Zawgyi ျဖင့္ဖတ္ရန္

မေကာင္းတဲ့ျဖစ္ရပ္နဲ႔ သမိုင္းမွတ္တမ္းက်န္ရစ္ခဲ့တဲ့ တုိင္တန္းနစ္သေဘၤာႀကီးနဲ႔ တစ္ေထရာတည္း တူတဲ့ တုိင္တန္းနစ္-၂ သေဘၤာႀကီးရဲ႕ ပထမဆုံး ပင္လယ္ေရေၾကာင္းခရီးစဥ္ကုိ ၂၀၂၂ မွာ စတင္ေျပးဆြဲဖို႔ ရွိေနပါၿပီ။

ပထမဆုံး ခရီးစဥ္ရြက္လႊင့္မယ့္ တိုင္တန္းနစ္-၂ သေဘၤာႀကီးမွာလည္း ၁၉၁၂ ခုႏွစ္က နစ္ျမဳပ္ခဲ့တဲ့ တိုင္တန္းနစ္သေဘၤာႀကီးမွာ လိုက္ပါခဲ့တဲ့ ခရီးသည္နဲ႔ အမႈထမ္းအေရအတြက္အတိုင္း ကြက္တိနီးပါး ထပ္တူက်တဲ့ ဦးေရႏႈန္းထားအျဖစ္ ခရီးသည္ ၂၄၀၀ ၊ အမႈထမ္း ၉၀၀ နဲ႔အတူ မူရင္းတို္င္တန္းနစ္သေဘၤာႀကီးရဲ႕ ခရီးစဥ္လမ္းေၾကာင္းအတိုင္း ခုတ္ေမာင္းေျပးဆြဲမွာ ျဖစ္ပါတယ္။
ဒါေပမယ့္ ခုလက္ရွိသေဘၤာႀကီးမွာေတာ့ ေခတ္မီေဘးကင္းလုံၿခံဳေရးစနစ္ေတြနဲ႔အတူ အသက္ကယ္အကၤ်ီေတြ၊ အသက္ကယ္ေလွေတြကေတာ့ လုံလုံေလာက္ေလာက္ ပါရွိမွာ ျဖစ္ပါတယ္။


တိုင္တန္းနစ္-၂ သေဘၤာႀကီးအေနနဲ႔ ပထမဆုံးေရခ်တဲ့ ခရီးစဥ္အျဖစ္ ဒူဘိုင္းကေန အဂၤလန္က ေဆာက္သမ္တန္ဆီ သီတင္းႏွစ္ပတ္တာ ခရီးစဥ္ကို စတင္ခုတ္ေမာင္းမွာပါ။ ဒီေနာက္မွာေတာ့ မူလလမ္းေၾကာင္းေဟာင္းအတိုင္း ပင္လယ္ေရေၾကာင္းပထမခရီးစဥ္အျဖစ္ အဂၤလန္ကေန နယူးေယာက္ကို ခုတ္ေမာင္းမွာ ျဖစ္ပါတယ္။

ဒီခရီးစဥ္အၿပီးမွာေတာ့ ကမာၻ႔တစ္၀န္းေရေၾကာင္းခရီးစဥ္ေတြကို ေျပးဆြဲေပးမွာပဲ ျဖစ္ပါတယ္။

၁၉၁၂ ခုႏွစ္ တိုင္တန္းနစ္သေဘၤာႀကီးရဲ႕ ခရီးစဥ္ကေတာ့ ေရခဲေတာင္နဲ႔ တိုက္မိၿပီး စိတ္ေၾကကြဲဖြယ္ နစ္ျမဳပ္ခဲ့ရတာပဲ ျဖစ္ပါတယ္။ ထိုေခတ္ထုိအခါက အႀကီးဆုံးသေဘၤာႀကီးအျဖစ္ တည္ေဆာက္ၿပီး ပထမဆုံးပင္လယ္ေရေၾကာင္းခရီးစဥ္ ေျပးဆြဲစဥ္မွာပဲ သမိုင္းတြင္တဲ့ အျဖစ္ဆိုးႀကီး ႀကံဳခဲ့ရၿပီး သေဘၤာေပၚ လိုက္ပါသူ သုံးပုံႏွစ္ပုံေက်ာ္တဲ့ လူေပါင္း ၁၅၀၀ ေက်ာ္ ေသဆုံးခဲ့ရတာ ျဖစ္ပါတယ္။

တိုင္တန္းနစ္ရဲ႕ အျဖစ္ဆိုးကို မင္းသမီး ကိတ္၀င္းစလက္နဲ႔ မင္းသားလီယိုနာဒိုဒီကာပရီယိုတို႔နဲ႔ ၁၉၉၇ က ႐ုပ္ရွင္႐ုိက္ကူးျပသခဲ့ရာမွာ ကမာၻ႔တစ္လႊား ေအာင္ျမင္မႈေတြရၿပီး ေခတ္သစ္ဂႏၱ၀င္႐ုပ္ရွင္ကားအျဖစ္ က်န္ရစ္ခဲ့တာပဲ ျဖစ္ပါတယ္။

အခု တိုင္တန္းနစ္-၂ သေဘၤာႀကီးကို Blue Star Line ကုမၸဏီက ၂၀၁၅ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့တာျဖစ္ေပမယ့္ ဘ႑ာေရးသေဘာကြဲလြဲမႈေတြေၾကာင့္ ရပ္တန္႔ထားခဲ့ရတာပါ။ ၂၀၁၆ ခုႏွစ္မွာ ေရခ်ၿပီး ေျပးဆြဲဖို႔ အသင့္ျဖစ္ေအာင္ စီစဥ္ထားခဲ့ေပမယ့္ တည္ေဆာက္ေရး ရပ္တန္႔ေနခဲ့ၿပီးေနာက္မွာ စက္တင္ဘာလမွာေတာ့ ၿဗိတိန္က သေဘၤာတည္ေဆာက္ေရးကုမၸဏီႀကီးျဖစ္တဲ့ Blue Star Line u တိုင္တန္းနစ္-၂ သေဘၤာႀကီးကုိ အၿပီးသတ္အထိ တည္ေဆာက္မယ္လုိ႔ ေၾကညာလာခဲ့တာပါပဲ။

ဒီတုိင္တန္းနစ္-၂ သေဘၤာႀကီးရဲ႕ တည္ေဆာက္မႈကုန္က်စရိတ္ကေတာ့ အေမရိကန္ေဒၚလာ သန္းငါးရာေက်ာ္ ရွိမွာ ျဖစ္ပါတယ္။

“တုိင္တန္းနစ္-၂ သေဘၤာဟာလည္း မူလလမ္းေၾကာင္းေဟာင္းအတိုင္း ေဆာက္သမ္တန္က ခရီးသည္ေတြကို တင္ေဆာင္ၿပီး နယူးေယာက္ဆီ ခုတ္ေမာင္းမွာပါ။ ဒါေပမယ့္ ဒီသေဘၤာသစ္ႀကီးကေတာ့ ကမာၻကို ေရေၾကာင္းကေန ဆက္လက္ပတ္ေမာင္းရြက္လႊင့္မယ့္ သေဘၤာႀကီးပဲ ျဖစ္ပါတယ္။ သူမ(သေဘၤာသစ္ႀကီးကို ရည္ညႊန္း) ေရာက္ေလရာ ဆိပ္ကမ္းတိုင္းမွာ အံ့ၾသမင္တက္မႈေတြ၊ ညိွ႔ငင္မႈေတြနဲ႔ လူေတြကို ဖမ္းစားႏုိင္မွာ ျဖစ္ပါတယ္။”လို႔ Blue Star Line ကုမၸဏီရဲ႕ ဥကၠဌျဖစ္သူ ကလိုက္ပါမာက ေျပာခဲ့ပါေတာ့တယ္။

Rf; Time
Writer_ေမာင္သံဆင့္ ( Daily Hot News )

Unicode ဖြင့်ဖတ်ရန်

မကောင်းတဲ့ဖြစ်ရပ်နဲ့ သမိုင်းမှတ်တမ်းကျန်ရစ်ခဲ့တဲ့ တိုင်တန်းနစ်သင်္ဘောကြီးနဲ့ တစ်ထေရာတည်း တူတဲ့ တိုင်တန်းနစ်-၂ သင်္ဘောကြီးရဲ့ ပထမဆုံး ပင်လယ်ရေကြောင်းခရီးစဉ်ကို ၂၀၂၂ မှာ စတင်ပြေးဆွဲဖို့ ရှိနေပါပြီ။

ပထမဆုံး ခရီးစဉ်ရွက်လွှင့်မယ့် တိုင်တန်းနစ်-၂ သင်္ဘောကြီးမှာလည်း ၁၉၁၂ ခုနှစ်က နစ်မြုပ်ခဲ့တဲ့ တိုင်တန်းနစ်သင်္ဘောကြီးမှာ လိုက်ပါခဲ့တဲ့ ခရီးသည်နဲ့ အမှုထမ်းအရေအတွက်အတိုင်း ကွက်တိနီးပါး ထပ်တူကျတဲ့ ဦးရေနှုန်းထားအဖြစ် ခရီးသည် ၂၄၀၀ ၊ အမှုထမ်း ၉၀၀ နဲ့အတူ မူရင်းတိုင်တန်းနစ်သင်္ဘောကြီးရဲ့ ခရီးစဉ်လမ်းကြောင်းအတိုင်း ခုတ်မောင်းပြေးဆွဲမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ခုလက်ရှိသင်္ဘောကြီးမှာတော့ ခေတ်မီဘေးကင်းလုံခြုံရေးစနစ်တွေနဲ့အတူ အသက်ကယ်အင်္ကျီတွေ၊ အသက်ကယ်လှေတွေကတော့ လုံလုံလောက်လောက် ပါရှိမှာ ဖြစ်ပါတယ်။
တိုင်တန်းနစ်-၂ သင်္ဘောကြီးအနေနဲ့ ပထမဆုံးရေချတဲ့ ခရီးစဉ်အဖြစ် ဒူဘိုင်းကနေ အင်္ဂလန်က ဆောက်သမ်တန်ဆီ သီတင်းနှစ်ပတ်တာ ခရီးစဉ်ကို စတင်ခုတ်မောင်းမှာပါ။ ဒီနောက်မှာတော့ မူလလမ်းကြောင်းဟောင်းအတိုင်း ပင်လယ်ရေကြောင်းပထမခရီးစဉ်အဖြစ် အင်္ဂလန်ကနေ နယူးယောက်ကို ခုတ်မောင်းမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အပြီးမှာတော့ ကမ္ဘာ့တစ်ဝန်းရေကြောင်းခရီးစဉ်တွေကို ပြေးဆွဲပေးမှာပဲ ဖြစ်ပါတယ်။

၁၉၁၂ ခုနှစ် တိုင်တန်းနစ်သင်္ဘောကြီးရဲ့ ခရီးစဉ်ကတော့ ရေခဲတောင်နဲ့ တိုက်မိပြီး စိတ်ကြေကွဲဖွယ် နစ်မြုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုခေတ်ထိုအခါက အကြီးဆုံးသင်္ဘောကြီးအဖြစ် တည်ဆောက်ပြီး ပထမဆုံးပင်လယ်ရေကြောင်းခရီးစဉ် ပြေးဆွဲစဉ်မှာပဲ သမိုင်းတွင်တဲ့ အဖြစ်ဆိုးကြီး ကြုံခဲ့ရပြီး သင်္ဘောပေါ် လိုက်ပါသူ သုံးပုံနှစ်ပုံကျော်တဲ့ လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တိုင်တန်းနစ်ရဲ့ အဖြစ်ဆိုးကို မင်းသမီး ကိတ်ဝင်းစလက်နဲ့ မင်းသားလီယိုနာဒိုဒီကာပရီယိုတို့နဲ့ ၁၉၉၇ က ရုပ်ရှင်ရိုက်ကူးပြသခဲ့ရာမှာ ကမ္ဘာ့တစ်လွှား အောင်မြင်မှုတွေရပြီး ခေတ်သစ်ဂန္တဝင်ရုပ်ရှင်ကားအဖြစ် ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။

အခု တိုင်တန်းနစ်-၂ သင်္ဘောကြီးကို Blue Star Line ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပေမယ့် ဘဏ္ဍာရေးသဘောကွဲလွဲမှုတွေကြောင့် ရပ်တန့်ထားခဲ့ရတာပါ။ ၂၀၁၆ ခုနှစ်မှာ ရေချပြီး ပြေးဆွဲဖို့ အသင့်ဖြစ်အောင် စီစဉ်ထားခဲ့ပေမယ့် တည်ဆောက်ရေး ရပ်တန့်နေခဲ့ပြီးနောက်မှာ စက်တင်ဘာလမှာတော့ ဗြိတိန်က သင်္ဘောတည်ဆောက်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Blue Star Line u တိုင်တန်းနစ်-၂ သင်္ဘောကြီးကို အပြီးသတ်အထိ တည်ဆောက်မယ်လို့ ကြေညာလာခဲ့တာပါပဲ။

ဒီတိုင်တန်းနစ်-၂ သင်္ဘောကြီးရဲ့ တည်ဆောက်မှုကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ သန်းငါးရာကျော် ရှိမှာ ဖြစ်ပါတယ်။

“တိုင်တန်းနစ်-၂ သင်္ဘောဟာလည်း မူလလမ်းကြောင်းဟောင်းအတိုင်း ဆောက်သမ်တန်က ခရီးသည်တွေကို တင်ဆောင်ပြီး နယူးယောက်ဆီ ခုတ်မောင်းမှာပါ။ ဒါပေမယ့် ဒီသင်္ဘောသစ်ကြီးကတော့ ကမ္ဘာကို ရေကြောင်းကနေ ဆက်လက်ပတ်မောင်းရွက်လွှင့်မယ့် သင်္ဘောကြီးပဲ ဖြစ်ပါတယ်။ သူမ(သင်္ဘောသစ်ကြီးကို ရည်ညွှန်း) ရောက်လေရာ ဆိပ်ကမ်းတိုင်းမှာ အံ့သြမင်တက်မှုတွေ၊ ညှိ့ငင်မှုတွေနဲ့ လူတွေကို ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။”လို့ Blue Star Line ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သူ ကလိုက်ပါမာက ပြောခဲ့ပါတော့တယ်။

Rf; Time
Writer_မောင်သံဆင့် ( Daily Hot News )

Originally posted 2018-10-25 12:55:54.