Zawgyi Version

တန္ေဆးလြန္ေဘးေပါ့ေနာ္

ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္ဟု ဆုိေသာ္လည္း ေလာကနိယာမ သေဘာအရ အေကာင္းနဲ႔အဆုိးကေတာ့ အၿမဲဒြန္တြဲလ်က္ ရွိေနၾကစၿမဲပါ။

တခ်ဳိ႕သစ္ပင္ေတြမွာ လူသားတုိ႔၏ က်န္းမာေရးအတြက္ အားသာခ်က္ေတြ ေတာ္ေတာ္မ်ားမ်ား ရွိၾကပါတယ္။ သုိ႔ေသာ္ လူတစ္ဦးနဲ႔တစ္ဦး ႀကံ့ခုိင္မႈစြမ္းရည္ခ်င္း မတူညီၾကတာေၾကာင့္ ၎အပင္ေတြရဲ႕ ေဆးဝါးမ်ားဟာ ကုိယ္ထဲကုိေရာက္ရွိလာတဲ့အခါ ခႏၶာကုိယ္တြင္း ေသြးသားစနစ္နဲ႔ အေျပာင္းအလဲကုိျဖစ္ေစတတ္တာေၾကာင့္ သတိျပဳသုံးစြဲတတ္ဖုိ႔ လုိပါတယ္။

သုိ႔ပါ၍ သတ္မွတ္ေဖာ္ညႊန္းထားေသာ ပမာဏထက္ပုိ၍ မမွီဝဲမသုံးစြဲသင့္ေၾကာင္း ေအာက္ပါအတုိင္း အသိေပး မွ်ေဝလုိက္ရပါတယ္။

(၁) #ရွားေစာင္းလက္ပပ္

(က) ရွားေစာင္းလက္ပပ္ပင္၏ ဂ်ယ္လီ (အႏွစ္) ထဲတြင္ ပါဝင္ေသာ ေအာက္ဆီဂ်င္ဓာတ္တစ္မ်ဳိးက အေရျပားေပၚရွိ ဆဲလ္မ်ားကုိ အလုိုလိျပဳျပင္ေပးႏုိင္စြမ္းရွိတာေၾကာင့္ မီးေလာင္နာ၊ အေရၾကည္ဖုနာ၊ ထိခုိက္ရွနာ၊ ေနေလာင္ဒဏ္ရာတုိ႔ကုိ ေကာင္းစြာကုသေပးႏုိင္ပါတယ္။ သုိ႔ေသာ္ခြဲစိတ္အနာ ခ်ဳပ္႐ုိးမ်ား ကုိေတာ့ အနာေကာင္းစြာမက်က္ေသးခင္မွာ မလိမ္းသင့္ပါဘူး။ အနာက်က္ေႏွးသြားေစပါတယ္။

(ခ) အပင္၏ Enzymes မ်ားထဲတြင္ ဝမ္းသက္ေစေသာ အစြမ္းသတၱိပါရွိျခင္းေၾကာင့္ အူမႀကီးနံရံရွိ အခၽြဲအက်ိမ်ားကုိ တုိးပြားေစကာ အူကုိသန္႔စင္ေစၿပီး ဝမ္းမခ်ဳပ္ေစပါဘူး။ သုိ႔ေသာ္ အပင္ကုိအေျခာက္ ထား၍ ဝမ္းေပ်ာ့ေဆးအျဖစ္ အၿမဲစားသုံးလွ်င္ေတာ့ အက်င့္ပါသြားတတ္ပါတယ္။

(၂) #စမုန္မ်ဳိးႏွင့္စမုန္နက္

စမုံမ်ဳိးက ႏွလုံးကုိၿငိမ္းေအးေစၿပီး ေအာ့အန္ျခင္းကုိ ေပ်ာက္ကင္းေစတဲ့အျပင္ အစာကုိေၾကညႇက္ေစပါ တယ္။ စမုန္နက္က အေအးမိျခင္း၊ ဝမ္းသြားျခင္း၊ ေရငတ္ျခင္း၊ ဝမ္းကုိက္ျခင္းတုိ႔ကုိ ေပ်ာက္ကင္းေစပါ တယ္။ သုိ႔ေသာ္ဆရာဝန္၏ ႀကီးၾကပ္လမ္းညႊန္ခ်က္မပါဘဲ ၎တုိ႔ကုိ ရက္သတၱ ၆ ပတ္ထက္ပုိ၍ မစား သင့္ပါဘူး။

(၃) #ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴဟာ ဟင္းလ်ာအစားအစာမ်ားအတြက္ အဓိကက်ေသာ ေဆးဖက္ဝင္ ဟင္းခတ္အေမႊးအ ႀကိဳင္ျဖစ္ပါတယ္။ သုိ႔ေသာ္ (က) ၾကက္သြန္ျဖဴဟာ ေသြးကၽြဲေစတာေၾကာင့္ ေသြးမခဲေဆးစားေနရသူ မ်ားဟာ ခြဲစိပ္ကုသမႈမျပဳမီ ၾကက္သြန္ျဖဴကုိ မစားသင့္ပါဘူး။

(ခ) Hypoglyeeamic (ေခၚ) ေသြးထဲမွာ ဂလူးကုိ႔စ္နည္း၍ ေဆးစားေနရသူမ်ားဟာ ၾကက္သြန္ျဖဴကုိ လုံးဝမစားသင့္ပါဘူး။

(၄) #င႐ုတ္ေကာင္း

င႐ုတ္ေကာင္းက ပန္းနာ၊ သလိပ္၊ ေလထုိးေလေအာင့္တုိ႔ကုိ ေခ်ဖ်က္ေပးႏုိင္သလုိ သည္းေျခေရာဂါ၊ ဝမ္းကုိက္ျခင္း၊ ေခၽြးမထြက္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ေသြးဆုတ္ ေသြးပုပ္အတြင္းပူေသာ အနာတုိ႔ကုိလည္း သက္သာေျဖေလ်ာ့ေပးႏုိင္ပါတယ္။

သုိ႔ေသာ္ (က) င႐ုတ္ေကာင္းကုိ ေန႔စဥ္ ၃၀၀ မီလီဂရမ္ထက္ပုိ၍ မစားသင့္ေပ။

(ခ) အရက္ေသစာႏွင့္တြဲ၍ မမွီဝဲပါႏွင့္။

(ဂ) အသည္းေရာဂါသမားမ်ားဟာ င႐ုတ္ ေကာင္းစားျခင္းမွ ေရွာင္သင့္ပါတယ္။

(ဃ) င႐ုတ္ေကာင္းဟာ ႂကြက္သားေတြကုိ ေပ်ာ့ေပ်ာင္းႏုိင္စြမ္း ရွိတာေၾကာင့္ ယာဥ္ေမာင္းသူမ်ားႏွင့္ စက္ကိရိယာကုိင္တြယ္ရသူမ်ားဟာလည္း င႐ုတ္ေကာင္း မစား သင့္ပါဘူး။

(၅) #ႏြယ္ခ်ဳိ

ႏြယ္ခ်ဳိက အသံကုိၾကည္လင္ေစၿပီး ေခ်ာင္းဆုိးနဲ႔သလိပ္နာေရာဂါကုိ ေပ်ာက္ေစပါတယ္။ ေလနာေရာဂါ ကုိႏုိင္ပါတယ္။ လူကုိဆူၿဖိဳးေစၿပီး အားျဖစ္ေစပါတယ္။

သုိ႔ေသာ္ (က) ႏြယ္ခ်ဳိကုိ ရက္သတၱ ၄-၆ ပတ္ ထက္ပုိ၍ စြဲမစားသင့္ပါဘူး။ ပုိ၍စားမိပါက ခႏၶာကုိယ္ထဲမွာ ေရေအာင္းႏုိင္ပါတယ္။

(ခ) ဆီးခ်ဳိ၊ ေသြး တုိး၊ ႏွလုံး၊ အသည္းနဲ႔ ေက်ာက္ကပ္ေရာဂါရွိသူမ်ား အထူးေရွာင္ရွားသင့္ပါတယ္။

(ဂ) ႏြယ္ခ်ဳိဟာ ခႏၶာ ကုိယ္တြင္း ပုိတက္စီယမ္ဓာတ္ကုိ ေလ်ာ့နည္းေစတာေၾကာင့္ ပုိတက္စီယမ္အားနည္းသူမ်ား မစားသင့္ ပါဘူး။

(၆)#တ႐ုတ္နံနံ

တ႐ုတ္နံနံပင္ထဲမွာ ေဘးဥပဒ္ျဖစ္ေစေသာ ကုိလက္စထေရာ လုံးဝမပါရွိဘဲ ေကာင္းက်ဳိးျပဳေသာ ဓာတ္တုိးဆန္႔က်င္ပစၥည္းမ်ား၊ ဗီတာမင္သတၱဳဓာတ္မ်ားနဲ႔ ေခ်ဖ်က္လြယ္ေသာအမွ်င္ဓာတ္တုိ႔ ႂကြယ္ဝ စြာပါရွိတဲ့အျပင္ ကင္ဆာကုိတုိက္ဖ်က္ႏုိင္ေသာ accetylenics, phenolic acids ႏွင့္ coumarins ဓာတ္ေပါင္းစုမ်ား ပါဝင္ေနတာေၾကာင့္ ကင္ဆာအဖုအက်ိတ္မ်ား ႀကီးထြားပ်ံ႕ႏွံ႔ျခင္းမွ ကာကြယ္ေပးၿပီး အံ့ၾသဖြယ္ေကာင္းစြာ အနာမ်ားကုိလည္း က်က္ေစပါတယ္။ အထူးသျဖင့္ အူမႀကီးကင္ဆာ၊ အစာအိမ္ ကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာႏွင့္ အမ်ဳိးသားမ်ားဆီးက်ိတ္ကင္ဆာတုိ႔ကုိ ဟန္႔တားေပးႏုိင္ပါတယ္။

သုိ႔ေသာ္တ႐ုတ္နံနံပင္က ေဆးအျဖစ္မွီဝဲရင္ ဆီးမ်ားမ်ားသြားေစတာေၾကာင့္ ေက်ာက္ကပ္ေရာဂါ သည္မ်ားနဲ႔ သည္းေျခအိတ္ေဝဒနာသည္မ်ားအတြက္ အထူးေရွာင္ရွားသင့္ပါတယ္။

(၇) #ပင္စိမ္းပင္

ပင္စိမ္းရြက္ထဲတြင္ပါရွိေသာ သဘာဝဓာတ္ေပါင္းစုတစ္မ်ဳိးက ဦးေႏွာက္စြမ္းေဆာင္ခ်က္ကုိ တုိးတက္ ေကာင္းမြန္ေစသည့္အျပင္ စိတ္ဓာတ္က်ျခင္း၊ စိတ္ဖိစီးျခင္းနဲ႔ အယ္လ္ဇုိင္းမားေရာဂါတုိ႔ကုိ ထိထိ ေရာက္ေရာက္ ကုသေပးႏုိင္ပါတယ္။ ဒါ့ျပင္ ပင္စိမ္းရြက္ဟာ ကေလးငယ္မ်ားရဲ႕ ဉာဏ္ရည္စြမ္းအားကုိ တုိးတက္ျမင့္မားေစႏုိင္လုိ႔ အရြယ္သုံးပါးမေရြး စားသုံးသင့္ပါတယ္။

သုိ႔ေသာ္ ေသြးထဲမွာ ဂလူးကုိ႔စ္ နည္းေနသူမ်ား၊ အတက္ေရာဂါရွိသူမ်ားနဲ႔ ဝက္႐ူးျပန္ေရာဂါရွိသူမ်ားကေတာ့ ပင္စိမ္းကုိမစားသင့္ပါ ဘူး။

(၈) #ခ်င္း (ဂ်င္း)

ခ်င္းဟာ အစာေၾကညက္လြယ္ျခင္း၊ ဆီးနဲ႔ဝမ္းကုိရႊင္ေစျခင္း၊ ခံတြင္းၿမိန္ျခင္း၊ သုက္ကုိပြားေစျခင္း၊ အဆိပ္အေတာက္ကုိ ေျပေပ်ာက္ေစျခင္း၊ ေခ်ာင္းဆုိးပန္းနာကုိ ေပ်ာက္ေစျခင္း၊ ေရာင္ရမ္းနာမ်ားကုိ ေပ်ာက္ကင္းျခင္း၊ အသံၾကည္လင္ျခင္း၊ ေလနာေရာဂါကုိႏုိင္ျခင္းစတဲ့ က်န္းမာေရးအာနိသင္ေတြ ေပး စြမ္းႏိုင္ပါတယ္။

သုိ႔ေသာ္ ခ်င္းဟာသည္းေျခရည္ကုိ ပုိထြက္ေစတာေၾကာင့္ သည္းေျချဖစ္ေစ ေဆးအ ျဖစ္မွီဝဲလုိရင္ ကၽြမ္းက်င္သူ ဆရာဝန္တုိ႔၏ လမ္းညႊန္မႈျဖင့္သာ သုံးစြဲသင့္ပါတယ္။

(၉) #နႏြင္း

ေလ့လာဆန္းစစ္မႈ မွတ္တမ္းမ်ားအရ ကမ႓ာေပၚမွာ နႏြင္းမႈန္႔ အစားဆုံးသူမ်ားဟာ အိႏၵိယလူမ်ဳိးမ်ား ျဖစ္ၾကရာ ၎လူမ်ဳိးေတြမွာ ရင္သားကင္ဆာ၊ အဆုတ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ အဆုတ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ ျဖစ္ႏုိင္ေခ်လြန္စြာနည္းပါးေၾကာင္း၊ နႏြင္းမႈန္႔ကုိ ပန္းေဂၚဖီ(အျဖဴ)ႏွင့္ တြဲဖက္၍ခ်က္စားျခင္းက ဆီးက်ိတ္ကင္ဆာျဖစ္ျခင္းမွ ကာကြယ္ေပးႏုိင္ေၾကာင္း၊ အိႏၵိယမွာ နႏြင္းမႈန္႔ကုိ မိ႐ုိးဖလာအရ စားသုံးလာခဲ့ၾကတာေၾကာင့္လည္း ကေလးငယ္ေတြမွာ ေသြး ကင္ဆာျဖစ္ပြားႏႈန္း နည္းပါးေၾကာင္း၊ အဆိပ္အေတာက္ေျပေစကာ အသည္းကုိေကာင္းက်ဳိးျပဳ ေၾကာင္း၊ ကုိယ္တြင္းကုိယ္ပ ေရာင္ရမ္းနာမ်ားအတြက္ လြန္စြာေဆးဖက္ဝင္ေၾကာင္း၊ အမ်ဳိးသမီးမ်ားရဲ႕ သားအိမ္ကုိသန္႔ေစေၾကာင္း၊ နႏြင္းမႈန္႔ကုိ ေန႔စဥ္ဟင္းလ်ာေတြမွာ စားသုံးေလ့ရွိတာေၾကာင့္လည္း အိႏိၵ ယလူမ်ဳိးေတြမွာ ဦးေႏွာက္ဇရာေရာဂါ (ေခၚ) အယ္လ္ဇုိင္းေရာဂါ ျဖစ္သူဦးေရ လြန္စြာနည္းပါးေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။

သုိ႔ေသာ္ အစာအိမ္အက္ဆစ္အထြက္မ်ားသူမ်ား၊ အူယဥ္းနာေရာဂါ၊ သည္း ေျခေက်ာက္ႏွင့္ သည္းေျခအိတ္ပိတ္ဆုိ႔သူမ်ားကေတာ့ နႏြင္းစားသုံးမႈကုိ ေရွာင္ရွားသင့္ပါတယ္။

Ref:ေၾကးမံုသတင္းစာ
ေဆးၿမီးတိုမွတ္စု

..

Unicode Version

တန်ဆေးလွန်ဘေးပေါ့နော်

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဟု ဆိုသော်လည်း လောကနိယာမ သဘောအရ အကောင်းနဲ့အဆိုးကတော့ အမြဲဒွန်တွဲလျက် ရှိနေကြစမြဲပါ။

တချို့သစ်ပင်တွေမှာ လူသားတို့၏ ကျန်းမာရေးအတွက် အားသာချက်တွေ တော်တော်များများ ရှိကြပါတယ်။ သို့သော် လူတစ်ဦးနဲ့တစ်ဦး ကြံ့ခိုင်မှုစွမ်းရည်ချင်း မတူညီကြတာကြောင့် ၎င်းအပင်တွေရဲ့ ဆေးဝါးများဟာ ကိုယ်ထဲကိုရောက်ရှိလာတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးသားစနစ်နဲ့ အပြောင်းအလဲကိုဖြစ်စေတတ်တာကြောင့် သတိပြုသုံးစွဲတတ်ဖို့ လိုပါတယ်။

သို့ပါ၍ သတ်မှတ်ဖော်ညွှန်းထားသော ပမာဏထက်ပို၍ မမှီဝဲမသုံးစွဲသင့်ကြောင်း အောက်ပါအတိုင်း အသိပေး မျှဝေလိုက်ရပါတယ်။

(၁) #ရှားစောင်းလက်ပပ်

(က) ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီ (အနှစ်) ထဲတွင် ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးက အရေပြားပေါ်ရှိ ဆဲလ်များကို အလိုုလိပြုပြင်ပေးနိုင်စွမ်းရှိတာကြောင့် မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။ သို့သော်ခွဲစိတ်အနာ ချုပ်ရိုးများ ကိုတော့ အနာကောင်းစွာမကျက်သေးခင်မှာ မလိမ်းသင့်ပါဘူး။ အနာကျက်နှေးသွားစေပါတယ်။

(ခ) အပင်၏ Enzymes များထဲတွင် ဝမ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွားစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါဘူး။ သို့သော် အပင်ကိုအခြောက် ထား၍ ဝမ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင်တော့ အကျင့်ပါသွားတတ်ပါတယ်။

(၂) #စမုန်မျိုးနှင့်စမုန်နက်

စမုံမျိုးက နှလုံးကိုငြိမ်းအေးစေပြီး အော့အန်ခြင်းကို ပျောက်ကင်းစေတဲ့အပြင် အစာကိုကြေညှက်စေပါ တယ်။ စမုန်နက်က အအေးမိခြင်း၊ ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါ တယ်။ သို့သော်ဆရာဝန်၏ ကြီးကြပ်လမ်းညွှန်ချက်မပါဘဲ ၎င်းတို့ကို ရက်သတ္တ ၆ ပတ်ထက်ပို၍ မစား သင့်ပါဘူး။

(၃) #ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဟင်းလျာအစားအစာများအတွက် အဓိကကျသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအ ကြိုင်ဖြစ်ပါတယ်။ သို့သော် (က) ကြက်သွန်ဖြူဟာ သွေးကျွဲစေတာကြောင့် သွေးမခဲဆေးစားနေရသူ များဟာ ခွဲစိပ်ကုသမှုမပြုမီ ကြက်သွန်ဖြူကို မစားသင့်ပါဘူး။

(ခ) Hypoglyeeamic (ခေါ်) သွေးထဲမှာ ဂလူးကို့စ်နည်း၍ ဆေးစားနေရသူများဟာ ကြက်သွန်ဖြူကို လုံးဝမစားသင့်ပါဘူး။

(၄) #ငရုတ်ကောင်း

ငရုတ်ကောင်းက ပန်းနာ၊ သလိပ်၊ လေထိုးလေအောင့်တို့ကို ချေဖျက်ပေးနိုင်သလို သည်းခြေရောဂါ၊ ဝမ်းကိုက်ခြင်း၊ ချွေးမထွက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွေးဆုတ် သွေးပုပ်အတွင်းပူသော အနာတို့ကိုလည်း သက်သာဖြေလျော့ပေးနိုင်ပါတယ်။

သို့သော် (က) ငရုတ်ကောင်းကို နေ့စဉ် ၃၀၀ မီလီဂရမ်ထက်ပို၍ မစားသင့်ပေ။

(ခ) အရက်သေစာနှင့်တွဲ၍ မမှီဝဲပါနှင့်။

(ဂ) အသည်းရောဂါသမားများဟာ ငရုတ် ကောင်းစားခြင်းမှ ရှောင်သင့်ပါတယ်။

(ဃ) ငရုတ်ကောင်းဟာ ကြွက်သားတွေကို ပျော့ပျောင်းနိုင်စွမ်း ရှိတာကြောင့် ယာဉ်မောင်းသူများနှင့် စက်ကိရိယာကိုင်တွယ်ရသူများဟာလည်း ငရုတ်ကောင်း မစား သင့်ပါဘူး။

(၅) #နွယ်ချို

နွယ်ချိုက အသံကိုကြည်လင်စေပြီး ချောင်းဆိုးနဲ့သလိပ်နာရောဂါကို ပျောက်စေပါတယ်။ လေနာရောဂါ ကိုနိုင်ပါတယ်။ လူကိုဆူဖြိုးစေပြီး အားဖြစ်စေပါတယ်။

သို့သော် (က) နွယ်ချိုကို ရက်သတ္တ ၄-၆ ပတ် ထက်ပို၍ စွဲမစားသင့်ပါဘူး။ ပို၍စားမိပါက ခန္ဓာကိုယ်ထဲမှာ ရေအောင်းနိုင်ပါတယ်။

(ခ) ဆီးချို၊ သွေး တိုး၊ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်ရောဂါရှိသူများ အထူးရှောင်ရှားသင့်ပါတယ်။

(ဂ) နွယ်ချိုဟာ ခန္ဓာ ကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ကို လျော့နည်းစေတာကြောင့် ပိုတက်စီယမ်အားနည်းသူများ မစားသင့် ပါဘူး။

(၆)#တရုတ်နံနံ

တရုတ်နံနံပင်ထဲမှာ ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိဘဲ ကောင်းကျိုးပြုသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်သတ္တုဓာတ်များနဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တို့ ကြွယ်ဝ စွာပါရှိတဲ့အပြင် ကင်ဆာကိုတိုက်ဖျက်နိုင်သော accetylenics, phenolic acids နှင့် coumarins ဓာတ်ပေါင်းစုများ ပါဝင်နေတာကြောင့် ကင်ဆာအဖုအကျိတ်များ ကြီးထွားပျံ့နှံ့ခြင်းမှ ကာကွယ်ပေးပြီး အံ့သြဖွယ်ကောင်းစွာ အနာများကိုလည်း ကျက်စေပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာအိမ် ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အမျိုးသားများဆီးကျိတ်ကင်ဆာတို့ကို ဟန့်တားပေးနိုင်ပါတယ်။

သို့သော်တရုတ်နံနံပင်က ဆေးအဖြစ်မှီဝဲရင် ဆီးများများသွားစေတာကြောင့် ကျောက်ကပ်ရောဂါ သည်များနဲ့ သည်းခြေအိတ်ဝေဒနာသည်များအတွက် အထူးရှောင်ရှားသင့်ပါတယ်။

(၇) #ပင်စိမ်းပင်

ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစုတစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက် ကောင်းမွန်စေသည့်အပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိ ရောက်ရောက် ကုသပေးနိုင်ပါတယ်။ ဒါ့ပြင် ပင်စိမ်းရွက်ဟာ ကလေးငယ်များရဲ့ ဉာဏ်ရည်စွမ်းအားကို တိုးတက်မြင့်မားစေနိုင်လို့ အရွယ်သုံးပါးမရွေး စားသုံးသင့်ပါတယ်။

သို့သော် သွေးထဲမှာ ဂလူးကို့စ် နည်းနေသူများ၊ အတက်ရောဂါရှိသူများနဲ့ ဝက်ရူးပြန်ရောဂါရှိသူများကတော့ ပင်စိမ်းကိုမစားသင့်ပါ ဘူး။

(၈) #ချင်း (ဂျင်း)

ချင်းဟာ အစာကြေညက်လွယ်ခြင်း၊ ဆီးနဲ့ဝမ်းကိုရွှင်စေခြင်း၊ ခံတွင်းမြိန်ခြင်း၊ သုက်ကိုပွားစေခြင်း၊ အဆိပ်အတောက်ကို ပြေပျောက်စေခြင်း၊ ချောင်းဆိုးပန်းနာကို ပျောက်စေခြင်း၊ ရောင်ရမ်းနာများကို ပျောက်ကင်းခြင်း၊ အသံကြည်လင်ခြင်း၊ လေနာရောဂါကိုနိုင်ခြင်းစတဲ့ ကျန်းမာရေးအာနိသင်တွေ ပေး စွမ်းနိုင်ပါတယ်။

သို့သော် ချင်းဟာသည်းခြေရည်ကို ပိုထွက်စေတာကြောင့် သည်းခြေဖြစ်စေ ဆေးအ ဖြစ်မှီဝဲလိုရင် ကျွမ်းကျင်သူ ဆရာဝန်တို့၏ လမ်းညွှန်မှုဖြင့်သာ သုံးစွဲသင့်ပါတယ်။

(၉) #နနွင်း

လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ ကမ႓ာပေါ်မှာ နနွင်းမှုန့် အစားဆုံးသူများဟာ အိန္ဒိယလူမျိုးများ ဖြစ်ကြရာ ၎င်းလူမျိုးတွေမှာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေလွန်စွာနည်းပါးကြောင်း၊ နနွင်းမှုန့်ကို ပန်းဂေါ်ဖီ(အဖြူ)နှင့် တွဲဖက်၍ချက်စားခြင်းက ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း၊ အိန္ဒိယမှာ နနွင်းမှုန့်ကို မိရိုးဖလာအရ စားသုံးလာခဲ့ကြတာကြောင့်လည်း ကလေးငယ်တွေမှာ သွေး ကင်ဆာဖြစ်ပွားနှုန်း နည်းပါးကြောင်း၊ အဆိပ်အတောက်ပြေစေကာ အသည်းကိုကောင်းကျိုးပြု ကြောင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများအတွက် လွန်စွာဆေးဖက်ဝင်ကြောင်း၊ အမျိုးသမီးများရဲ့ သားအိမ်ကိုသန့်စေကြောင်း၊ နနွင်းမှုန့်ကို နေ့စဉ်ဟင်းလျာတွေမှာ စားသုံးလေ့ရှိတာကြောင့်လည်း အိန္ဒိ ယလူမျိုးတွေမှာ ဦးနှောက်ဇရာရောဂါ (ခေါ်) အယ်လ်ဇိုင်းရောဂါ ဖြစ်သူဦးရေ လွန်စွာနည်းပါးကြောင်း လေ့လာတွေ့ရှိရပါတယ်။

သို့သော် အစာအိမ်အက်ဆစ်အထွက်များသူများ၊ အူယဉ်းနာရောဂါ၊ သည်း ခြေကျောက်နှင့် သည်းခြေအိတ်ပိတ်ဆို့သူများကတော့ နနွင်းစားသုံးမှုကို ရှောင်ရှားသင့်ပါတယ်။
Ref:ေၾကးမံုသတင္းစာ

ဆေးမြီးတိုမှတ်စု

Originally posted 2018-09-08 14:46:32.