ၿဗိတိန္ရဲ႕ သဘာ၀ သမုိင္းျပတုိက္ကေန ဦးစီးၿပီး ႏွစ္စဥ္က်င္းပတဲ့ (၂၀၁၈) ခုႏွစ္ ေတာရုိင္းတိရိစာၦန္ ဓာတ္ပုံၿပိဳင္ပြဲမွာေတာ့ ဘယ္သူမွ ထင္မွတ္မထားတဲ့ ဓာတ္ပုံဆရာတစ္ေယာက္ေပၚထြက္လာခဲ့ပါတယ္။ အဲဒါကေတာ့ အသက္ (၁၀) ႏွစ္အရြယ္သာ ရွိေသးတဲ့ ကေလးငယ္ေလး အာ့ရွ္ဒိ ပဲျဖစ္ၿပီး သူ႕ရဲ႕ ဓာတ္ပုံကုိ (၂၀၁၈) ရဲဲ႕ အေကာင္းဆုံး သဘာ၀ေတာရုိင္းတိရိစာၦန္ဓာတ္ပုံတစ္ပုံအျဖစ္ ဆုခ်ီးျမွင့္ေပးခဲ့တာပါ။

ပုိက္လုံးတစ္ခုထဲက ဇီးကြက္ေပါက္ေလးႏွစ္ေကာင္ကုိ ရုိက္ကူးထားတဲ့ အာ့ရွ္ဒိရဲ႕ ဓာတ္ပုံကုိ ၿဗိတိန္ရဲ႕ သဘာ၀ သမုိင္းျပတုိက္က တာ၀န္ရွိသူေတြ ႀကိဳက္ႏွစ္သက္ခဲ့ၾကၿပီးတဲ့ေနာက္ (၂၀၁၈) ရဲ႕ အသက္ (၁၀)ႏွစ္နဲ႔ေအာက္ လူငယ္ဓာတ္ပုံဆု ဆုိၿပီး ဆုအသစ္တစ္ခု တုိးကာ ခ်ီးျမွင့္ေပးခဲ့ၾကတာပါ။

thelogicalindian

အိႏိၵယႏုိင္ငံ၊ ပန္ဂ်ပ္ျပည္နယ္ မွာေနထုိင္တဲ့ အာ့ရွ္ဒိ အတြက္ေတာ့ ဒီဆုဟာ ဘ၀တစ္ခုလုံး အမွတ္ရေနေစမယ့္ ဆုျဖစ္ၿပီး သူ႕ကုိ ဓာတ္ပုံသမားတစ္ေယာက္ရဲ႕ ဘ၀ဆီ ပီပီျပင္ျပင္ တြန္းပုိ႔ေပးလုိက္တဲ့ ဆုလုိ႔ေတာင္ ေျပာရမွာပါ။ အာ့ရွ္ဒိရဲ႕ ဖခင္ဟာလည္း သဘာ၀ဓာတ္ပုံသမားတစ္ေယာက္ျဖစ္ၿပီး သားအဖႏွစ္ေယာက္ ခရီးသြားၾကခ်ိန္မွာ ဒီ ဇီးကြက္ေလးႏွစ္ေကာင္ ရွိေနတဲ့ေနရာကုိ အာ့ရွ္ဒိ က ျမင္ေတြ႕ခဲ့တာပါ။

အဲဒီေနာက္မွာေတာ့ သူ႕ရဲ႕ဖခင္ကုိ ကားရပ္ခုိင္းဖုိ႔ ေျပာခဲ့ၿပီး ဓာတ္ပုံရုိက္ယူခဲ့တာျဖစ္ပါတယ္။ သူ႕ရဲ႕ ဖခင္က အာ့ရွ္ဒိအေနနဲ႔ အလကားသက္သက္ အခ်ိန္ျဖဳန္းတာပဲလုိ႔ ယူဆခဲ့ၿပီး ဓာတ္ပုံကုိ ျပသလုိက္တဲ့အခ်ိန္မွာေတာ့ အံ့ၾသသြားခဲ့တယ္လုိ႔ အသက္ (၁၀)ႏွစ္အရြယ္ ဓာတ္ပုံဆရာေလးက ဆုေပးပြဲ စင္ျမင့္ထက္မွာ ေျပာဆုိသြားခဲ့တာပါ။

အာ့ရွ္ဒိရဲ႕ ဖခင္ျဖစ္သူ ရန္ဒိ က ပေရာ္ဖက္ရွင္နယ္ ေတာရုိင္းတိရိစာၦန္ရုိက္ကူးေရး ဓာတ္ပုံဆရာတစ္ေယာက္ျဖစ္ၿပီး အိႏၵိယႏုိင္ငံတြင္း လွည့္လည္သြားလာေနသူပါ။ ရန္ဒိက သူ႕ရဲ႕ သားငယ္ကုိ အသက္ (၆) ႏွစ္အရြယ္ကတည္းက ကင္မရာ အသုံးျပဳတတ္ေအာင္ သင္ၾကားေပးခဲ့ၿပီး သူ႕ရဲ႕ ခရီးစဥ္တစ္ခ်ိဳ႕ကုိ ေခၚေဆာင္သြားေလ့ရွိပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အာ့ရွ္ဒိ ဟာ ဆုိရွယ္မီဒီယာေပၚမွာ နာမည္ႀကီးေနၿပီး (၁၀)ႏွစ္အရြယ္နဲ႔ ဓာတ္ပုံသမားတုိင္းလုိခ်င္တဲ့ ဓာတ္ပုံဆုတစ္ဆု ရေအာင္ယူႏုိင္သူ အျဖစ္ ေရပန္းစားေနခဲ့ပါတယ္..။

(၂၀၁၈) ရဲ႕ အေကာင္းဆုံး ေတာရုိင္းတိရိစာၦန္ဓာတ္ပုံမ်ား

.

.

thelogicalindian

Credit: Linn (shwemom.com)

Source : thelogicalindian

..

Unicode

ဗြိတိန်ရဲ့ သဘာဝ သမိုင်းပြတိုက်ကနေ ဦးစီးပြီး နှစ်စဉ်ကျင်းပတဲ့ (၂၀၁၈) ခုနှစ် တောရိုင်းတိရိစ္ဆာန် ဓာတ်ပုံပြိုင်ပွဲမှာတော့ ဘယ်သူမှ ထင်မှတ်မထားတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ အသက် (၁၀) နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်လေး အာ့ရှ်ဒိ ပဲဖြစ်ပြီး သူ့ရဲ့ ဓာတ်ပုံကို (၂၀၁၈) ရဲဲ့ အကောင်းဆုံး သဘာဝတောရိုင်းတိရိစ္ဆာန်ဓာတ်ပုံတစ်ပုံအဖြစ် ဆုချီးမြှင့်ပေးခဲ့တာပါ။

ပိုက်လုံးတစ်ခုထဲက ဇီးကွက်ပေါက်လေးနှစ်ကောင်ကို ရိုက်ကူးထားတဲ့ အာ့ရှ်ဒိရဲ့ ဓာတ်ပုံကို ဗြိတိန်ရဲ့ သဘာဝ သမိုင်းပြတိုက်က တာဝန်ရှိသူတွေ ကြိုက်နှစ်သက်ခဲ့ကြပြီးတဲ့နောက် (၂၀၁၈) ရဲ့ အသက် (၁၀)နှစ်နဲ့အောက် လူငယ်ဓာတ်ပုံဆု ဆိုပြီး ဆုအသစ်တစ်ခု တိုးကာ ချီးမြှင့်ပေးခဲ့ကြတာပါ။

thelogicalindian
အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ် မှာနေထိုင်တဲ့ အာ့ရှ်ဒိ အတွက်တော့ ဒီဆုဟာ ဘဝတစ်ခုလုံး အမှတ်ရနေစေမယ့် ဆုဖြစ်ပြီး သူ့ကို ဓာတ်ပုံသမားတစ်ယောက်ရဲ့ ဘဝဆီ ပီပီပြင်ပြင် တွန်းပို့ပေးလိုက်တဲ့ ဆုလို့တောင် ပြောရမှာပါ။ အာ့ရှ်ဒိရဲ့ ဖခင်ဟာလည်း သဘာဝဓာတ်ပုံသမားတစ်ယောက်ဖြစ်ပြီး သားအဖနှစ်ယောက် ခရီးသွားကြချိန်မှာ ဒီ ဇီးကွက်လေးနှစ်ကောင် ရှိနေတဲ့နေရာကို အာ့ရှ်ဒိ က မြင်တွေ့ခဲ့တာပါ။

READ
စပါးအုံးမြွေကြီးနဲ့သာ ဆော့ကစားလေ့ရှိတဲ့ အသက်သုံးနှစ်အရွယ် သမီးလေး
အဲဒီနောက်မှာတော့ သူ့ရဲ့ဖခင်ကို ကားရပ်ခိုင်းဖို့ ပြောခဲ့ပြီး ဓာတ်ပုံရိုက်ယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်က အာ့ရှ်ဒိအနေနဲ့ အလကားသက်သက် အချိန်ဖြုန်းတာပဲလို့ ယူဆခဲ့ပြီး ဓာတ်ပုံကို ပြသလိုက်တဲ့အချိန်မှာတော့ အံ့သြသွားခဲ့တယ်လို့ အသက် (၁၀)နှစ်အရွယ် ဓာတ်ပုံဆရာလေးက ဆုပေးပွဲ စင်မြင့်ထက်မှာ ပြောဆိုသွားခဲ့တာပါ။

အာ့ရှ်ဒိရဲ့ ဖခင်ဖြစ်သူ ရန်ဒိ က ပရော်ဖက်ရှင်နယ် တောရိုင်းတိရိစ္ဆာန်ရိုက်ကူးရေး ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်း လှည့်လည်သွားလာနေသူပါ။ ရန်ဒိက သူ့ရဲ့ သားငယ်ကို အသက် (၆) နှစ်အရွယ်ကတည်းက ကင်မရာ အသုံးပြုတတ်အောင် သင်ကြားပေးခဲ့ပြီး သူ့ရဲ့ ခရီးစဉ်တစ်ချို့ကို ခေါ်ဆောင်သွားလေ့ရှိပါတယ်။

လက်ရှိအချိန်မှာတော့ အာ့ရှ်ဒိ ဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေပြီး (၁၀)နှစ်အရွယ်နဲ့ ဓာတ်ပုံသမားတိုင်းလိုချင်တဲ့ ဓာတ်ပုံဆုတစ်ဆု ရအောင်ယူနိုင်သူ အဖြစ် ရေပန်းစားနေခဲ့ပါတယ်..။

 

 

Source : thelogicalindian

Originally posted 2018-10-25 12:20:55.