ခႏၶာကိုယ္ဖြဲ႔စည္းပံု အရေရာ၊ သဘာ၀အရပါ အမ်ိဳးသမီးေတြဟာ အသက္ၾကီးလာရင္ အမ်ိဳးသားေတြထက္ အရိုးပါး အရိုးပြေရာဂါ ျဖစ္နိုင္ေခ်ပိုမ်ားပါတယ္။ အရိုးပါး အရိုးပြ ေရာဂါျဖစ္လာရင္ ကုသရ ခက္ခဲတာေၾကာင့္ မျဖစ္ခင္ ၾကိဳတင္ကာကြယ္ထားတာ အေကာင္းဆံုးပါပဲ။ ပ်ိဳေမတို႔ ကိုယ္တိုင္လည္း ဖတ္္သင့္ျပီး ေမေမတို႔ကိုလည္း ဒီနည္းအတိုင္း က်န္းမာေရးေစာင့္ေရွာက္မႈ ေပးလိုက္ပါေနာ္။

(၁) ဆားစားသံုးမႈကို ေလွ်ာ့ခ်ပါ

တစ္ေန႔တာ အစားအေသာက္ထဲမွာ ဆားပမာဏ မ်ားလြန္းတာက အရိုးဆဲလ္ေတြကို တိုက္ရိုက္သက္ေရာက္မႈ ျဖစ္ေစျပီး အရိုးပါး အရိုးပြတာကို ေစာေစာစီးစီး ၾကံဳေတြ႔လာနိုင္ပါတယ္။

(၂) ပရိုတင္းနဲ႔ ကယ္လ္စီယံကို လံုေလာက္ေအာင္စားပါ

ပရိုတင္းဓာတ္္က အရိုးသိပ္သည္းမႈ ေကာင္းေစတာေၾကာင့္ ေန႔တိုင္းေန႔တိုင္းမွာ အသားကို လံုလံုေလာက္ေလာက္ စားေပးရပါမယ္။ အသားမၾကိဳက္ဘူး ဆိုရင္ေတာင္ အသားဓာတ္ရတဲ့ အစားအစာေတြြကို စားသင့္ပါတယ္။ ျပီးေတာ့ အရိုးသန္မာဖို႔ ကယ္လ္စီယံဓာတ္က အလိုအပ္ဆံုးဆိုတာ လူတိုင္းသိျပီးသားပါ။   ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ကယ္လ္စီယံကို အမ်ားဆံုးရနိုင္တဲ့ အစားအစာေတြကေတာ့ ဆယ္လ္မြန္ငါး၊ တို႔ဖူး နဲ႔ပဲငပိတို႔ပဲ ျဖစ္ပါတယ္။ ေနာက္ထပ္ အရိုးအတြက္အေရးၾကီးတာကေတာ့ ဗီတာမင္ဒီပဲ ျဖစ္ပါတယ္။ ဗီတာမင္ ဒီကိုေနေရာင္ျခည္ကေနအမ်ားဆံုးရနိုင္တာမို႕ မနက္ခင္းဆယ္နာရီမထိုးခင္ေနစာလံႈေပးသင့္ပါတယ္။

(၃) အရိုးသန္မာေစမယ့္ ေလ့က်င့္ခန္းေတြ လုပ္ပါ

အရိုးေတြ အခ်ိန္ေတြအၾကာၾကီး သန္မာေနဖို႕ ေလ့က်င့္ခန္းကမျဖစ္မေနလိုအပ္ပါတယ္။ အရိုးသန္မာေစဖို႕အတြက္ ၀ိတ္တံုးေလးေတြ မ တာ၊ လမ္းအေနွး/အျမန္ေလွ်ာက္တာ နဲ႕ က ခုန္တာေတြကို လုပ္ေပးပါ။

(၄) ကိုယ္အေလးခ်ိန္ထိန္းပါ

ခႏၶာကိုယ္က ဘယ္ေလာက္ ၀လာလာ အရိုးကေတာ့ နဂိုအရြယ္အစား အတိုင္းပါပဲ။ အသက္(၃၀)ေက်ာ္ျပီ ဆိုတာနဲ႔ အရိုးဖြဲ႕စည္းမႈကလည္း အလုိလို ပါးလ်လာတာမို႕ ခႏၶာကိုယ္ၾကီးေလေလ အရိုးခံနိုင္ရည္ နည္းေလေလျဖစ္လာတာေၾကာင့္ အရိုးအက္တာ၊ က်ိဳးတာေတြ ျဖစ္လြယ္ပါတယ္။ ဒါေၾကာင့္ ပံုမွန္္ကိုယ္အေလးခ်ိန္ရေအာင္ အျမဲတမ္း ထိန္းထားသင့္တာပါ။

(၅) တစ္ေန႔ကို ေကာ္ဖီတစ္ခြက္ထက္ ပိုမေသာက္ပါနဲ႕

သင္ဟာလည္း ကမၻာေပၚက လူေပါင္းမ်ားစြာလိုပဲ မနက္ခင္းမွာ ေကာ္ဖီတစ္ခြက္နဲ႔ မစတင္ရရင္ မျပည့္စံုဘူးလို႕ ခံစားရတဲ့သူလား။ အဲ့ဒါဆိုရင္ေတာ့ အဲ့ဒီ မနက္တစ္ခြက္နဲဲ႔တင္ ေက်နပ္လိုက္ဖို႔ အႀကံျပဳခ်င္ပါတယ္။ ဘာလို႔ဆို ကဖင္းဓာတ္ေတြပိုလွ်ံသြားရင္ အရိုးရဲ႕သိပ္သည္းဆနဲ႕ပတ္သက္လို႕ တိုက္ရိုက္ထိခိုက္မႈကိုျဖစ္ေစျပီး အရိုးပါး အရိုးပြေရာဂါျဖစ္နိုင္ေခ်ပိုမ်ားလို႕ပါ။

Credit: MAY THAZINHTOO (auntymay.com)

Unicode

ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရရော၊ သဘာဝအရပါ အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အမျိုးသားတွေထက် အရိုးပါး အရိုးပွရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ အရိုးပါး အရိုးပွ ရောဂါဖြစ်လာရင် ကုသရ ခက်ခဲတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ပျိုမေတို့ ကိုယ်တိုင်လည်း ဖတ််သင့်ပြီး မေမေတို့ကိုလည်း ဒီနည်းအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလိုက်ပါနော်။

(၁) ဆားစားသုံးမှုကို လျှော့ချပါ

တစ်နေ့တာ အစားအသောက်ထဲမှာ ဆားပမာဏ များလွန်းတာက အရိုးဆဲလ်တွေကို တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပြီး အရိုးပါး အရိုးပွတာကို စောစောစီးစီး ကြုံတွေ့လာနိုင်ပါတယ်။

(၂) ပရိုတင်းနဲ့ ကယ်လ်စီယံကို လုံလောက်အောင်စားပါ

ပရိုတင်းဓာတ််က အရိုးသိပ်သည်းမှု ကောင်းစေတာကြောင့် နေ့တိုင်းနေ့တိုင်းမှာ အသားကို လုံလုံလောက်လောက် စားပေးရပါမယ်။ အသားမကြိုက်ဘူး ဆိုရင်တောင် အသားဓာတ်ရတဲ့ အစားအစာတွွေကို စားသင့်ပါတယ်။ ပြီးတော့ အရိုးသန်မာဖို့ ကယ်လ်စီယံဓာတ်က အလိုအပ်ဆုံးဆိုတာ လူတိုင်းသိပြီးသားပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်စီယံကို အများဆုံးရနိုင်တဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်ငါး၊ တို့ဖူး နဲ့ပဲငပိတို့ပဲ ဖြစ်ပါတယ်။ နောက်ထပ် အရိုးအတွက်အရေးကြီးတာကတော့ ဗီတာမင်ဒီပဲ ဖြစ်ပါတယ်။ ဗီတာမင် ဒီကိုနေရောင်ခြည်ကနေအများဆုံးရနိုင်တာမို့ မနက်ခင်းဆယ်နာရီမထိုးခင်နေစာလှုံပေးသင့်ပါတယ်။

(၃) အရိုးသန်မာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပါ

အရိုးတွေ အချိန်တွေအကြာကြီး သန်မာနေဖို့ လေ့ကျင့်ခန်းကမဖြစ်မနေလိုအပ်ပါတယ်။ အရိုးသန်မာစေဖို့အတွက် ၀ိတ်တုံးလေးတွေ မ တာ၊ လမ်းအနှေး/အမြန်လျှောက်တာ နဲ့ က ခုန်တာတွေကို လုပ်ပေးပါ။

(၄) ကိုယ်အလေးချိန်ထိန်းပါ

ခန္ဓာကိုယ်က ဘယ်လောက် ၀လာလာ အရိုးကတော့ နဂိုအရွယ်အစား အတိုင်းပါပဲ။ အသက်(၃၀)ကျော်ပြီ ဆိုတာနဲ့ အရိုးဖွဲ့စည်းမှုကလည်း အလိုလို ပါးလျလာတာမို့ ခန္ဓာကိုယ်ကြီးလေလေ အရိုးခံနိုင်ရည် နည်းလေလေဖြစ်လာတာကြောင့် အရိုးအက်တာ၊ ကျိုးတာတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ပုံမှန််ကိုယ်အလေးချိန်ရအောင် အမြဲတမ်း ထိန်းထားသင့်တာပါ။

(၅) တစ်နေ့ကို ကော်ဖီတစ်ခွက်ထက် ပိုမသောက်ပါနဲ့

သင်ဟာလည်း ကမ္ဘာပေါ်က လူပေါင်းများစွာလိုပဲ မနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့ မစတင်ရရင် မပြည့်စုံဘူးလို့ ခံစားရတဲ့သူလား။ အဲ့ဒါဆိုရင်တော့ အဲ့ဒီ မနက်တစ်ခွက်နဲဲ့တင် ကျေနပ်လိုက်ဖို့ အကြံပြုချင်ပါတယ်။ ဘာလို့ဆို ကဖင်းဓာတ်တွေပိုလျှံသွားရင် အရိုးရဲ့သိပ်သည်းဆနဲ့ပတ်သက်လို့ တိုက်ရိုက်ထိခိုက်မှုကိုဖြစ်စေပြီး အရိုးပါး အရိုးပွရောဂါဖြစ်နိုင်ချေပိုများလို့ပါ။

MAY THAZINHTOO

Originally posted 2018-07-25 13:37:36.