အဂၤလန္ႏိုင္ငံ ဒီဗြန္ရိႈင္းယား ကိုလီတန္ၿမိဳ႕ေနလူထုဟာ အိမ္ျပင္မွာ အ၀တ္ထုတ္လွမ္းတာေၾကာင့္ သတိေပးစာ ပို႔ခံလိုက္ရတဲ့ အမ်ိဳးသမီးဘက္ကေန ရပ္တည္ခဲ့ၾကပါတယ္။ သတိေပးစာ အေပးခံရသူ အမ်ိဳးသမီးကေတာ့ အသက္(၄၇)ႏွစ္အရြယ္ ကလဲေမာင့္ဂြ်ိဳင္းဆိုသူ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက ကလဲဟာ ေလွ်ာ္ၿပီးသားအ၀တ္ေတြကို အိမ္ျပင္မွာ ထုတ္လွမ္းၿပီးေနာက္ပိုင္း အမည္မသိၿခိမ္းေျခာက္စာတစ္ေစာင္ကို လက္ခံရရွိခဲ့ပါတယ္။ စာထဲမွာေတာ့ သူမရဲ႕အိမ္ျပင္ အ၀တ္ထုတ္လွန္းတဲ့ ကိစၥနဲ႔ပတ္သက္လို႔ ရပ္ကြက္ေနလူထုကုိယ္စား ေပးပါတယ္ဆိုၿပီး ေရးထားပါတယ္။

ၿမိဳ႕ျမင္ကြင္းကို အက်ဥ္းတန္ေစေအာင္ အ၀တ္ေတြကို အိမ္ျပင္ထုတ္လွမ္းတာမ်ိဳး မလုပ္ဖို႔နဲ႔ ယင္းျမင္ကြင္းမ်ိဳးကို ႏိုင္ငံျခားသား ဧည့္သည္ေတြျမင္ရင္ မတင့္တယ္ေၾကာင္း ေရးသားထားပါတယ္။ တကယ္လို႔ အ၀တ္လွမ္းစရာအခန္း မရွိဘူးဆိုရင္လည္း အေျခာက္ခံစက္နဲ႔ ေျခာက္ေစတာပဲျဖစ္ျဖစ္၊ အိမ္ထဲမွာ လွမ္းတာပဲျဖစ္ျဖစ္ ျပဳလုပ္သင့္ေၾကာင္း ေ၀ဖန္ေျပာထားပါတယ္။ ဒါ့အျပင္ ကလဲကို မလိုမုန္းထားတဲ့အတြက္ ေရးတာမဟုတ္ပဲ ကိုလီတန္ၿမိဳ႕ေလးကို လွပတဲ့ၿမိဳ႕ေလးအျဖစ္ ထိန္းသိမ္းရာမွာ ပါ၀င္ေစလိုေၾကာင္း စသျဖင့္ ေရးသားထားပါတယ္။

ကလဲရဲ႕စာကို ၿမိဳ႕ေနလူထုက သိသြားတဲ့အခါမွာေတာ့ အ၀တ္ေလး လွမ္းမိရံုနဲ႔ အခုလိုၾကီးၾကီးက်ယ္က်ယ္ စာအပို႔ခံရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ကလဲဘက္ကေန မေက်မနပ္ျဖစ္ခဲ့ၾကပါတယ္။ လူေပါင္း(၂,၀၀၀) ေက်ာ္ရွိတဲ့ ျမိဳ႕ေနလူထုဟာ ကလဲဆီ စာေရးသားခဲ့တဲ့ ပုဂိၢဳလ္ေတြကို ထီမထင္တဲ့သေဘာနဲ႔ အရြဲ႕တိုက္ၿပီး အ၀တ္ေတြကို အိမ္အျပင္ ထုတ္လွန္းကာ ဆႏၵျပခဲ့ၾကပါတယ္။

ၿမိဳ႕ထဲက အိမ္ေတြ၊ ဆိုင္ေတြရဲ႕ အျပင္မွာ ၾကိဳးေတြကို သြယ္တန္းထားၿပီး ေဘာင္းဘီတိုေတြ၊ အတြင္းခံေတြနဲ႔ ေျခစြပ္ေတြကို ဂုဏ္ယူစြာနဲ႔ လွမ္းထားခဲ့ပါတယ္။ ၿမိဳ႕ေနလူထုကေတာ့ သူတို႔ရဲ႕ေတာ္လွန္ေရးကို “The Laundry Revolution”(အ၀တ္လွန္း ေတာ္လွန္ေရး)လို႔ အမည္ေပးထားၾကေၾကာင္း သိရွိရပါတယ္။

Credit: လင္းလင္း (ShweMom)

Ref: Dailymail

..

Unicode

အင်္ဂလန်နိုင်ငံ ဒီဗွန်ရှိုင်းယား ကိုလီတန်မြို့နေလူထုဟာ အိမ်ပြင်မှာ အဝတ်ထုတ်လှမ်းတာကြောင့် သတိပေးစာ ပို့ခံလိုက်ရတဲ့ အမျိုးသမီးဘက်ကနေ ရပ်တည်ခဲ့ကြပါတယ်။ သတိပေးစာ အပေးခံရသူ အမျိုးသမီးကတော့ အသက်(၄၇)နှစ်အရွယ် ကလဲမောင့်ဂျွိုင်းဆိုသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ကလဲဟာ လျှော်ပြီးသားအဝတ်တွေကို အိမ်ပြင်မှာ ထုတ်လှမ်းပြီးနောက်ပိုင်း အမည်မသိခြိမ်းခြောက်စာတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာတော့ သူမရဲ့အိမ်ပြင် အဝတ်ထုတ်လှန်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရပ်ကွက်နေလူထုကိုယ်စား ပေးပါတယ်ဆိုပြီး ရေးထားပါတယ်။

 

မြို့မြင်ကွင်းကို အကျဉ်းတန်စေအောင် အဝတ်တွေကို အိမ်ပြင်ထုတ်လှမ်းတာမျိုး မလုပ်ဖို့နဲ့ ယင်းမြင်ကွင်းမျိုးကို နိုင်ငံခြားသား ဧည့်သည်တွေမြင်ရင် မတင့်တယ်ကြောင်း ရေးသားထားပါတယ်။ တကယ်လို့ အဝတ်လှမ်းစရာအခန်း မရှိဘူးဆိုရင်လည်း အခြောက်ခံစက်နဲ့ ခြောက်စေတာပဲဖြစ်ဖြစ်၊ အိမ်ထဲမှာ လှမ်းတာပဲဖြစ်ဖြစ် ပြုလုပ်သင့်ကြောင်း ဝေဖန်ပြောထားပါတယ်။ ဒါ့အပြင် ကလဲကို မလိုမုန်းထားတဲ့အတွက် ရေးတာမဟုတ်ပဲ ကိုလီတန်မြို့လေးကို လှပတဲ့မြို့လေးအဖြစ် ထိန်းသိမ်းရာမှာ ပါ၀င်စေလိုကြောင်း စသဖြင့် ရေးသားထားပါတယ်။

ကလဲရဲ့စာကို မြို့နေလူထုက သိသွားတဲ့အခါမှာတော့ အဝတ်လေး လှမ်းမိရုံနဲ့ အခုလိုကြီးကြီးကျယ်ကျယ် စာအပို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကလဲဘက်ကနေ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ လူပေါင်း(၂,၀၀၀) ကျော်ရှိတဲ့ မြို့နေလူထုဟာ ကလဲဆီ စာရေးသားခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ထီမထင်တဲ့သဘောနဲ့ အရွဲ့တိုက်ပြီး အဝတ်တွေကို အိမ်အပြင် ထုတ်လှန်းကာ ဆန္ဒပြခဲ့ကြပါတယ်။

မြို့ထဲက အိမ်တွေ၊ ဆိုင်တွေရဲ့ အပြင်မှာ ကြိုးတွေကို သွယ်တန်းထားပြီး ဘောင်းဘီတိုတွေ၊ အတွင်းခံတွေနဲ့ ခြေစွပ်တွေကို ဂုဏ်ယူစွာနဲ့ လှမ်းထားခဲ့ပါတယ်။ မြို့နေလူထုကတော့ သူတို့ရဲ့တော်လှန်ရေးကို “The Laundry Revolution”(အဝတ်လှန်း တော်လှန်ရေး)လို့ အမည်ပေးထားကြကြောင်း သိရှိရပါတယ်။

SWNS
Credit: လင်းလင်း (ShweMom)

Ref: Dailymail

Originally posted 2018-10-25 11:30:51.