Zawgyi Version



Ref: myanmarload

Unicode Version

ဒီကနေ့ဟာတော့ ပြီးခဲ့သောခုနှစ်တွေက ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်နန္ဒာလှိုင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေမှာ မတွေ့ရတော့ပဲ သူမရဲ့မိသားစုအတွက်ပဲ အချိန်အပြည့်အဝပေးခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူမက သမီးလေးသုံးယောက်ထွန်းကား ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလှနေဆဲနုနေဆဲပါပဲ ပရိသတ်ကြီးရေ။

ခင်ပွန်းဖြစ်သူနဲ့အတူ အလှူအတန်းတွေလည်းလုပ်တတ်ပြီး စိတ်ထားကောင်းတဲ့ချစ်စရာမင်းသမီ းအဖြစ်နဲ့ ပရိသတ်တွေရင်ထဲကို သူမကစိုးမိုးနိုင် နေတုန်းပါပဲ။ သူမရဲ့ယောက္ခမဖြစ်သူကလည်း သူမရဲ့မွေးနေ့အတွက် သူမနာမည်နဲ့ ရွှေတိဂုံစေတီမှာ ငွေကျပ် တစ်သိန်းခွဲလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ ယောက္ခမမျိုးရထားတာလည်း မင်းသမီးအတွက် အကျိုးပေးကောင်းလွန်းနေပါတယ်။

သူမရဲ့မွေးနေ့ရက်မြတ်လေးမှာ ယောက္ခမဖြစ်သူရဲ့ အမွန်မြတ်ဆုံးမွေးနေ့လက်ဆောင်လေးကို ” အမေ့ ( ကိုဇေ့အမေ )ရဲ့မွေးနေ့လက်ဆောင် ကျေးဇူးတင်ပါတယ်အမေ ” လို့ တင်လိုက်တာပဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ပုံရိပ်လေးကိုလည်း ” မွေးနေ့အတွက်လက်ဆောင်မလိုပါဘူးကွယ် တဘဝလုံးအတွက်အကောင်းဆုံးလက်ဆောင်ရထားပြီးပြီဘဲ ” ဆိုပြီး တင်လိုက်တာပဲဖြစ်ပါတယ်။ မင်းသမီးတို့ကတော့ Ro ချက်ပဲနော်ပရိသတ်ကြီး။