ဖိလစ္ပုိင္ႏုိင္ငံသူ Faye Ares လုိ႔ အမည္ရတဲ့ အမ်ိဴးသမီးဟာ ေန႔လည္စာ စားဖုိ႔အတြက္ စားေသာက္ဆုိင္တစ္ခုဆီကုိ သြားခဲ့ပါတယ္။ စားေသာက္ဆုိင္ မေရာက္ခင္ လမ္းခုလတ္မွာ အသက္ 70 ေက်ာ္ အုိဖုိးႀကီးတစ္ဦးက သူမအနားကို ခ်ဥ္းကပ္ၿပီး ပုိက္ဆံစြန္႔က်ဲဖုိ႔ စကားတစ္ခြန္း ေျပာခဲ့ပါတယ္။ Faye အတြက္ေတာ့ အလြန္ အံ့ၾသသြားပါတယ္။

အဲဒီအဖုိးႀကီးဟာ သူမကို ဖိလစ္ပုိင္လုိ ေတာင္းရမ္းရမွာ ရွက္လြန္းလုိ႔ အဂၤလိပ္လုိ ေျပာဆုိၿပီး ေတာင္းရမ္းခဲ့တာပါ။ ဖိလစ္ပုိင္မွာ အဂၤလိပ္စကားေျပာတတ္သူက အေတာ္ေလးကို ရာခုိင္ႏႈန္းနည္းပါတယ္။ ဒီၾကားထဲမွာ သူမကို ပုိက္ဆံေတာင္းတဲ့ ဖိလစ္ပုိင္တစ္ဦးဟာ ဖိလစ္ပုိင္အခ်င္းခ်င္း အဂၤလိပ္လုိ ေျပာဆုိခဲ့တဲ့အတြက္လည္း အံ့ၾသခဲ့ရပါတယ္။

ဒါေပမယ့္ Faye ကိုယ္တုိင္ကလည္း အဂၤလိပ္စကားကုိ လည္လည္ပတ္ပတ္ ေျပာတတ္သူမုိ႔ အဆုိပါ အဖုိးႀကီး ေျပာသြားတာကို ေကာင္းေကာင္းနားလည္ပါတယ္။ ဒါ့အျပင္ ေလယူေလသိမ္းကလည္း အဆင့္ျမင့္လြန္းၿပီး၊ Native တစ္ဦးက ေျပာေနသည့္အလား ထင္မွတ္ရေစပါတယ္။ ဒါေၾကာင့္ စိတ္ထဲမွာ ဒီအဖုိးႀကီးဟာ အဆင့္ျမင့္ဘြဲ႕တစ္ခုခုကို ပိုင္ဆုိင္ထားတဲ့ လူလုိ႕ အၾကမ္းဖ်ဥ္းဆုံးျဖတ္ခ်က္ ခ်လုိက္ပါတယ္။

အဆုိပါ အဖုိးႀကီး ေျပာတဲ့စကားကို ဘာသာျပန္ရရင္ ” စိတ္မရွိပါနဲ႔ ကေလးမရယ္ …အဖုိးမွာ တစ္ခု ေျပာစရာ ရွိလုိ႔ပါ … အဖုိးကုိ ေအာ္ေတာ့ မေအာ္လိုက္ပါနဲ႔ဗ်ာ … အဖုိး ဗုိက္အလြန္ဆာေနလုိ႔ ပုိက္ဆံနည္းနည္းေလာက္ မစခဲ့ပါ … ဒီလုိ ေျပာရတဲ့အတြက္လည္း အလြန္ ရွက္ရပါတယ္ … “လုိ႔ ေျပာခဲ့တာပါ။

Faye ဟာ ခ်က္ခ်င္း ေနရာမွ ထြက္လာလုိ႔ အဖုိးခမ်ာ မ်က္ႏွာငယ္ရင္း က်န္ခဲ့ပါတယ္။ ဒါေပမယ့္ Faye က စားေသာက္ဆုိင္ကေန အစားအစာေတြ သြား၀ယ္တာပါ။ ႏွစ္ဦးသား အတူတူ စားေသာက္ရင္း အဖုိးကို အေၾကာင္းစုံ ေမးေတာ့ Faye ဟာ အလြန္လည္း ၀မ္းနည္းခဲ့ရသလုိ၊ ယူႀကံဳးမရ ႏွေျမာမႈလည္း ျဖစ္ခဲ့ရပါတယ္။

အဆုိပါ အမ်ိဳးသားႀကီးဟာ ႏွယ္ႏွယ္ရရ မဟုတ္ပဲ University of the Philippines နဲ႔ Ateneo de Manila University မွာ သင္ၾကားေရးဌာနမွဴးေတြအျဖစ္ ဆက္တုိက္တာ၀န္ထမ္းေဆာင္ခဲ့ၿပီး၊ အသက္ကေတာ့ 70 ရွိၿပီး၊ နာမည္ကေတာ့ Locsin  ျဖစ္ပါတယ္။ သူဟာ ဘြဲ႕ေပါင္းမ်ားစြာ ပိုင္ဆုိင္ထားေပမယ့္၊ အၿငိမ္းစားယူၿပီးခဲ့ပါတယ္။

ယင္းေနာက္ အစုအစပ္ စီးပြားေရးလုပ္ငန္းတစ္ခု လုပ္ကိုင္ခဲ့ပါတယ္။ Locsin  လုပ္လုိက္တဲ့ စီးပြားေရးက ပုိင္ဆုိင္သမွ် စည္းစိမ္ကုိပါ စုိက္ရတဲ့အထိ အ႐ႈံးေပၚခဲ့ပါတယ္။ ဒီေနာက္ပုိင္း အိမ္က ႏွင္ခ်ခံခဲ့ရၿပီး၊ ႀကံဳရာမွာေန၊ ထမင္းနပ္မမွန္တဲ့ မနက္ျဖန္ေတြကုိ ျဖတ္သန္းေနရသူ ျဖစ္ေၾကာင္း သိခဲ့ရတာပါ။ Faye ကေတာ့ အဖုိးကို တက္ႏုိင္တဲ့ အကူအညီေတြေပးၾကဖုိ႔ သူမနဲ႔ နီးစပ္သူေတြကို စည္း႐ုံးေနပါတယ္။

Credit: နတ္စည္ေတာ္ (Shwemom)

source : viral4real.com

..

Unicode

ဖိလစ်ပိုင်နိုင်ငံသူ Faye Ares လို့ အမည်ရတဲ့ အမျိူးသမီးဟာ နေ့လည်စာ စားဖို့အတွက် စားသောက်ဆိုင်တစ်ခုဆီကို သွားခဲ့ပါတယ်။ စားသောက်ဆိုင် မရောက်ခင် လမ်းခုလတ်မှာ အသက် 70 ကျော် အိုဖိုးကြီးတစ်ဦးက သူမအနားကို ချဉ်းကပ်ပြီး ပိုက်ဆံစွန့်ကျဲဖို့ စကားတစ်ခွန်း ပြောခဲ့ပါတယ်။ Faye အတွက်တော့ အလွန် အံ့သြသွားပါတယ်။

အဲဒီအဖိုးကြီးဟာ သူမကို ဖိလစ်ပိုင်လို တောင်းရမ်းရမှာ ရှက်လွန်းလို့ အင်္ဂလိပ်လို ပြောဆိုပြီး တောင်းရမ်းခဲ့တာပါ။ ဖိလစ်ပိုင်မှာ အင်္ဂလိပ်စကားပြောတတ်သူက အတော်လေးကို ရာခိုင်နှုန်းနည်းပါတယ်။ ဒီကြားထဲမှာ သူမကို ပိုက်ဆံတောင်းတဲ့ ဖိလစ်ပိုင်တစ်ဦးဟာ ဖိလစ်ပိုင်အချင်းချင်း အင်္ဂလိပ်လို ပြောဆိုခဲ့တဲ့အတွက်လည်း အံ့သြခဲ့ရပါတယ်။

ဒါပေမယ့် Faye ကိုယ်တိုင်ကလည်း အင်္ဂလိပ်စကားကို လည်လည်ပတ်ပတ် ပြောတတ်သူမို့ အဆိုပါ အဖိုးကြီး ပြောသွားတာကို ကောင်းကောင်းနားလည်ပါတယ်။ ဒါ့အပြင် လေယူလေသိမ်းကလည်း အဆင့်မြင့်လွန်းပြီး၊ Native တစ်ဦးက ပြောနေသည့်အလား ထင်မှတ်ရစေပါတယ်။ ဒါကြောင့် စိတ်ထဲမှာ ဒီအဖိုးကြီးဟာ အဆင့်မြင့်ဘွဲ့တစ်ခုခုကို ပိုင်ဆိုင်ထားတဲ့ လူလို့ အကြမ်းဖျဉ်းဆုံးဖြတ်ချက် ချလိုက်ပါတယ်။

အဆိုပါ အဖိုးကြီး ပြောတဲ့စကားကို ဘာသာပြန်ရရင် ” စိတ်မရှိပါနဲ့ ကလေးမရယ် …အဖိုးမှာ တစ်ခု ပြောစရာ ရှိလို့ပါ … အဖိုးကို အော်တော့ မအော်လိုက်ပါနဲ့ဗျာ … အဖိုး ဗိုက်အလွန်ဆာနေလို့ ပိုက်ဆံနည်းနည်းလောက် မစခဲ့ပါ … ဒီလို ပြောရတဲ့အတွက်လည်း အလွန် ရှက်ရပါတယ် … “လို့ ပြောခဲ့တာပါ။

Faye ဟာ ချက်ချင်း နေရာမှ ထွက်လာလို့ အဖိုးခမျာ မျက်နှာငယ်ရင်း ကျန်ခဲ့ပါတယ်။ ဒါပေမယ့် Faye က စားသောက်ဆိုင်ကနေ အစားအစာတွေ သွားဝယ်တာပါ။ နှစ်ဦးသား အတူတူ စားသောက်ရင်း အဖိုးကို အကြောင်းစုံ မေးတော့ Faye ဟာ အလွန်လည်း ၀မ်းနည်းခဲ့ရသလို၊ ယူကြုံးမရ နှမြောမှုလည်း ဖြစ်ခဲ့ရပါတယ်။

အဆိုပါ အမျိုးသားကြီးဟာ နှယ်နှယ်ရရ မဟုတ်ပဲ University of the Philippines နဲ့ Ateneo de Manila University မှာ သင်ကြားရေးဌာနမှူးတွေအဖြစ် ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အသက်ကတော့ 70 ရှိပြီး၊ နာမည်ကတော့ Locsin  ဖြစ်ပါတယ်။ သူဟာ ဘွဲ့ပေါင်းများစွာ ပိုင်ဆိုင်ထားပေမယ့်၊ အငြိမ်းစားယူပြီးခဲ့ပါတယ်။

ယင်းနောက် အစုအစပ် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ခဲ့ပါတယ်။ Locsin  လုပ်လိုက်တဲ့ စီးပွားရေးက ပိုင်ဆိုင်သမျှ စည်းစိမ်ကိုပါ စိုက်ရတဲ့အထိ အရှုံးပေါ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း အိမ်က နှင်ချခံခဲ့ရပြီး၊ ကြံုရာမှာနေ၊ ထမင်းနပ်မမှန်တဲ့ မနက်ဖြန်တွေကို ဖြတ်သန်းနေရသူ ဖြစ်ကြောင်း သိခဲ့ရတာပါ။ Faye ကတော့ အဖိုးကို တက်နိုင်တဲ့ အကူအညီတွေပေးကြဖို့ သူမနဲ့ နီးစပ်သူတွေကို စည်းရုံးနေပါတယ်။

Credit: နတ်စည်တော် (Shwemom)

source : viral4real.com

Originally posted 2018-10-25 15:32:31.