Zawgyi Version

Rဇာနည္နဲ႔ ဝမ္းနဲ႔ဟာမၾကာေသးခင္ကပဲ အိမ္ေထာင္သက္ဆယ့္ငါးနွစ္ျပည့္ထားတဲ့ မဂၤလာေမာင္နွံေလးျဖစ္ပါတယ္။ ခ်စ္ခ်စ္တုန္နဲ႔ ဖစ္ဖစ္တုန္ဆိုတဲ့ သားေလးနွစ္ေယာက္နဲ႔အတူ သာယာလွပတဲ့အိမ္ေထာင္ေလးကုိ ပုိင္ဆိုင္ထားတဲ့ အားက်စရာ ဇနီးေမာင္နွံေလးလည္းျဖစ္ပါတယ္။ Rဇာနည္နဲ႔ ဝမ္းတို႔ရဲ႕ ဆယ့္ငါးနွစ္ျပည့္အထိန္းအမွတ္ပြဲေလးကုိ မိတ္ေဆြသဂၤဟေတြနဲ႔ေဆြမ်ိဳးေတြလည္းတက္ေရာက္ခဲ့ၾကျပီးဆုမြန္ေကာင္းေတြေတာင္းေပးခဲ့ၾကပါတယ္။ Rဇာနည္ရဲ႕ညီျဖစ္သူ Mသီဟကလည္း Media ေတြနဲ႔ Interview မွာ Rဇာနည္တို႔ခိုးေျပးကာစကအေၾကာင္းေတြကုိ ျပန္ေျပာင္းေအာက္ေမ့ဖြယ္ေျပာျပေပးသြားခဲ့ပါတယ္။

Rဇာနည္တို႔ေမာင္နံက ခိုးေျပးကာစက ေတာ္ေတာ္ေလးရုန္းကန္ခဲ့ရေၾကာင္းကုိ Mသီဟက “ေျပာရရင္လည္း ဟုိဟာျဖစ္တယ္လုိ႔ိထင္မွာအရမ္းစုိးရိမ္တယ္။ သူတို႔ကခိုးေျပးတာကုိး ခိုးေျပးေတာ့ အဲဒီအခ်ိန္မွာ ဇာနည္ကလည္း Rဇာနည္ရယ္လုိ႔ ပီပီျပင္ျပင္ၾကီးျဖစ္ေနေသးတဲ့အခ်ိန္မဟုတ္ေတာ့ ယူျပီးေတာ့ သူတို႔မွာစားဖို႔အခက္အခဲရွိတယ္။ ဇာနည္ကလည္း ပြဲေတြဘာေတြမရေတာ့ ေတာ္ေတာ္ရုန္းကန္ရတယ္”လို႔ေျပာျပထားပါတယ္။

Rဇာနည္နဲ႔ ဝမ္းတို႔ဟာ အိိမ္ေထာင္က်စကတည္းက ကုိယ့္ဟာကုိယ္နွစ္ေယာက္တစ္ကမၻာေလးတည္ေဆာက္ခ်င္တဲ့အထိကုိ္ခ်စ္ၾကသူေတြျဖစ္ေၾကာင္းကိုလည္း “သူတို႔ကုိ ဟုိဘက္မိဘေတြကတည္းေခၚတယ္။ ဒီဘက္မိဘေတြကလည္းေခၚတယ္။ အစကေတာ့ သူတို႔ေနၾကည့္ေသးတယ္။ ဒါေပမယ့္ သူတို႔ က နွစ္ေယာက္တည္းကမၻာလုပ္ခ်င္တာကုိး အဲ့ေတာ့မိဘေတြနဲ႔က်ေတာ့ ေနရထုိင္ရတာၾကပ္တည္းတယ္။ ျပီးေတာ့ သူတို႔ေတြက သူငယ္ခ်င္းေတြကုိခ်စ္တာလည္းပါတယ္။ အဲ့ေတာ့ သူတို႔ဘဝကုိနွစ္ေယာက္တည္းဒုိးမယ္ဆုိျပီးဒုိးသြားၾကတာ။သူတို႔ငွားေနတဲ့ေနရာက ကြ်န္ေတာ့္အေမရဲ႕ရပ္ကြက္ဆိုေတာ့အကုန္လံုးမၾကားခ်င္မွအဆံုးပဲေပ့ါ။ မၾကားခ်င္လည္းၾကားေနရတာေပါ့။ နင့္သားနဲ႔နင့္ေခြ်းမနဲ႔လာသြားတယ္။ အသုတ္ေလးတစ္ပြဲကုိနွစ္ေယာက္စားသြားတယ္။ အဆင္မေျပဘူးထင္တယ္ေပါ့။ အိမ္မွာအေမနဲ႔အေဖကစိတ္ေတြလည္းမေကာင္းနဲ႔။ သူတို႔ရုန္းကန္ခဲ့ရတာကအဲဒီကစတာေပါ့ေနာ္။ဒီအေျခအေနထိေရာက္ေအာင္လုပ္နုိင္တဲ့အတြက္ အရမ္းေလးစားတယ္။ဂုဏ္လည္းယူတယ္”လို႔ေျပာျပထားပါတယ္။

Rဇာနည္တို႔စံုတြဲရဲ႕ျမဲရတဲ့ အေၾကာင္းရင္းကုိုလည္း Mသီဟ က “ေလးစားရတဲ့အကြက္ကေတာ့ အဓိကက တစ္ေယာက္နဲ႔တစ္ေယာက္နားလည္ဖို႔ေလးစားဖို႔ေပါ့။ဘယ္ဟာပဲလုပ္လုပ္ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္ေပးမယ္။တစ္ေယာက္လုပ္ခ်င္တာကုိတစ္ေယာက္က ပံ့ပုိးမယ္။ အဲ့လိုအျမဲ adjust လုပ္ေနမယ္ဆိုရင္ေတာ့ ဘယ္မိသားစုမွျပိဳကြဲစရာအေၾကာင္းမရွိဘူး။ အဲ့လိုမ်ိဳးမလုပ္ပဲအကန္လုပ္ေနမယ္ဆိုရင္ေတာ့ ျပိဳကြဲမွာပဲေလ။သူတို႔ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ဘယ္ဟာဘာေၾကာင့္ အဲဒါမ်ိဳးေလးေတြဖလွယ္နုိင္ေတာ့ မိသားစုကအဆင္ေျပပါတယ္”လုိ႔ သံုးသပ္ေျပာျပသြားပါတယ္။

ပရိသတ္ၾကီးေရာ နားလည္မႈေတြအခ်စ္ေတြနဲ႔တည္ေဆာက္ထားတဲ့ Rဇာနည္တို႔ မိသားစုေလးကုိအားမက်ၾကဘူးလား။ Rဇာနည္တစ္ေယာက္အေခြအသစ္ထြက္လာရင္ေရာ အလုအယက္သြားေရာက္အားေပးၾကမွာလား။

Nanmalgyi

Unicode Version

Rဇာနည်နဲ့ ဝမ်းနဲ့ဟာမကြာသေးခင်ကပဲ အိမ်ထောင်သက်ဆယ့်ငါးနှစ်ပြည့်ထားတဲ့ မင်္ဂလာမောင်နှံလေးဖြစ်ပါတယ်။ ချစ်ချစ်တုန်နဲ့ ဖစ်ဖစ်တုန်ဆိုတဲ့ သားလေးနှစ်ယောက်နဲ့အတူ သာယာလှပတဲ့အိမ်ထောင်လေးကို ပိုင်ဆိုင်ထားတဲ့ အားကျစရာ ဇနီးမောင်နှံလေးလည်းဖြစ်ပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ ဆယ့်ငါးနှစ်ပြည့်အထိန်းအမှတ်ပွဲလေးကို မိတ်ဆွေသင်္ဂဟတွေနဲ့ဆွေမျိုးတွေလည်းတက်ရောက်ခဲ့ကြပြီးဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ်။ Rဇာနည်ရဲ့ညီဖြစ်သူ Mသီဟကလည်း Media တွေနဲ့ Interview မှာ Rဇာနည်တို့ခိုးပြေးကာစကအကြောင်းတွေကို ပြန်ပြောင်းအောက်မေ့ဖွယ်ပြောပြပေးသွားခဲ့ပါတယ်။

Rဇာနည်တို့မောင်နံက ခိုးပြေးကာစက တော်တော်လေးရုန်းကန်ခဲ့ရကြောင်းကို Mသီဟက “ပြောရရင်လည်း ဟိုဟာဖြစ်တယ်လို့ိထင်မှာအရမ်းစိုးရိမ်တယ်။ သူတို့ကခိုးပြေးတာကိုး ခိုးပြေးတော့ အဲဒီအချိန်မှာ ဇာနည်ကလည်း Rဇာနည်ရယ်လို့ ပီပီပြင်ပြင်ကြီးဖြစ်နေသေးတဲ့အချိန်မဟုတ်တော့ ယူပြီးတော့ သူတို့မှာစားဖို့အခက်အခဲရှိတယ်။ ဇာနည်ကလည်း ပွဲတွေဘာတွေမရတော့ တော်တော်ရုန်းကန်ရတယ်”လို့ပြောပြထားပါတယ်။

Rဇာနည်နဲ့ ဝမ်းတို့ဟာ အိမ်ထောင်ကျစကတည်းက ကိုယ့်ဟာကိုယ်နှစ်ယောက်တစ်ကမ္ဘာလေးတည်ဆောက်ချင်တဲ့အထိကိုချစ်ကြသူတွေဖြစ်ကြောင်းကိုလည်း “သူတို့ကို ဟိုဘက်မိဘတွေကတည်းခေါ်တယ်။ ဒီဘက်မိဘတွေကလည်းခေါ်တယ်။ အစကတော့ သူတို့နေကြည့်သေးတယ်။ ဒါပေမယ့် သူတို့ က နှစ်ယောက်တည်းကမ္ဘာလုပ်ချင်တာကိုး အဲ့တော့မိဘတွေနဲ့ကျတော့ နေရထိုင်ရတာကြပ်တည်းတယ်။ ပြီးတော့ သူတို့တွေက သူငယ်ချင်းတွေကိုချစ်တာလည်းပါတယ်။ အဲ့တော့ သူတို့ဘဝကိုနှစ်ယောက်တည်းဒိုးမယ်ဆိုပြီးဒိုးသွားကြတာ။သူတို့ငှားနေတဲ့နေရာက ကျွန်တော့်အမေရဲ့ရပ်ကွက်ဆိုတော့အကုန်လုံးမကြားချင်မှအဆုံးပဲပေ့ါ။ မကြားချင်လည်းကြားနေရတာပေါ့။ နင့်သားနဲ့နင့်ချွေးမနဲ့လာသွားတယ်။ အသုတ်လေးတစ်ပွဲကိုနှစ်ယောက်စားသွားတယ်။ အဆင်မပြေဘူးထင်တယ်ပေါ့။ အိမ်မှာအမေနဲ့အဖေကစိတ်တွေလည်းမကောင်းနဲ့။ သူတို့ရုန်းကန်ခဲ့ရတာကအဲဒီကစတာပေါ့နော်။ဒီအခြေအနေထိရောက်အောင်လုပ်နိုင်တဲ့အတွက် အရမ်းလေးစားတယ်။ဂုဏ်လည်းယူတယ်”လို့ပြောပြထားပါတယ်။

Rဇာနည်တို့စုံတွဲရဲ့မြဲရတဲ့ အကြောင်းရင်းကိုလည်း Mသီဟ က “လေးစားရတဲ့အကွက်ကတော့ အဓိကက တစ်ယောက်နဲ့တစ်ယောက်နားလည်ဖို့လေးစားဖို့ပေါ့။ဘယ်ဟာပဲလုပ်လုပ် တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးမယ်။တစ်ယောက်လုပ်ချင်တာကိုတစ်ယောက်က ပံ့ပိုးမယ်။ အဲ့လိုအမြဲ adjust လုပ်နေမယ်ဆိုရင်တော့ ဘယ်မိသားစုမှပြိုကွဲစရာအကြောင်းမရှိဘူး။ အဲ့လိုမျိုးမလုပ်ပဲအကန်လုပ်နေမယ်ဆိုရင်တော့ ပြိုကွဲမှာပဲလေ။သူတို့ကတော့ တစ်ယောက်နဲ့တစ်ယောက်ဘယ်ဟာဘာကြောင့် အဲဒါမျိုးလေးတွေဖလှယ်နိုင်တော့ မိသားစုကအဆင်ပြေပါတယ်”လို့ သုံးသပ်ပြောပြသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နားလည်မှုတွေအချစ်တွေနဲ့တည်ဆောက်ထားတဲ့ Rဇာနည်တို့ မိသားစုလေးကိုအားမကျကြဘူးလား။ Rဇာနည်တစ်ယောက်အခွေအသစ်ထွက်လာရင်ရော အလုအယက်သွားရောက်အားပေးကြမှာလား။

Nanmalgyi