦးအောင်က live ဖြေပေးနေတာမို့ စိတ်ဝင်တစား နားထောင်ရင်း ဒီမေးခွန်းဖြေပေးတဲ့ဦးအောင်ရော မေးပေးတဲ့Mandalay FM ? က အစီအစဉ်တင်ဆက်သူတွေကိုရော စိတ်ထဲကနေ တစ်ပြိုင်ထဲကျေးဇူးအင်မတန်တင်ရပြန်ပါတယ်။အခု ကျွန်တော်က ဦးအောင် ပြောထားတာကို မှတ်မိသလောက် စာစီပြီး ပြန်ရေးပေးသွားမှာဖြစ်တဲ့အတွက် စကားပြော အတိအကျ စာလုံးတွေက ၏ သည်မရွေး ကွက်တိမဖြစ်တာတွေ၊ အကြောင်းအရာ အရှေ့ အနောက် ရောက်တာမတူတာတွေ ကျန်ခဲ့တဲ့အကြောင်းအရာရှိနေတာလေးတွေနဲ့ အမှားအမှန်တစ်ချို့ပါနေရင် ခွင့်လွှတ်ပေးဖို့ကြိုပြီး မေတ္တာရပ်ခံတောင်းပန်လိုက်ပါရစေ။သေချာတာကတော့ ဦးအောင်ပြောတဲ့အတိုင်း အပိုအလိုမဖြစ်အောင် မှတ်မိသလောက် ကိုယ့်အရေးအသားလေးနဲ့ သေချာလေးကြိုးစားပြီးပြန်ရေးရတာပါ။

ဒီအခုကိစ္စနဲ့ ပတ်သတ်ပြီး Interview မှာအောင်သမာဓိရွှေဆိုင်တည်ထောင်သူ ဦးအောင် ဖြေတဲ့ အဖြေက………” ဦးအောင်က အိပ်ရာထရင် နောက်ကျတာကိုမကြိုက်ဘူး။အဲဒါကြောင့် အိပ်ရာထနောက်ကျတဲ့ ဦးအောင်ရဲ့သား ကိုလူဟန်ကို ”သား မင်းအိပ်ရာထနောက်ကျရင်ဆင်းရဲမယ်။မဆင်းရဲအောင် အိပ်ရာစောစောထ” လို့ ပြောတယ်။ဒီတော့ ကိုလူဟန်ကလည်း ခံစားချက်တွေရှိတယ်ထင်ပါတယ်။” ဟာ အဖေ ….ခင်ဗျားကလည်း အိပ်ရာ စောစောထတိုင်းသာ ချမ်းသာရင် ပဲပြုတ်သည်တွေချမ်းသာ နေရောပေါ့” လို့ ပြန်ပြီး တုံ့ပြန်တာ။အဲဒီတော့ဦးအောင်က ပြန်ပြောတယ်”မင်းဘဝမှာမဆင်းရဲဖူးသေးလို့မင်းဒီလိုပြောတာ…အခုနေ ငါသာဆင်းရဲရင် မင်းလည်း ဝိုင်းလုပ်ပေးရဖို့ အိပ်ရာထဲမှာ နောက်ကျတဲ့အထိ အခုလိုမျိုးတောင်အိပ်နေနိုင်မှာမဟုတ်ဘူး……..ဒီစကားကို မင်းဆင်းရဲဖူးမှနားလည်မယ်……..ငါကိုယ်တိုင်ဆင်းရဲနေရင် မင်းအခုလိုမျိုးတော့ နေလို့ရမှာမဟုတ်ဘူး……..အဲဒီကျမှမင်းသိမှာပေမဲ့ မင်းတစ်ယောက်ကိုဆုံးမ ဖို့အတွက် ငါဆင်းရဲပြပြီးတော့မှ ငါ့သားသမီးလေးယောက်မှာ ကျန်တဲ့သမီးသုံးယောက်ကိုဒုက္ခတွေရောက်အောင် လုပ်လို့မဖြစ်ဘူး……..မင်းကိုယ်တိုင်နားလည်ရမယ် ”ပေါ့။အခုတော့ ကိုလူဟန်က အဲဒီလိုလုံးဝမဟုတ်တော့ပါဘူး။ပြောင်းလဲသွားပါပြီ။အခု သူ့တပည့်တွေဘာတွေနဲ့တောင်ဖြစ်နေပါပြီ။” စောစောထတိုင်းသာချမ်းသာမယ်ဆိုရင် ပဲပြုတ်သည်တွေ ချမ်းသာနေရောပေါ့”ဆိုတဲ့စကားကလည်း အခု ဦးအောင်ရဲ့ရွှေပညာသင်တန်းမှာ သင်တန်းလာတက်တဲ့သူတွေကို ကိုလူဟန်ကအရင်တုန်းက အကြောင်းပြန်ပြောပြရင်းနဲ့ လူတွေသတိထားမိပြီး အခုမှ ပြန်တင်လိုက်ကြတဲ့စကားလေးပါပဲ။လွန်ခဲ့တဲ့(၁၀) နှစ်က ကိုလူဟန်ပြောခဲ့တာပါ။သူ့မှာလည်းအဲဒီတုန်းက ခံစားချက်ရှိမယ်ထင်ပါတယ်။အခုတော့ သူအရင်လိုမဟုတ်ပဲ လုံးဝသေချာပြောင်းလဲသွားပါပြီ။
သူအရင်တုန်းက အဲလိုစောစောမထပဲ ဝင်လာတဲ့ဖုန်းကိုကိုင်ပြီးရွှေ ကိစ္စလုပ်မိလို့ ဦးအောင်သိန်းအစိတ်(၂၅) ရှုံးဖူးတယ်။မနက်စောစောတက်လာတဲ့ရွှေသတင်းကိုမသိလိုက်ပဲ ရွှေကိစ္စဖုန်းပြောတော့ သိန်းအစိတ်(၂၅) ရှုံးသွားရတာပဲပေါ့။ဒါပေမဲ့ ဦးအာင် အပြစ်မပြောပါဘူး။သူလည်း အဲဒီနောက်ပိုင်းသိသွားတယ်လေ။ဒီတော့ အခုကိစ္စက ဦးအောင်အတွက် သိန်းအစိတ်(၂၅) ဆိုတာ သိန်း(၂၅၀၀)လောက် တန်ဖိုးကြီးသွားတယ်လ်ု့ပြောလို့ရပါတယ်။ဦးအောင်ကျေနပ်တယ်လေ။သူအသိတစ်ခုရှိသွားတာပေါ့။နောက်ဆို အမှားလုပ်ဖို့ ဆင်ခြင်မိသွားမှာပါ။

တစ်နေ့သူ့ကိုစီးပွားရေးနဲ့ပတ်သတ်တဲ့MBAသင်တန်းကို ဦးအောင်က မတက်နိုင်လို့ ၃သိန်းပေးပြီး သွားတက်ခိုင်းလိုက်တာ ပြန်လာတော့ ” ဟာ ခင်ဗျားကို ဒီတစ်ခါ တကယ်လေးစားတယ် အဖေ ” ဆိုပြီး လက်ဆွဲနှုတ်ဆက်တယ်။ဦးအောင်ကလည်း ”’ဟာ သားအဖချင်း ဘာလို့ ထူးဆန်းပြီးလက်တွေဘာတွေဆွဲနှုတ်ဆက်တာလဲ ”’ လို့မေးတော့ ” သင်တန်းမှာ အချိန်အကြာကြီး သင်နေတာတွေက အိမ်မှာ အဖေ ဆုံးမပြောပြပြီး လုပ်ကိုင်နေတာတွေပဲ” ဆိုပြီးတော့ပြောတယ်။နောက်ပိုင်းသူလည်း MBAတက်ထားတော့ ဆိုင်ရဲ့Management ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲသင့်တာ သူ့ကိုပဲလုပ်ခိုင်းတော့တယ်။အခုအချိန်မှာ သူနားလည်လာတော့ ဦးအောင် ကို”စောစောထတိုင်းသာချမ်းသာမယ်ဆိုရင် ပဲပြုတ်သည်တွေ ချမ်းသာနေရောပေါ့” ဆိုတဲ့စကား နဲ့ပတ်သတ်ပြီး မှားတာတွေတောင်းပန်တယ်။ဦးအောင်ကတော့ပြောတယ်”မင်းငါ့ကိုပြောခဲ့သလိုတစ်ချိန်ပြန်ခံရဦးမှာပဲ……မင်းနောက်တပည့်တွေ နောက်ထပ်လာမယ့်အငယ်တွေထဲကနေပြီးတော့မှ မင်းငါ့ကိုပြောသလို ပြောမဲ့လူထပ်ပေါ်လာမှာ……အဲဒါတော့မင်းပြန်ခံရမယ်……..ဖြေရှင်းရမယ်……..မင်းကြိုပြင်ဆင်ထားလိုက်……ဘယ်လိုမှရှောင်လို့မရဘူး……အချိန်တန်ရင်မင်းလည်းပြန်ခံရဦးမှာပဲ ”လို့ပေါ့။အခုတော့ ကိုလူဟန် လုံးဝပြောင်းလဲသွားပြီ။လွန်ခဲ့တဲ့(၁၀)နှစ်ကလို မဟုတ်တော့ဘူး။ဒီစကားလေးက လွန်ခဲ့တဲ့(၁၀)နှစ်က စကားလေးပါ။

ကျွန်တော်မှတ်မိသလောက် အဲဒီစကားနဲ့ပတ်သတ်တဲ့အဖြေကိုရေးပြပေးခဲ့တာပါ။ကျွန်တော်ကတော့ အောင်သမာဓိ ဦးအောင်ရဲ့အဖြေမျှဝေမှု နဲ့ စေတနာကို ရင်ထဲ အသဲထဲက နှစ်နှစ်ကာကာ လှိုက်လှိုက်လှဲလှဲ ပြည့်ပြည့်ဝဝ ကြည်ညိုမိပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကျွန်တော်ကလေးဘဝတုန်းက တီဗီကလာတဲ့ကိုရီးယားဇာတ်လမ်းတွဲလေးတစ်ခုမှာ ပြောစကားလေးနှစ်ကြောင်းကိုအတိအကျမဟုတ်ပေမဲ့ သတိတရရှိနေပါသေးတယ်။လူကြီးအမျိုးသားတစ်ဦးကပြောတာကို လူငယ်အမျိုးသားကတုန့်ပြန်တဲ့အနေနဲ့ ပါ။ဒီစကားနဲ့ ထပ်တူကို သိပ္ပံမောင်ဝ ရေးထားတဲ့ စာကြောင်းတွေထဲမှာလည်း ပါဖူးပါတယ်။အဲဒီစကားနှစ်ခွန်းက”စောစော ထတဲ့ငှက် အစာတွေပိုရတယ်””စောစောထတဲ့ ပိုးကာင်ကျတော့ ငှက်အစာဖြစ်ရတယ်” တဲ့လေ။ဦးအောင်ရဲ့စကားကို ဦးအောင်ရဲ့သား ကိုလူဟန်က တုံ့ပြန်လိုက်တဲ့ လွန်ခဲ့တဲ့ (၁၀)နှစ်က စကားနဲ့စာသားမတူပေမဲ့ အဓိပ္ပါယ် သက်ရောက်မှုတွေတူပါတယ်။စာဖတ်သူတွေလည်း က်ုယ့်အတွေးနဲ့ကိုယ်ဆက်လက်ပြီး နယ်ချဲ့ကြပါကုန်။ကျွန်တော်ကတော့ စာတစ်ခုခု ဖတ်ပြီးတဲ့အခါ အဲဒီကနေဆက်စပ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အဆက်မပြတ်တွေးပြီး မဆုံးနိုင်တဲ့ တွေးတောခြင်းသံသရာကိုချဲ့ရတာလည်း စာဖတ်ခြင်းရဲ့ အရသာကောင်းတွေ များစွာထဲက အရသာထူးတစ်ပါးလို့ ခံယူလျက်ပါပဲခင်ဗျ။ကိုယ်တိုင်ဖတ်ဖို့ အတွေးတစ်စCredit to ဆရာ အောင်ထွဋ်စံ