နိုင္ငံျခားသားခရီးသြားေတြ အလာအမ်ားဆုံးေဒသေတြထဲကတခုျဖစ္တဲ့ အင္းေလးကန္အနီး၊ ရွမ္းေတာင္တန္းေတြ ဝန္းရံထားတဲ့ ေညာင္ေ႐ႊၿမိဳ႕နယ္ ေခ်ာင္းေစာက္ေက်း႐ြာမွာ ဝါးနဲ႕ ဒီဇိုင္းဆန္းဆန္းတည္ေဆာက္ထားတဲ့ အေဆာက္အအုံ ၃ ခုဟာ ျဖတ္သြား ျဖတ္လာတိုင္းကို အထူးအဆန္းတခုလိုျဖစ္ေစၿပီး လည္ျပန္ၾကည့္သြားေစပါတယ္။

ေညာင္ေ႐ႊကေန မိုင္းေသာက္သြားတဲ့ လမ္းမေဘး၊ အင္းေလးကန္ရဲ႕ အေရွ႕ေျမာက္ဘက္နားမွာရွိတဲ့ ဒီ အေဆာက္အအုံ ၃ ခုမွာ အမွတ္တမဲ့ ျမင္လိုက္ရင္ေတာ့ နိုင္ငံျခားသားခရီးသြားေတြအတြက္ ဟိုတယ္ ဒါမွမဟုတ္ စားေသာက္ဆိုင္ အသစ္တခုလို႔ ထင္ရပါတယ္။

ဒါေပမယ့္ ၿခံဝန္းထဲမွာ ကေလးေတြ ကစားတဲ့ ဆီးေဆာ၊ ေလွ်ာ၊ ဒန္းစတာေတြကို ျမင္သြားရင္ေတာ့ ကေလးေတြနဲ႕ ဆိုင္တဲ့ ေနရာတခုခုလို႔ မွန္းဆနိုင္ပါလိမ့္မယ္။

 

အဲဒီအေဆာက္အအုံ ၃ ခုဟာ ေညာင္ေ႐ႊရဲ႕ ပထမဦးဆုံးကိုယ္ပိုင္ေက်ာင္း ျဖစ္ပါတယ္။ ေညာင္ေ႐ႊနဲ႕ အင္းေလးေဒသဝန္းက်င္ မွာရွိတဲ့ ကေလးေတြအတြက္ “အင္းေလးေဒသအေမြအႏွစ္” က ေျမ ၄ ဧက ေနရာမွာ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

အင္းေလးေဒသအေမြအႏွစ္ကို တည္ေထာင္သူ ေဒၚယဥ္မ်ိဳးစုဟာ အင္းေလးမွာ Inle Princess Resort နဲ႕ ရခိုင္ျပည္နယ္မွာ Mrauk-U Princess Resort ဆိုၿပီး ဟိုတယ္ႏွစ္ခုရဲ႕ မန္ေနဂ်င္းဒါရိုက္တာျဖစ္ၿပီး အင္းေလးကန္နဲ႕ အင္းသားရိုးရာ အေမြ အႏွစ္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္မႈေတြအတြက္ အသိအမွတ္ျပဳခံထားရသူလည္း ျဖစ္ပါတယ္။ ေဒၚယဥ္မ်ိဳးစုရဲ႕ အခု ေနာက္ဆုံးေဆာင္႐ြက္မႈေတြထဲမွာ ပညာေရးက႑ ပါဝင္လာပါတယ္။

“က်မရဲ႕အလုပ္ခြင္က လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ က်မရဲ႕ပတ္ဝန္းက်င္က မိသားစုေတြမွာ အခုေနာက္ပိုင္းကေလးငယ္ေတြ အမ်ားႀကီး ေတြ႕လာရတယ္။ ဒီကေလးေတြကို ျမင္ေတာ့ ဒီေဒသ ဒီပတ္ဝန္းက်င္မွာ က်မငယ္ငယ္က က်မလိုခ်င္ခဲ့တဲ့ ငယ္ဘဝ ပုံစံမ်ိဳးေလး သူတို႔ကိုရေစခ်င္မိတယ္” လို႔ ဇြန္လ ၁၈ ရက္ေန႕က သူ႕ရဲ႕ “အင္းေလးေဒသအေမြအႏွစ္ ကိုယ္ပိုင္ေက်ာင္း” ကို ဧရာဝတီသတင္းဌာနရဲ႕ သတင္းေထာက္ေတြကို ျပသရင္း ရွင္းျပပါတယ္။

ေညာင္ေ႐ႊပတ္ဝန္းက်င္တဝိုက္မွာ ပညာေရးဝန္ႀကီးဌာနက အသိအမွတ္ျပဳၿပီး ေက်ာင္းသားေတြကို အႏုပညာ၊ အားကစား၊ သဘာဝပတ္ဝန္းက်င္၊ ယဥ္ေက်းမႈ၊ သမိုင္းအေမြအႏွစ္နဲ႕ ရပ္႐ြာပတ္ဝန္းက်င္အေၾကာင္းပိုနားလည္ေစနိုင္မယ့္ အစိုးရ ေက်ာင္းေတြထက္ ပိုၿပီးေက်ာင္းသားေတြအတြက္ အခန္းက႑ေတြ စုံစုံလင္လင္ရွိတဲ့ ေက်ာင္းမ်ိဳးလိုအပ္တယ္လို႔ ယူဆေၾကာင္းလည္း ေဒၚယဥ္မ်ိဳးစုကေျပာပါတယ္။

“က်မက ဒီမွာေမြးခဲ့တယ္၊ ဒီမွာေနတယ္၊ ဒီမွာပဲ အသက္ေမြးဝမ္းေက်ာင္း ျပန္လုပ္တယ္။ အဲဒီအတြက္ က်မရဲ႕ ပတ္ဝန္းက်င္ အတြက္ က်မတတ္နိုင္သေလာက္ ျပန္ၿပီးလုပ္ေပးခ်င္တယ္၊ အထူးသျဖင့္ နိုင္ငံရဲ႕ အေျပာင္းအလဲ ကာလမ်ိဳးမွာေပါ့” လို႔ ေက်ာင္းေဆာက္ျဖစ္ရတဲ့အေၾကာင္း ဧရာဝတီကို ေျပာျပပါတယ္။

ျမန္မာနိုင္ငံမွာ ၂၀၁၂ ခုႏွစ္ကစၿပီး ကိုယ္ပိုင္ေက်ာင္း ဖြင့္လွစ္ခြင့္လိုင္စင္ေတြ ခြင့္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။ စစခြင့္ျပဳခဲ့တဲ့ ၂၀၁၂ ခုႏွစ္မွာ ကိုယ္ပိုင္ေက်ာင္းေပါင္း ၆၀ ေက်ာ္ စာရင္းသြင္းလုပ္ကိုင္ခဲ့ၿပီး ၂၀၁၆-၁၇ ပညာသင္ႏွစ္မွာေတာ့ ကိုယ္ပိုင္ေက်ာင္းေပါင္း ၅၈၅ ေက်ာင္း စာရင္းရွိခဲ့တယ္လို႔ ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနရဲ႕ အႀကီးအကဲတဦးျဖစ္သူ ဦးေက်ာ္သူက ဧရာဝတီကို ေျပာပါတယ္။

အေနာက္နိုင္ငံေတြရဲ႕ သင္ရိုးအသုံးျပဳသင္ၾကားတဲ့ နိုင္ငံတကာ ေက်ာင္းနဲ႕ ကိုယ္ပိုင္ေက်ာင္းေတြ အရမ္း ေခတ္စား လာၿပီးတဲ့ေနာက္ ျမန္မာနိုင္ငံရဲ႕ ေက်ာင္းလခေဈးအႀကီးဆုံး နိုင္ငံတကာေက်ာင္းတေက်ာင္းဟာ ေက်ာင္းသားတေယာက္ကို ပ်မ္းမွ်အားျဖင့္ တလ ေဒၚလာ ၂၀၀၀ ေလာက္အထိ ေကာက္ခံတယ္လို႔လည္း စုံစမ္းသိရွိရပါတယ္။ ျမန္မာအစိုးရ အသိအမွတ္ျပဳ သင္ရိုးဒါမွမဟုတ္ ျမန္မာအစိုးရသင္ရိုးနဲ႕ပဲ သင္ၾကားတဲ့ ကိုယ္ပိုင္ေက်ာင္းတေက်ာင္းမွာ ေယဘုယ်အားျဖင့္ ေက်ာင္းသား တေယာက္ကို တလ ျမန္မာေငြ ၅၀၀၀၀ ခန႔္ အနည္းဆုံးေကာက္ခံတယ္လို႔ သိရွိရပါတယ္။

အင္းေလးေဒသအေမြအႏွစ္ ကိုယ္ပိုင္ေက်ာင္းမွာေတာ့ မူႀကိဳနဲ႕ သူငယ္တန္းကေလးမ်ားအတြက္ ေက်ာင္းလခ တလကို ျမန္မာေငြ ၃၅၀၀၀ က်ပ္ ေကာက္ခံၿပီး ပထမတန္းနဲ႕ ဒုတိယတန္းကေလးမ်ားအတြက္ေတာ့ ၄၀၀၀၀ က်ပ္ ေကာက္ခံတယ္လို႔ သိရပါတယ္။

အင္းေလးေဒသအေမြအႏွစ္ ကိုယ္ပိုင္ေက်ာင္းရဲ႕ ပထမဦးဆုံးအေဆာင္ ၃ ေဆာင္ကို တႏွစ္ခန႔္ အခ်ိန္ယူ ေဆာက္လုပ္ခဲ့ရၿပီး ေက်ာင္းရဲ႕ ပထမဦးဆုံးပညာသင္ႏွစ္ကို ယခုႏွစ္ ဇြန္လ ၁ ရက္ေန႕မွာ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ အေဆာင္ ၃ ေဆာင္၊ မူႀကိဳမွ ဒုတိယတန္းအထိ ေက်ာင္းသားေက်ာင္းသူေပါင္း ၁၁၈ ေယာက္အတြက္ စာသင္ခန္း ၆ ခန္း (တခန္းအလြတ္)နဲ႕ ကစားစရာေနရာ ၂ ခု စီစဥ္ထားတာေတြ႕ခဲ့ရပါတယ္။ ေရွ႕ႏွစ္မ်ားမွာေတာ့ ေက်ာင္းအေဆာင္ အားလုံးေပါင္း ၁၂ ခု အထိ ရွိလာေအာင္ တိုးခ်ဲ့ၿပီး အေျခခံပညာ အထက္တန္းအထိပါ စီစဥ္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဝါးကိုအသုံးျပဳတည္ေဆာက္ျခင္း

ေက်ာင္းရဲ႕ ထူးျခားတဲ့ဒီဇိုင္းဟာ ကြန္ကရစ္ေက်ာင္းေဆာင္ေတြ၊ ကစားစရာေနရာ အကန႔္အသတ္ရွိတတ္တဲ့ တျခား ေက်ာင္းေတြနဲ႕မတူဘဲ ထူးျခားေနတဲ့ အဓိကအခ်က္တခ်က္ ျဖစ္ပါတယ္။ ေဒၚယဥ္မ်ိဳးစုကေတာ့ ဒီေက်ာင္းရဲ႕ တည္ေဆာက္မႈနဲ႕ ဒီဇိုင္းဟာ ဝါးကိုအေျခခံ ျပဳလုပ္ထားတာေၾကာင့္ ေခတ္ဒီဇိုင္းကို ရိုးရာပုံစံနဲ႕ ေရာယွက္ၿပီးေဒသရဲ႕ ယဥ္ေက်းမႈနဲ႕ပါမက သဘာဝနဲ႕ပါ နီးစပ္တဲ့ ပုံစံမ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။

ပုံမွန္ျမင္ေနက် ပုံစံမ်ိဳးမဟုတ္ဘဲ ထူးထူးျခားျခားဒီဇိုင္းရွိၿပီး သဘာဝပတ္ဝန္းက်င္နဲ႕ေရာ အေဆာက္အအုံ ေဘးပတ္ဝန္းက်င္ ေနရာေတြနဲ႕ပါ အက္စပ္တဲ့ပုံစံမ်ိဳးနဲ႕ ေက်ာင္းကို ေဆာက္ခ်င္တဲ့ရည္႐ြယ္ခ်က္ေၾကာင့္ ဝါးကို အသုံးျပဳေဆာက္လုပ္ခဲ့ရျခင္း ျဖစ္တယ္လို႔ သူကဆိုပါတယ္။ ေက်ာင္းေဆာက္လုပ္ရာမွာ သုံးခဲ့တဲ့ ဝါးေတြ အားလုံးကိုလည္း ေညာင္ေ႐ႊ ပတ္ဝန္းက်င္ ကေနပဲ ရယူအသုံးျပဳခဲ့တာလို႔ ေျပာပါတယ္။

အာရွယဥ္ေက်းမႈမွာ ၁၀ ရာစုႏွစ္ခန႔္ကတည္းက ဝါးကိုအသုံးျပဳ ေဆာက္လုပ္ခဲ့ၾကေပမယ့္ အခုႏွစ္ပိုင္းေတြမွာ ဝါးဟာ သစ္ထက္ ေဈးပိုသက္သာၿပီး သဘာဝပတ္ဝန္းက်င္အတြက္ ေရရွည္အက်ိဳးျဖစ္ေစတာေၾကာင့္ ေခတ္သစ္ ဗိသုကာပညာနဲ႕ အေဆာက္အအုံ အတြင္းဒီဇိုင္းေတြအတြက္ လူႀကိဳက္ပိုမ်ားလာခဲ့ပါတယ္။ ဝါးကိုခုတ္ယူလိုက္ရင္ ျပန္ေပါက္တာ ျမန္တဲ့အတြက္ သစ္ေတာ ျပဳန္းတီးမႈကိုလည္းမျဖစ္ေစေတာ့ဘူးလို႔ သိရပါတယ္။

“က်မကကေလးေတြကို သူတို႔ စာသင္ရတဲ့ အေဆာက္အအုံကစလို႔ ေန႕တိုင္း ျမင္ေနရတဲ့၊ ေတြးေတာနိုင္တဲ့ အရာအားလုံးနဲ႕ ပတ္သက္ၿပီး ေရရွည္အက်ိဳးျဖစ္ထြန္းမႈကို ဒီအ႐ြယ္ကတည္းကစၿပီး စဥ္းစားေစခ်င္တယ္” လို႔ ေဒၚယဥ္မ်ိဳးစုကဆိုပါတယ္။

“တျခားေဆာက္မယ့္သူေတြကိုလည္း စီးပြားေရးအတြက္ပဲ ေဆာက္ေဆာက္၊ ေက်ာင္းပဲေဆာက္ေဆာက္၊ ေဆးခန္းပဲေဆာက္ေဆာက္၊ အိမ္ပဲေဆာက္ေဆာက္ ကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ ပစၥည္းနဲ႕ ေရရွည္အက်ိဳးျဖစ္ထြန္းမယ့္ နည္းလမ္းကို အသုံးျပဳၿပီးေဆာက္လို႔ရတယ္ဆိုတာကိုလည္း ျပခ်င္တာပါပါတယ္” လို႔ ဆက္ေျပာပါတယ္။

ေဆာက္လုပ္ရာမွာ အသုံးျပဳမယ့္ ဝါးေတြကို အင္းဆက္ပိုးမႊားမတက္ေအာင္ treatment ေကာင္းေကာင္းနဲ႕ ျပင္ဆင္ထားပါက ဝါးအေဆာက္အအုံေတြဟာ ဆယ္စုႏွစ္မ်ားစြာတာရွည္ခံနိုင္တယ္လို႔ ဆိုပါတယ္။ ဝါးဟာ ေလထုညစ္ညမ္းမႈ မျဖစ္ေစတဲ့အျပင္ နည္းစနစ္မွန္မွန္ အသုံးျပဳေဆာက္လုပ္ပါက သစ္ထက္ပင္ ေျမငလ်င္ခံနိုင္ရည္အားေကာင္းတယ္လို႔ ဆိုၾကပါတယ္။

ေက်ာင္းကိုတည္ေဆာက္ရာမွာ ထိုင္းနိုင္ငံအေျခစိုက္ Bamboo Family ဒီဇိုင္းႏွင့္ ေဆာက္လုပ္ေရးကုမၸဏီနဲ႕ တြဲဖက္ ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ သူမရဲ႕ ဝန္ထမ္းေတြနဲ႕ ေဆာက္လုပ္ေရးမွာ ပါဝင္ေဆာင္႐ြက္တဲ့ ေဒသခံအလုပ္သမားေတြဟာ ဝါးကိုပိုတာရွည္ခံေအာင္ ဘယ္လိုထိန္းသိမ္းရမလဲ၊ ဘယ္လို treatment လုပ္ေပးရမလဲ အစရွိတာေတြကို Bamboo Family ဆီကေန သင္ယူနိုင္တဲ့ အခြင့္အေရးရခဲ့တယ္လို႔ ေျပာျပပါတယ္။

ကေလးမ်ား၏စာရိတၱကို သင္ၾကားပုံသြင္းျခင္း

အင္းေလးေဒသအေမြအႏွစ္ ကိုယ္ပိုင္ေက်ာင္းတြင္ လက္ရွိဆရာ၊ ဆရာမ ၁၁ ေယာက္၊ သင္ၾကားေရးအႀကံေပး ၂ ေယာက္၊ ေက်ာင္းအုပ္ဆရာႀကီးတေယာက္ အပါအဝင္ ဝန္ထမ္းအားလုံးေပါင္း ၁၇ ေယာက္ျဖင့္ ပထမဆုံးစာသင္ႏွစ္ကို စတင္ လည္ပတ္ေနပါတယ္။

ေက်ာင္းသားမိဘမ်ားရဲ႕ သားသမီးမ်ားကို အမွတ္ေကာင္းေကာင္းရေစခ်င္သည့္ ေမွ်ာ္လင့္ခ်က္ဟာ ေဒသရဲ႕ပထမဆုံး ကိုယ္ပိုင္ေက်ာင္းျဖစ္လာတဲ့ ေက်ာင္းအတြက္ အႀကီးမားဆုံးစိန္ေခၚမႈတခု ျဖစ္တယ္လို႔ ေက်ာင္းအုပ္ဆရာႀကီး ဦးေအာင္ေက်ာ္စြာက ဧရာဝတီကိုေျပာျပပါတယ္။

ေက်ာင္းရဲ႕ ပထမဆုံးနဲ႕ အႀကီးမားဆုံးရည္႐ြယ္ခ်က္မွာ ကေလးမ်ားကိုစာရိတၱေကာင္းေကာင္းမြန္မြန္၊ စည္းကမ္းရွိရွိနဲ႕ လူေကာင္းမ်ားအျဖစ္ ႀကီးျပင္းလာေစဖို႔ ျဖစ္ၿပီး ကိုယ့္ပတ္ဝန္းက်င္ကို အက်ိဳးျပဳတတ္တဲ့ စိတ္ဓါတ္မ်ိဳး ပ်ိဳးေထာင္ေပးဖို႔ ျဖစ္တယ္လို႔ ဦးေအာင္ေက်ာ္စြာက ရွင္းျပပါတယ္။

“က်ေနာ့္အတြက္ ပညာေရးဆိုတာ ဘြဲ႕ေတြ ဒီဂရီေတြထက္သာလြန္ပါတယ္။ ကေလးေတြကို သူတို႔ဘာသာ ေကာင္းေကာင္းေဝဖန္ပိုင္းျခားနိုင္ေအာင္၊ ေကာင္းတယ္ ဆိုးတယ္ ေသခ်ာသိၿပီး၊ သိၿပီးရင္လည္း သူတို႔ဘာသာ ေကာင္းတဲ့ပုံစံအတိုင္း သူတို႔ဘဝမွာ လုပ္ေဆာင္နိုင္ေအာင္ က်ေနာ္တို႔က ေလ့က်င့္ေပးနိုင္တယ္ဆိုရင္ ဒါ ေကာင္းတဲ့ ပညာေရးစနစ္လို႔ ယူဆတယ္” လို႔ ဦးေအာင္ေက်ာ္စြာက ဆိုပါတယ္။

“က်ေနာ္ရဲ႕ တသီးပုဂၢလ ဆႏၵအရဆိုရင္ေတာ့ ကေလးေတြကိုအရမ္းကို ႀကီးမားတဲ့ေမွ်ာ္မွန္းခ်က္ေတြမထားဘူး။ အနည္းဆုံးရည္႐ြယ္ခ်က္ကဘာလဲဆိုရင္ ကိုယ့္အတြက္နဲ႕ ကိုယ့္ပတ္ဝန္းက်င္အတြက္ကိုဘာပဲလုပ္လုပ္ စဥ္းစားတတ္တဲ့ စိတ္ကေလး ျဖစ္လာဖို႔ပါ။ ဒါျဖစ္လာတယ္ဆိုရင္ က်ေနာ္တို႔ ပညာေရးစနစ္ ေအာင္ျမင္တယ္လို႔ ယူဆရမွာေပါ့” လို႔ သူကဆက္လက္ ရွင္းျပပါတယ္။

ေက်ာင္းစဖြင့္ၿပီး ၂ ပတ္အၾကာ၊ ၃ ပတ္ေျမာက္ ျပန္အဖြင့္မွာေတာ့ ေက်ာင္းသားမိဘေတြ ေက်ာင္းအေပၚ ယုံၾကည္မႈ မရွိေတာ့ဘဲကေလးေတြကို ေက်ာင္းဆီမလႊတ္ေတာ့ဘဲ ကေလးေတြ ေပၚမလာေတာ့မွာကို စိုးရိမ္မိပါေသးတယ္လို႔ ေက်ာင္းအုပ္ဆရာႀကီး ဦးေအာင္ေက်ာ္စြာက ရယ္ရင္းေျပာျပပါတယ္။ ဒါေပမယ့္ ၃ ပတ္ေျမာက္မွာေတာ့ ေကာင္းတဲ့ တုံ႕ျပန္မႈေလးေတြ စရလာတယ္လို႔ ဆိုပါတယ္။ ကေလးေတြမွာ သူတို႔ရဲ႕ ေန႕စဥ္ဘဝမွာ ပိုၿပီး ကိုယ့္အားကိုယ္ကိုးတတ္လာတာကို သတိထားမိတယ္လို႔ ေက်ာင္းသားမိဘေတြဆီကေနတဆင့္ ျပန္ၾကားရတယ္လို႔ သိရပါတယ္။

ဒါဟာ ခရီးရွည္ႀကီးရဲ႕ပထမဆုံးေျခလွမ္းေတြပါ။ က်ေနာ္တို႔ လုပ္ေနတာေတြအေပၚ မိဘေတြ ယုံၾကည္ဖို႔လိုတဲ့အတြက္ ေက်ာင္းသားမိဘေတြနဲ႕ အၿမဲပဲ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ ႀကိဳးစားပါတယ္” လို႔ ဦးေအာင္ေက်ာ္စြာက ေျပာပါတယ္။

ေက်ာင္းတည္ေထာင္သူ ေဒၚယဥ္မ်ိဳးစုကေတာ့ ကေလးေတြ ငယ္စဥ္ကတည္းက တိရစာၦန္ေတြအေပၚ ေလးစားမႈ ရွိတတ္ဖို႔နဲ႕ တာဝန္သိသိ စားသုံးတတ္မႈ အစရွိတဲ့ သဘာဝပတ္ဝန္းက်င္နဲ႕ သဟဇာတျဖစ္တဲ့ အေလ့အထေတြ ပ်ိဳးေထာင္ေပးနိုင္ဖို႔ ေက်ာင္းဝန္းအတြင္းမွာ ေမြးျမဴေရးၿခံေလးတခုႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ခင္းတခုကိုပါ ထည့္သြင္းနိုင္ရန္ ေမွ်ာ္မွန္း စိတ္ကူးထားေၾကာင္းေျပာျပပါတယ္။

“က်မတို႔ရဲ႕ တိုင္းျပည္ကိုေရာ ပတ္ဝန္းက်င္ကိုေရာ ဒီကေလးေတြ လက္ထဲထည့္ရမွာ။ တေန႕က်ရင္ သူတို႔က တိုင္းျပည္ကို ေခါင္းေဆာင္ၿပီး တိုင္းျပည္ရဲ႕ အနာဂါတ္ကို သူတို႔ကဆုံးျဖတ္မွာ။ သူတို႔ကိုအေကာင္းဆုံးပညာေတြပဲေပးရမယ္” လို႔ ေဒၚယဥ္မ်ိဳးစုက ေျပာလိုက္ပါတယ္။

တင္ထက္ပိုင္

ဧရာဝတီ

==============

နိုင်ငံခြားသားခရီးသွားတွေ အလာအများဆုံးဒေသတွေထဲကတခုဖြစ်တဲ့ အင်းလေးကန်အနီး၊ ရှမ်းတောင်တန်းတွေ ဝန်းရံထားတဲ့ ညောင်ရွှေမြို့နယ် ချောင်းစောက်ကျေးရွာမှာ ဝါးနဲ့ ဒီဇိုင်းဆန်းဆန်းတည်ဆောက်ထားတဲ့ အဆောက်အအုံ ၃ ခုဟာ ဖြတ်သွား ဖြတ်လာတိုင်းကို အထူးအဆန်းတခုလိုဖြစ်စေပြီး လည်ပြန်ကြည့်သွားစေပါတယ်။

ညောင်ရွှေကနေ မိုင်းသောက်သွားတဲ့ လမ်းမဘေး၊ အင်းလေးကန်ရဲ့ အရှေ့မြောက်ဘက်နားမှာရှိတဲ့ ဒီ အဆောက်အအုံ ၃ ခုမှာ အမှတ်တမဲ့ မြင်လိုက်ရင်တော့ နိုင်ငံခြားသားခရီးသွားတွေအတွက် ဟိုတယ် ဒါမှမဟုတ် စားသောက်ဆိုင် အသစ်တခုလို့ ထင်ရပါတယ်။

ဒါပေမယ့် ခြံဝန်းထဲမှာ ကလေးတွေ ကစားတဲ့ ဆီးဆော၊ လျှော၊ ဒန်းစတာတွေကို မြင်သွားရင်တော့ ကလေးတွေနဲ့ ဆိုင်တဲ့ နေရာတခုခုလို့ မှန်းဆနိုင်ပါလိမ့်မယ်။

အဲဒီအဆောက်အအုံ ၃ ခုဟာ ညောင်ရွှေရဲ့ ပထမဦးဆုံးကိုယ်ပိုင်ကျောင်း ဖြစ်ပါတယ်။ ညောင်ရွှေနဲ့ အင်းလေးဒေသဝန်းကျင် မှာရှိတဲ့ ကလေးတွေအတွက် “အင်းလေးဒေသအမွေအနှစ်” က မြေ ၄ ဧက နေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အင်းလေးဒေသအမွေအနှစ်ကို တည်ထောင်သူ ဒေါ်ယဉ်မျိုးစုဟာ အင်းလေးမှာ Inle Princess Resort နဲ့ ရခိုင်ပြည်နယ်မှာ Mrauk-U Princess Resort ဆိုပြီး ဟိုတယ်နှစ်ခုရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး အင်းလေးကန်နဲ့ အင်းသားရိုးရာ အမွေ အနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်မှုတွေအတွက် အသိအမှတ်ပြုခံထားရသူလည်း ဖြစ်ပါတယ်။ ဒေါ်ယဉ်မျိုးစုရဲ့ အခု နောက်ဆုံးဆောင်ရွက်မှုတွေထဲမှာ ပညာရေးကဏ္ဍ ပါဝင်လာပါတယ်။

“ကျမရဲ့အလုပ်ခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျမရဲ့ပတ်ဝန်းကျင်က မိသားစုတွေမှာ အခုနောက်ပိုင်းကလေးငယ်တွေ အများကြီး တွေ့လာရတယ်။ ဒီကလေးတွေကို မြင်တော့ ဒီဒေသ ဒီပတ်ဝန်းကျင်မှာ ကျမငယ်ငယ်က ကျမလိုချင်ခဲ့တဲ့ ငယ်ဘဝ ပုံစံမျိုးလေး သူတို့ကိုရစေချင်မိတယ်” လို့ ဇွန်လ ၁၈ ရက်နေ့က သူ့ရဲ့ “အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်း” ကို ဧရာဝတီသတင်းဌာနရဲ့ သတင်းထောက်တွေကို ပြသရင်း ရှင်းပြပါတယ်။

ညောင်ရွှေပတ်ဝန်းကျင်တဝိုက်မှာ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုပြီး ကျောင်းသားတွေကို အနုပညာ၊ အားကစား၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်နဲ့ ရပ်ရွာပတ်ဝန်းကျင်အကြောင်းပိုနားလည်စေနိုင်မယ့် အစိုးရ ကျောင်းတွေထက် ပိုပြီးကျောင်းသားတွေအတွက် အခန်းကဏ္ဍတွေ စုံစုံလင်လင်ရှိတဲ့ ကျောင်းမျိုးလိုအပ်တယ်လို့ ယူဆကြောင်းလည်း ဒေါ်ယဉ်မျိုးစုကပြောပါတယ်။

“ကျမက ဒီမှာမွေးခဲ့တယ်၊ ဒီမှာနေတယ်၊ ဒီမှာပဲ အသက်မွေးဝမ်းကျောင်း ပြန်လုပ်တယ်။ အဲဒီအတွက် ကျမရဲ့ ပတ်ဝန်းကျင် အတွက် ကျမတတ်နိုင်သလောက် ပြန်ပြီးလုပ်ပေးချင်တယ်၊ အထူးသဖြင့် နိုင်ငံရဲ့ အပြောင်းအလဲ ကာလမျိုးမှာပေါ့” လို့ ကျောင်းဆောက်ဖြစ်ရတဲ့အကြောင်း ဧရာဝတီကို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်လိုင်စင်တွေ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ စစခွင့်ပြုခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ကိုယ်ပိုင်ကျောင်းပေါင်း ၆၀ ကျော် စာရင်းသွင်းလုပ်ကိုင်ခဲ့ပြီး ၂၀၁၆-၁၇ ပညာသင်နှစ်မှာတော့ ကိုယ်ပိုင်ကျောင်းပေါင်း ၅၈၅ ကျောင်း စာရင်းရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရဲ့ အကြီးအကဲတဦးဖြစ်သူ ဦးကျော်သူက ဧရာဝတီကို ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ သင်ရိုးအသုံးပြုသင်ကြားတဲ့ နိုင်ငံတကာ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေ အရမ်း ခေတ်စား လာပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ကျောင်းလခဈေးအကြီးဆုံး နိုင်ငံတကာကျောင်းတကျောင်းဟာ ကျောင်းသားတယောက်ကို ပျမ်းမျှအားဖြင့် တလ ဒေါ်လာ ၂၀၀၀ လောက်အထိ ကောက်ခံတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ မြန်မာအစိုးရ အသိအမှတ်ပြု သင်ရိုးဒါမှမဟုတ် မြန်မာအစိုးရသင်ရိုးနဲ့ပဲ သင်ကြားတဲ့ ကိုယ်ပိုင်ကျောင်းတကျောင်းမှာ ယေဘုယျအားဖြင့် ကျောင်းသား တယောက်ကို တလ မြန်မာငွေ ၅၀၀၀၀ ခန့် အနည်းဆုံးကောက်ခံတယ်လို့ သိရှိရပါတယ်။

အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်းမှာတော့ မူကြိုနဲ့ သူငယ်တန်းကလေးများအတွက် ကျောင်းလခ တလကို မြန်မာငွေ ၃၅၀၀၀ ကျပ် ကောက်ခံပြီး ပထမတန်းနဲ့ ဒုတိယတန်းကလေးများအတွက်တော့ ၄၀၀၀၀ ကျပ် ကောက်ခံတယ်လို့ သိရပါတယ်။

အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်းရဲ့ ပထမဦးဆုံးအဆောင် ၃ ဆောင်ကို တနှစ်ခန့် အချိန်ယူ ဆောက်လုပ်ခဲ့ရပြီး ကျောင်းရဲ့ ပထမဦးဆုံးပညာသင်နှစ်ကို ယခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆောင် ၃ ဆောင်၊ မူကြိုမှ ဒုတိယတန်းအထိ ကျောင်းသားကျောင်းသူပေါင်း ၁၁၈ ယောက်အတွက် စာသင်ခန်း ၆ ခန်း (တခန်းအလွတ်)နဲ့ ကစားစရာနေရာ ၂ ခု စီစဉ်ထားတာတွေ့ခဲ့ရပါတယ်။ ရှေ့နှစ်များမှာတော့ ကျောင်းအဆောင် အားလုံးပေါင်း ၁၂ ခု အထိ ရှိလာအောင် တိုးချဲ့ပြီး အခြေခံပညာ အထက်တန်းအထိပါ စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဝါးကိုအသုံးပြုတည်ဆောက်ခြင်း

ကျောင်းရဲ့ ထူးခြားတဲ့ဒီဇိုင်းဟာ ကွန်ကရစ်ကျောင်းဆောင်တွေ၊ ကစားစရာနေရာ အကန့်အသတ်ရှိတတ်တဲ့ တခြား ကျောင်းတွေနဲ့မတူဘဲ ထူးခြားနေတဲ့ အဓိကအချက်တချက် ဖြစ်ပါတယ်။ ဒေါ်ယဉ်မျိုးစုကတော့ ဒီကျောင်းရဲ့ တည်ဆောက်မှုနဲ့ ဒီဇိုင်းဟာ ဝါးကိုအခြေခံ ပြုလုပ်ထားတာကြောင့် ခေတ်ဒီဇိုင်းကို ရိုးရာပုံစံနဲ့ ရောယှက်ပြီးဒေသရဲ့ ယဉ်ကျေးမှုနဲ့ပါမက သဘာဝနဲ့ပါ နီးစပ်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်မြင်နေကျ ပုံစံမျိုးမဟုတ်ဘဲ ထူးထူးခြားခြားဒီဇိုင်းရှိပြီး သဘာဝပတ်ဝန်းကျင်နဲ့ရော အဆောက်အအုံ ဘေးပတ်ဝန်းကျင် နေရာတွေနဲ့ပါ အက်စပ်တဲ့ပုံစံမျိုးနဲ့ ကျောင်းကို ဆောက်ချင်တဲ့ရည်ရွယ်ချက်ကြောင့် ဝါးကို အသုံးပြုဆောက်လုပ်ခဲ့ရခြင်း ဖြစ်တယ်လို့ သူကဆိုပါတယ်။ ကျောင်းဆောက်လုပ်ရာမှာ သုံးခဲ့တဲ့ ဝါးတွေ အားလုံးကိုလည်း ညောင်ရွှေ ပတ်ဝန်းကျင် ကနေပဲ ရယူအသုံးပြုခဲ့တာလို့ ပြောပါတယ်။

အာရှယဉ်ကျေးမှုမှာ ၁၀ ရာစုနှစ်ခန့်ကတည်းက ဝါးကိုအသုံးပြု ဆောက်လုပ်ခဲ့ကြပေမယ့် အခုနှစ်ပိုင်းတွေမှာ ဝါးဟာ သစ်ထက် ဈေးပိုသက်သာပြီး သဘာဝပတ်ဝန်းကျင်အတွက် ရေရှည်အကျိုးဖြစ်စေတာကြောင့် ခေတ်သစ် ဗိသုကာပညာနဲ့ အဆောက်အအုံ အတွင်းဒီဇိုင်းတွေအတွက် လူကြိုက်ပိုများလာခဲ့ပါတယ်။ ဝါးကိုခုတ်ယူလိုက်ရင် ပြန်ပေါက်တာ မြန်တဲ့အတွက် သစ်တော ပြုန်းတီးမှုကိုလည်းမဖြစ်စေတော့ဘူးလို့ သိရပါတယ်။

“ကျမကကလေးတွေကို သူတို့ စာသင်ရတဲ့ အဆောက်အအုံကစလို့ နေ့တိုင်း မြင်နေရတဲ့၊ တွေးတောနိုင်တဲ့ အရာအားလုံးနဲ့ ပတ်သက်ပြီး ရေရှည်အကျိုးဖြစ်ထွန်းမှုကို ဒီအရွယ်ကတည်းကစပြီး စဉ်းစားစေချင်တယ်” လို့ ဒေါ်ယဉ်မျိုးစုကဆိုပါတယ်။

“တခြားဆောက်မယ့်သူတွေကိုလည်း စီးပွားရေးအတွက်ပဲ ဆောက်ဆောက်၊ ကျောင်းပဲဆောက်ဆောက်၊ ဆေးခန်းပဲဆောက်ဆောက်၊ အိမ်ပဲဆောက်ဆောက် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းနဲ့ ရေရှည်အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းကို အသုံးပြုပြီးဆောက်လို့ရတယ်ဆိုတာကိုလည်း ပြချင်တာပါပါတယ်” လို့ ဆက်ပြောပါတယ်။

ဆောက်လုပ်ရာမှာ အသုံးပြုမယ့် ဝါးတွေကို အင်းဆက်ပိုးမွှားမတက်အောင် treatment ကောင်းကောင်းနဲ့ ပြင်ဆင်ထားပါက ဝါးအဆောက်အအုံတွေဟာ ဆယ်စုနှစ်များစွာတာရှည်ခံနိုင်တယ်လို့ ဆိုပါတယ်။ ဝါးဟာ လေထုညစ်ညမ်းမှု မဖြစ်စေတဲ့အပြင် နည်းစနစ်မှန်မှန် အသုံးပြုဆောက်လုပ်ပါက သစ်ထက်ပင် မြေငလျင်ခံနိုင်ရည်အားကောင်းတယ်လို့ ဆိုကြပါတယ်။

ကျောင်းကိုတည်ဆောက်ရာမှာ ထိုင်းနိုင်ငံအခြေစိုက် Bamboo Family ဒီဇိုင်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ တွဲဖက် ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုကြောင့် သူမရဲ့ ဝန်ထမ်းတွေနဲ့ ဆောက်လုပ်ရေးမှာ ပါဝင်ဆောင်ရွက်တဲ့ ဒေသခံအလုပ်သမားတွေဟာ ဝါးကိုပိုတာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲ၊ ဘယ်လို treatment လုပ်ပေးရမလဲ အစရှိတာတွေကို Bamboo Family ဆီကနေ သင်ယူနိုင်တဲ့ အခွင့်အရေးရခဲ့တယ်လို့ ပြောပြပါတယ်။

ကလေးများ၏စာရိတ္တကို သင်ကြားပုံသွင်းခြင်း

အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်းတွင် လက်ရှိဆရာ၊ ဆရာမ ၁၁ ယောက်၊ သင်ကြားရေးအကြံပေး ၂ ယောက်၊ ကျောင်းအုပ်ဆရာကြီးတယောက် အပါအဝင် ဝန်ထမ်းအားလုံးပေါင်း ၁၇ ယောက်ဖြင့် ပထမဆုံးစာသင်နှစ်ကို စတင် လည်ပတ်နေပါတယ်။

ကျောင်းသားမိဘများရဲ့ သားသမီးများကို အမှတ်ကောင်းကောင်းရစေချင်သည့် မျှော်လင့်ချက်ဟာ ဒေသရဲ့ပထမဆုံး ကိုယ်ပိုင်ကျောင်းဖြစ်လာတဲ့ ကျောင်းအတွက် အကြီးမားဆုံးစိန်ခေါ်မှုတခု ဖြစ်တယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စွာက ဧရာဝတီကိုပြောပြပါတယ်။

ကျောင်းရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံးရည်ရွယ်ချက်မှာ ကလေးများကိုစာရိတ္တကောင်းကောင်းမွန်မွန်၊ စည်းကမ်းရှိရှိနဲ့ လူကောင်းများအဖြစ် ကြီးပြင်းလာစေဖို့ ဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုတတ်တဲ့ စိတ်ဓါတ်မျိုး ပျိုးထောင်ပေးဖို့ ဖြစ်တယ်လို့ ဦးအောင်ကျော်စွာက ရှင်းပြပါတယ်။

“ကျနော့်အတွက် ပညာရေးဆိုတာ ဘွဲ့တွေ ဒီဂရီတွေထက်သာလွန်ပါတယ်။ ကလေးတွေကို သူတို့ဘာသာ ကောင်းကောင်းဝေဖန်ပိုင်းခြားနိုင်အောင်၊ ကောင်းတယ် ဆိုးတယ် သေချာသိပြီး၊ သိပြီးရင်လည်း သူတို့ဘာသာ ကောင်းတဲ့ပုံစံအတိုင်း သူတို့ဘဝမှာ လုပ်ဆောင်နိုင်အောင် ကျနော်တို့က လေ့ကျင့်ပေးနိုင်တယ်ဆိုရင် ဒါ ကောင်းတဲ့ ပညာရေးစနစ်လို့ ယူဆတယ်” လို့ ဦးအောင်ကျော်စွာက ဆိုပါတယ်။

“ကျနော်ရဲ့ တသီးပုဂ္ဂလ ဆန္ဒအရဆိုရင်တော့ ကလေးတွေကိုအရမ်းကို ကြီးမားတဲ့မျှော်မှန်းချက်တွေမထားဘူး။ အနည်းဆုံးရည်ရွယ်ချက်ကဘာလဲဆိုရင် ကိုယ့်အတွက်နဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက်ကိုဘာပဲလုပ်လုပ် စဉ်းစားတတ်တဲ့ စိတ်ကလေး ဖြစ်လာဖို့ပါ။ ဒါဖြစ်လာတယ်ဆိုရင် ကျနော်တို့ ပညာရေးစနစ် အောင်မြင်တယ်လို့ ယူဆရမှာပေါ့” လို့ သူကဆက်လက် ရှင်းပြပါတယ်။

ကျောင်းစဖွင့်ပြီး ၂ ပတ်အကြာ၊ ၃ ပတ်မြောက် ပြန်အဖွင့်မှာတော့ ကျောင်းသားမိဘတွေ ကျောင်းအပေါ် ယုံကြည်မှု မရှိတော့ဘဲကလေးတွေကို ကျောင်းဆီမလွှတ်တော့ဘဲ ကလေးတွေ ပေါ်မလာတော့မှာကို စိုးရိမ်မိပါသေးတယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စွာက ရယ်ရင်းပြောပြပါတယ်။ ဒါပေမယ့် ၃ ပတ်မြောက်မှာတော့ ကောင်းတဲ့ တုံ့ပြန်မှုလေးတွေ စရလာတယ်လို့ ဆိုပါတယ်။ ကလေးတွေမှာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ပိုပြီး ကိုယ့်အားကိုယ်ကိုးတတ်လာတာကို သတိထားမိတယ်လို့ ကျောင်းသားမိဘတွေဆီကနေတဆင့် ပြန်ကြားရတယ်လို့ သိရပါတယ်။

ဒါဟာ ခရီးရှည်ကြီးရဲ့ပထမဆုံးခြေလှမ်းတွေပါ။ ကျနော်တို့ လုပ်နေတာတွေအပေါ် မိဘတွေ ယုံကြည်ဖို့လိုတဲ့အတွက် ကျောင်းသားမိဘတွေနဲ့ အမြဲပဲ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ ကြိုးစားပါတယ်” လို့ ဦးအောင်ကျော်စွာက ပြောပါတယ်။

ကျောင်းတည်ထောင်သူ ဒေါ်ယဉ်မျိုးစုကတော့ ကလေးတွေ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေအပေါ် လေးစားမှု ရှိတတ်ဖို့နဲ့ တာဝန်သိသိ စားသုံးတတ်မှု အစရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ အလေ့အထတွေ ပျိုးထောင်ပေးနိုင်ဖို့ ကျောင်းဝန်းအတွင်းမှာ မွေးမြူရေးခြံလေးတခုနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းတခုကိုပါ ထည့်သွင်းနိုင်ရန် မျှော်မှန်း စိတ်ကူးထားကြောင်းပြောပြပါတယ်။

“ကျမတို့ရဲ့ တိုင်းပြည်ကိုရော ပတ်ဝန်းကျင်ကိုရော ဒီကလေးတွေ လက်ထဲထည့်ရမှာ။ တနေ့ကျရင် သူတို့က တိုင်းပြည်ကို ခေါင်းဆောင်ပြီး တိုင်းပြည်ရဲ့ အနာဂါတ်ကို သူတို့ကဆုံးဖြတ်မှာ။ သူတို့ကိုအကောင်းဆုံးပညာတွေပဲပေးရမယ်” လို့ ဒေါ်ယဉ်မျိုးစုက ပြောလိုက်ပါတယ်။

တင်ထက်ပိုင်

ဧရာဝတီ