Zawgyi Version

 

ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုနဲ႔ ခ်စ္စရာေကာင္းတဲ့ သားေလးတေယာက္ကို ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ မယ္လိုဒီကေတာ့ ယခုေနာက္ပိုင္း ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးမႈမ်ားမွာ ေတြ႕ရတာနည္းပါးလာတဲ့အတြက္ ေမးၾကည့္တဲ့အခါမွာေတာ့ ကား႐ိုက္နားထားတာမဟုတ္ဘဲ ေခၚမ႐ိုက္တာလို႔ ေျပာပါတယ္။

“ကား႐ိုက္က နားထားတာ မဟုတ္ဘူး။ သ႐ုပ္ေဆာင္ မေတာ္လို႔ ဘယ္သူမွေခၚမ႐ိုက္တာပါ။ လာေခၚ႐ိုက္ရင္လည္း အဆင္ေျပတယ္ဆိုရင္ေတာ့ ႐ိုက္မွာပါ။ အခုကေတာ့ ပြဲတက္တာမ်ားတယ္။ ကေလးေတြနဲ႔ ပတ္သက္ၿပီး ဘယ္လို ျပဳစုပ်ိဳးေထာင္ရလဲဆိုတာကို ဆရာဝန္ႀကီးေတြနဲ႔ ဝင္ေရာက္ေဆြးေႏြးခြင့္ရတယ္။ ေနာက္ၿပီး ေၾကာ္ျငာေတြ ႐ိုက္ျဖစ္တယ္” လို႔ မယ္လိုဒီက ေျပာပါတယ္။မယ္လိုဒီကေတာ့ အကယ္ဒမီ ရရွိထားတဲ့ သ႐ုပ္ေဆာင္မင္းသမီးတေယာက္ျဖစ္ၿပီး အခုလက္ရွိမွာေတာ့ ကား႐ိုက္ေတြ မရွိေပမယ့္ ပြဲအခမ္းအနားမ်ား ၊ ေၾကာ္ျငာ႐ိုက္ကူးမႈမ်ားမွာ ေတြ႕ရပါတယ္။

သူမရဲ႕တပိုင္တႏိုင္ စီးပြားေရးအေနနဲ႔ “ေ႐ႊ ေနၾကာေစ့” ကို အြန္လိုင္းကေန တဆင့္ေရာင္းခ်ေပးေနၿပီး ထပ္မံၿပီး တိုးခ်ဲ႕သြားဖို႔ေတာ့ မရွိပါဘူးလို႔ ဆိုပါတယ္။“ေနၾကာေစ့ကေတာ့ အႀကီးအက်ယ္မဟုတ္ပါဘူး။ အြန္လိုင္းကေနပဲ ေရာင္းျဖစ္တာပါ။ မိုင္းဖုန္းဆရာေတာ္ႀကီးကို သြားဖူးရင္းနဲ႔ စားဖူးၿပီးေတာ့ ေရာင္းျဖစ္သြားတာပါ။ ဘာမွေတာ့ မခ်ဲ႕ႏိုင္ေသးပါဘူး။ ကေလးနဲ႔ သိပ္မအားေတာ့ေလ ထပ္မလုပ္ႏိုင္ေသးဘူး” လို႔မယ္လိုဒီက ေျပာပါတယ္။

ခ်စ္စရာေကာင္းတဲ့ သားေလးတေယာက္ကို ပိုင္ဆိုင္ထားတဲ့ မယ္လိုဒီဟာ ေနာက္ထပ္ကေလးယူဖို႔ အစီအစဥ္ ရွိလားဆိုတာကိုေတာ့ အခုလိုပဲ ေျပာျပခဲ့ပါတယ္။ “ေလာေလာဆယ္ထိေတာ့ ကေလးထပ္ယူဖို႔ အစီအစဥ္ မရွိေသးဘူး။ ေသခ်ာ မထိန္းႏိုင္ဘူး။ အခုတေယာက္တည္းကိုပဲ ဖိဖိစီးစီးလုပ္ေပးခ်င္တယ္” လို႔ မယ္လိုဒီက ေျပာပါတယ္။မယ္လိုဒီကေတာ့ ယေန႔မွာလည္း အႀကိမ္ ၂၀ေျမာက္ ေအာင္ဘာေလထီေပါက္စဥ္မွာ သားေလး သိဒၶိစစ္ေ႐ြးေပးတဲ့ ထီလက္မွတ္မွ က်ပ္ ၅ေသာင္းဆုကို ေပါက္ခဲ့ပါတယ္။

မယ္လိုဒီကေတာ့ အိမ္ေထာင္ျပဳၿပီး အႏုပညာေလာကမွ ခဏေပ်ာက္ကြယ္ခဲ့ၿပီးေနာက္ ၂၀၁၇ခုႏွစ္မွ စတင္ကာ အႏုပညာအလုပ္မ်ားကို ျပန္လည္လုပ္ကိုင္လာခဲ့ၿပီး ယခုအခ်ိန္ထိ လွပေနတဲ့ မင္းသမီးတေယာက္ျဖစ္ပါတယ္။

The Irrawaddy Lifestyle

..

Unicode Version

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုနဲ့ ချစ်စရာကောင်းတဲ့ သားလေးတယောက်ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မယ်လိုဒီကတော့ ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုများမှာ တွေ့ရတာနည်းပါးလာတဲ့အတွက် မေးကြည့်တဲ့အခါမှာတော့ ကားရိုက်နားထားတာမဟုတ်ဘဲ ခေါ်မရိုက်တာလို့ ပြောပါတယ်။

“ကားရိုက်က နားထားတာ မဟုတ်ဘူး။ သရုပ်ဆောင် မတော်လို့ ဘယ်သူမှခေါ်မရိုက်တာပါ။ လာခေါ်ရိုက်ရင်လည်း အဆင်ပြေတယ်ဆိုရင်တော့ ရိုက်မှာပါ။ အခုကတော့ ပွဲတက်တာများတယ်။ ကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို ပြုစုပျိုးထောင်ရလဲဆိုတာကို ဆရာဝန်ကြီးတွေနဲ့ ဝင်ရောက်ဆွေးနွေးခွင့်ရတယ်။ နောက်ပြီး ကြော်ငြာတွေ ရိုက်ဖြစ်တယ်” လို့ မယ်လိုဒီက ပြောပါတယ်။မယ်လိုဒီကတော့ အကယ်ဒမီ ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးတယောက်ဖြစ်ပြီး အခုလက်ရှိမှာတော့ ကားရိုက်တွေ မရှိပေမယ့် ပွဲအခမ်းအနားများ ၊ ကြော်ငြာရိုက်ကူးမှုများမှာ တွေ့ရပါတယ်။

သူမရဲ့တပိုင်တနိုင် စီးပွားရေးအနေနဲ့ “ရွှေ နေကြာစေ့” ကို အွန်လိုင်းကနေ တဆင့်ရောင်းချပေးနေပြီး ထပ်မံပြီး တိုးချဲ့သွားဖို့တော့ မရှိပါဘူးလို့ ဆိုပါတယ်။“နေကြာစေ့ကတော့ အကြီးအကျယ်မဟုတ်ပါဘူး။ အွန်လိုင်းကနေပဲ ရောင်းဖြစ်တာပါ။ မိုင်းဖုန်းဆရာတော်ကြီးကို သွားဖူးရင်းနဲ့ စားဖူးပြီးတော့ ရောင်းဖြစ်သွားတာပါ။ ဘာမှတော့ မချဲ့နိုင်သေးပါဘူး။ ကလေးနဲ့ သိပ်မအားတော့လေ ထပ်မလုပ်နိုင်သေးဘူး” လို့မယ်လိုဒီက ပြောပါတယ်။

ချစ်စရာကောင်းတဲ့ သားလေးတယောက်ကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီဟာ နောက်ထပ်ကလေးယူဖို့ အစီအစဉ် ရှိလားဆိုတာကိုတော့ အခုလိုပဲ ပြောပြခဲ့ပါတယ်။ “လောလောဆယ်ထိတော့ ကလေးထပ်ယူဖို့ အစီအစဉ် မရှိသေးဘူး။ သေချာ မထိန်းနိုင်ဘူး။ အခုတယောက်တည်းကိုပဲ ဖိဖိစီးစီးလုပ်ပေးချင်တယ်” လို့ မယ်လိုဒီက ပြောပါတယ်။မယ်လိုဒီကတော့ ယနေ့မှာလည်း အကြိမ် ၂၀မြောက် အောင်ဘာလေထီပေါက်စဉ်မှာ သားလေး သိဒ္ဓိစစ်ရွေးပေးတဲ့ ထီလက်မှတ်မှ ကျပ် ၅သောင်းဆုကို ပေါက်ခဲ့ပါတယ်။

မယ်လိုဒီကတော့ အိမ်ထောင်ပြုပြီး အနုပညာလောကမှ ခဏပျောက်ကွယ်ခဲ့ပြီးနောက် ၂၀၁၇ခုနှစ်မှ စတင်ကာ အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်လာခဲ့ပြီး ယခုအချိန်ထိ လှပနေတဲ့ မင်းသမီးတယောက်ဖြစ်ပါတယ်။

The Irrawaddy Lifestyle