ရွှေမှုန်ရတီနဲ့ ရွှေထူးကတော့ ဒီမနက်မှာ ပရိသတ်တွေကို Surprise အကြီးကြီးလုပ်လိုက်ပါတယ်။ ဒီနိုဝင်ဘာလ 11 ရက်နေ့မှာတော့ ရွှေမှုန်ရတီနဲ့ ရွှေထူးဟာ Inya Lake Hotel မှာ မင်္ဂလာဆောင်တော့မယ့်အကြောင်း သူတို့ရဲ့ သက်ဆိုင်ရာအကောင့်ကနေပြီး တရားဝင်အသိပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမှုန်နဲ့ ရွှေထူးတို့ဟာ နေပြည်တော်မှာလည်း စေ့စပ်ပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲဟာ မြန်ဆန်လွန်းတယ်ထင်ရတာကြောင့် ပရိသတ်တွေကတော့ နှမြောတသဖြစ်နေခဲ့ကြပေမယ့် အချို့ပရိသတ်တွေကတော့ ယခုလိုမျိုးရဲရဲဝံ့ဝံ့ မြန်မြန်ဆန်ဆန်လက်ထပ်လိုက်တာကို အားပေးနေခဲ့ကြသူတွေလည်း ရှိနေပြန်ပါတယ်။ ရွှေမှုန်ရတီနဲ့ ရွှေထူးတို့ရဲ့ မင်္ဂလာပွဲကိုတော့ ညီမဖြစ်တဲ့ ငွေမှုန်ရတီက ဂုဏ်ပြုစကားပြောထားပါသေးတယ်။ ရွှေမှုန်၊ ငွေမှုန်နဲ့ ရွှေထူးတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံမှုမျိုးရှိပြီး မကြာခဏ ခရီးတွေလည်း အတူတူထွက်ကြတာ တွေ့ရပါတယ်။ ယခုလိုမျိုးအမဖြစ်သူရဲ့ မင်္ဂလာပွဲအပေါ် ဂုဏ်ပြုလိုက်တဲ့ ငွေမှုန်တစ်ယောက်လည်း အမဖြစ်သူအတွက် ဘယ်လောက်တောင် ဂုဏ်ယူနေမလဲမသိဘူးနော် ပရိသတ်ကြီးရေ

နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ရဲ့ မင်္ဂလာပွဲကိုကျင်းပတော့မှာဖြစ်ပြီးတော့ နှစ်ဦးလုံးလည်း အနုပညာလောကမှာ ဒီထက်မက ပိုပြီးအောင်မြင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

We Love Cele

Photos-Ngwe Mhone Lay