Zawgyi
ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ 18°C မှ 24°C ခန့်၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) တို့တွင် 25°C မှ 28 °C ခန့်၊ကျန်ဒေသတွေမှာ 29°C မှ 35°C အထိရှိနိုင်ပါတယ်။
ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ နေရာစိပ်စိပ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) နှင့် မန္တ လေးတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ကျန်ဒေသတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။
ဒေါက်တာထွန်းလွင်
Unicode Version
ကျန်းမာတော်မူကြပါစခင်ဗျာ။
၃၁-၁၀-၂၀၁၈နံနက်(၆း၃၃)နာရီ။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်ကာ လေဖိအားနည်းရပ်ဝန် း တစ်ခုဖြစ်ပေါ်နေပြီး၊မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့အလားအလာများတိုးလာနေပါတယ်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၃၀-၁၀-၂၀၁၈)ရက် နံနက် (ဝ၉ း ဝ၀) နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင် လယ်အော်တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ တိမ်အသင့် အတင့် မှ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအသင့် အတင့် ရှိပါမယ်။မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်း အမြင့် (၂) ပေခန့် မှ (၅)ပေ ခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။
ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ 18°C မှ 24°C ခန့်၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် စစ်ကိိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) တို့တွင် 25°C မှ 28 °C ခန့်၊ကျန်ဒေသတွေမှာ 29°C မှ 35°C အထိရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊
ကယားပြည်နယ်၊ရခိုင်ပြည်နယ်(တောင်ပိုင်း) မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနိုင် ပြီး၊ ကျန်ဒေသတွေမှာ မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေ။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် မိုးတိမ်တောင်များကင်းစင်နိုင်ပြီး၊ ကျန်ဒေသများတွင် မွန်းလွဲညနေပိုင်း အချိန်အခါများတွင် မိုးတိမ်တောင်ဖြစ်ရန် သေချာမှု ၁၅% မှ ၂၅% ခန့်ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေ။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် မိုးတိမ်တောင်များကင်းစင်နိုင်ပြီး၊ ကျန်ဒေသများတွင် မွန်းလွဲညနေပိုင်း အချိန်အခါများတွင် မိုးတိမ်တောင်ဖြစ်ရန် သေချာမှု ၁၅% မှ ၂၅% ခန့်ရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ နေရာစိပ်စိပ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရခိုင်ပြည်နယ်၊စစ်ကိိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) နှင့် မန္တ လေးတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ကျန်ဒေသတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့မှာ ညအပူချိန်များ အနည်း ငယ် လျော့နည်းနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်