Zawgyi Version
Ref: We Love Cele
Photos: Amazing Grace
Unicode Version
စ်နေခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ချစ်လို့ဆိုတဲ့အချက်လေးနဲ့ နှစ်ယောက်ဘဝတစ်ခုကို ထူထောင်လိုက်တဲ့ ရွှေနှစ်ရွှေအတွဲကတော့ ယုံကြည်ချက်တွေ ခိုင်မြဲနေပြီဖြစ်ပါတယ်။
ရွှေမှုန်ရတီဟာ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်ပြီး ရွှေမှုန်ရဲ့လက်ဦးဆရာတွေထဲမှာလည်း လူမင်းဟာ ထိပ်ဆုံးကနေပါဝင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ယခုအကြောင်းအရာကို သိခဲ့ခြင်းမရှိဘဲ ယနေ့မနက်ဖိတ်စာပုံတွေတက်လာတဲ့အချိန်မှာတောင် ဟုတ်ပါ့မလားလို့ ဖြစ်ခဲ့ရပါသေးတယ်။ ယခုလိုမျိုး နှမြောတသဖြစ်နေကြတဲ့ပရိသတ်တွေကိုလည်း လူမင်းက မနှမြောဖို့ ပြောထားပါသေးတယ်။ သူလည်း အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ကြတာပါလို့ လူမင်းက ဆိုပါတယ်။
ဒါ့အပြင် ယခုလိုမျိုး မင်္ဂလာဆောင်သွားတဲ့အပေါ်မှာလည်း လူမင်းက ဝမ်းသာနေခဲ့ပါတယ်။ပရိသတ်တွေကိုလည်း မနှမြောကြဖို့ပြောလိုက်တဲ့ လူမင်းက ” အခုလိုမျိုးသူတကယ်ချစ်တဲ့သူနဲ့ အိမ်ထောင်ပြုရတော့ ကောင်းတာပေါ့ သူလည်းငြိမ်သွားတာပေါ့” လို့ တပည့်ဖြစ်သူ ရွှေမှုန်ရဲ့ အိမ်ထောင်ရေးအပေါ် ကျေနပ်ဝမ်းသာဖြစ်တဲ့အကြောင်းနဲ့ တကယ်ချစ်တဲ့သူနဲ့ အိမ်ထောင်ပြုရလို့ နှမြောဖို့မလိုကြောင်းကို ဆယ်လီရပ်ကွက်ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
Ref: We Love Cele
Photos: Amazing Grace