Zawgyi Version
Photos-Aye Myat Thu
Unicode Version
မမြတ်လေးကတော့ ယခုအချိန်ထိ အပျိုကြီးဘဝကို ဂုဏ်ယူစွာ ခံယူထားတဲ့ မင်းသမီးလေးတစ်ဦးပါ။ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ကားတွေမှာ အပိုအလိုမရှိ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး အေးမြတ်သူဟာ ပရဟိတလုပ်ငန်းတွေမှာပါ အားတက်တရော လိုက်ပါ ဆောင်ရွက်ခဲ့သူလေးပါ။ ချစ်သူရှိကြောင်း ပရိသတ်တွေကို တရားဝင်ပြောကြားထားပေမယ့် ချစ်သူရဲ့ပုံရိပ်တွေကိုတော့ ချပြလေ့မရှိတဲ့ အေးမြတ်သူဟာ အချိန်တန်ရင်တော့ပရိသတ်တွေကို ပြောပြသွားမှာပါလို့ အင်တာဗျူးတချို့မှာ ဖြေကြားခဲ့ဖူးပါတယ်။ အသက် (၃၃) နှစ်ရှိပြီဖြစ်ပေမယ့် ယခုအချိန်ထိ လှပကျော့ရှင်းနေရတဲ့ လျို့ဝှက်ချက်လေးတွေကိုလည်း အေးမြတ်သူက ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
မမြတ်လေးက ကြည်လင်ဝင်းပ၍အိပ်ရေးဝကာသောကကင်းစင်နေသောမမြတ်လေး မမြတ်လေး၏စိတ်ချမ်းသာခြင်းသည်မမြတ်လေးဆီမှာသာရှိပါသည် ထိုကြောင့်မည်သူမှမည်သည့်အရာမှမမြတ်လေးကိုစိတ်ညစ်အောင်စိတ်တွေနွမ်းလျအောင်မလုပ်နိုင်ဘူးရှင့် ၃၃ထိနုပျိုလက်ဆက်နေသောမမြတ်လေး၏လျှိဝှက်ချက်တွေထဲကတခုပါ မိမိစိတ်ချမ်းသာမှု့ကိုမိမိကိုယ်တိုင်ဆီမှာသာရှာဖွေနိုင်ပါစေအမျိုးသမီအပေါင်းတို့လို့ မျှဝေပေးထားပါသေးတယ်။
အေးမြတ်သူဟာ ယခုအချိန်ထိလည်း အားကစားလိုက်စားသူတစ်ဦးဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း အေးမြတ်သူမျှဝေပေးထားသလို ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ့်ဆီမှာရှာဖွေပြီး နုပျိုလက်ဆတ်မှုတွေနဲ့ ရှင်သန်ကြရအောင်နော်။We Love Cele
Photos-Aye Myat Thu