ပ်က္စီးေနတဲ့အိမ္အစုတ္ကို ေပါင္၁ေပါင္တည္းနဲ႔၀ယ္ယူခဲ့ၿပီး ၁၂လၾကာတဲ့အခါမွာမမွတ္မိႏိုင္ေလာက္ေအာင္ေျပာင္းလဲပစ္ခဲ့ၾကတဲ့ အားက်ဖြယ္စံုတြဲအေၾကာင္းကို Mirror သတင္းစာမ်က္ႏွာမွာေတြ႔ရွိထားပါတယ္။


.

အဆိုပါလင္မယားႏွစ္ေယာက္ဟာ အိမ္လာၾကည့္စဥ္တုန္းက အထဲ၀င္ရမွာေတာင္ အႏ ၱရာယ္မ်ားလြန္းတဲ့အတြက္၀င္မၾကည့္ခဲ့ၾကပါဘူး။ သို႔ေပမယ့္ အိမ္ေနရာအက်ယ္အ၀န္းကို သေဘာက်တာေၾကာင့္၀ယ္ျဖစ္ခဲ့ၾကပါတယ္။


.

Sam နဲ႔ Rachel တို႔ဟာကင္ညာႏိုင္ငံကေနေျပာင္းေရႊ႕လာခဲ့ၾကၿပီး Liverpool မွာပဲအိမ္ငွားေနခဲ့တာ ၁၆ႏွစ္ရွိပါၿပီ။ ၿမိဳ႕ေကာင္စီကေန Pound Plus စီမံခ်က္နဲ႔ တစ္ေပါင္တန္အိမ္ေတြကို ခ်ေပးတဲ့အခါမွာ ပထမဆံုးလင္မယားႏွစ္ေယာက္က အိမ္အေျခအေနၾကည့္ကာ စိတ္ညစ္သြားၾကပါတယ္။


.

အိမ္ကတကယ့္ကိုျပင္စရာေတြအမ်ားၾကီး ရွိေနတာပါ။ အိမ္ရဲ႕ေလွကားထစ္ေတြကေန ေရေတြဒလေဟာစီးက်ေနၿပီး ေရခ်ိဳးခန္းကလည္း ၾကမ္းခင္းမရွိပါဘူး။ အိမ္အမိုးေတြကလည္း ယိုယြင္းေနတဲ့အျပင္ ၾကမ္းခင္းလဲမရွိတာေၾကာင့္ ေရခ်ိဳးခန္းအိမ္သာနဲ႔ မီးဖိုေဆာင္ဟာ ဒိုးယိုေပါက္ျမင္ေနရပါတယ္။ နံရံေတြကလည္း ပလာစတာေတြကြာက်ေနၿပီး တစ္အိမ္လံုးကိုအစအဆံုးျပန္လုပ္ရမွာပါ။

အိမ္၀ယ္ယူဖို႔ဆံုးျဖတ္ၿပီးေတာ့ လင္မယားႏွစ္ေယာက္ဟာ တစ္ႏွစ္အခ်ိန္ေပးၿပီး ေပါင္ေထာင္ေပါင္းမ်ားစြာသံုးစြဲခဲ့ကာ အိမ္ကိုျပန္လည္ျပင္ဆင္မြမ္းမံခဲ့ၾကပါတယ္။ ယခုအခါမွာေတာ့ အသက္၁၂ႏွစ္နဲ႔၁၉ႏွစ္ရွိတဲ့ သမီးႏွစ္ေယာက္နဲ႔အတူ အိမ္ေလးမွာေနထိုင္လ်က္ရွိေနပါတယ္။

၄င္းစံုတြဲက အိမ္မျပင္ဆင္မီအေျခအေနနဲ႔ ျပင္ဆင္ၿပီးတဲ့အိမ္အေျခအေနေတြကို ဓာတ္ပံုရိုက္ထားတဲ့ပံုေတြကို လူမႈကြန္ယက္မွာျဖန္႔ေ၀ခဲ့ပါတယ္။ မီဒီယာပိုင္းကသိသြားၿပီးေနာက္မွာေတာ့ Liverpool ၿမိိဳ႕ေတာ္၀န္ Joe Anderson ကသူတို႔ရဲ႕ယခုလိုမ်ိဳးေအာင္ျမင္စြာ အိမ္ျပင္ဆင္ႏိုင္ခဲ့ပံုေလးကို ေျပာျပခိုင္းခဲ့ပါတယ္။

Rachel က “ကြ်န္မတုိ႔အေကာင္းဆံုးအသံုးခ်ႏိုင္ခဲ့တဲ့ ပို္က္ဆံတစ္ေပါင္ပါပဲ…အိမ္ေသာ့ရလာတဲ့ေန႔ကစၿပီး လင္မယားႏွစ္ေယာက္ၾကိဳးစားျပင္ဆင္ၾကေပမယ့္ သိပ္အရာမထင္သလိုပဲ…မတ္လေလာက္ေရာက္တာေတာင္ အိမ္အလယ္မွာရွိတဲ့သြားလမ္းပဲၿပီးေသးတယ္…ေနာက္ပိုင္းၾကမ္းခင္းေတြခင္း…ျပတင္းေပါက္ေတြတပ္လိုက္ေတာ့မွ အိမ္နဲ႔တူလာေတာ့တာ..” လို႔သူမကဆိုပါတယ္။

သို႔ေပမယ့္ အိမ္မွာျပင္စရာအစအနကေလးေတြေတာ့ အနည္းငယ္စီရွိေနေသးေၾကာင္း Rachel ကဆိုပါတယ္။ သူမသမီးေလး Sam ရဲ႕ေမြးေန႔ကလည္း ဒီဇင္ဘာမွာလာေတာ့မွာျဖစ္တာေၾကာင့္ ယခုအိမ္ကေလးမွာ ျပဳလုပ္မယ့္ပထမဆံုးေမြးေန႔ပြဲေလးျဖစ္ေၾကာင္းေျပာျပခဲ့ပါတယ္။

Credit: shwemom
..
Unicode
ပျက်စီးနေတဲ့အိမ်အစုတ်ကို ပေါင်၁ပေါင်တည်းနဲ့ဝယ်ယူခဲ့ပြီး ၁၂လကြာတဲ့အခါမှာမမှတ်မိနိုင်လောက်အောင်ပြောင်းလဲပစ်ခဲ့ကြတဲ့ အားကျဖွယ်စုံတွဲအကြောင်းကို Mirror သတင်းစာမျက်နှာမှာတွေ့ရှိထားပါတယ်။

အဆိုပါလင်မယားနှစ်ယောက်ဟာ အိမ်လာကြည့်စဉ်တုန်းက အထဲဝင်ရမှာတောင် အန ္တရာယ်များလွန်းတဲ့အတွက်ဝင်မကြည့်ခဲ့ကြပါဘူး။ သို့ပေမယ့် အိမ်နေရာအကျယ်အဝန်းကို သဘောကျတာကြောင့်ဝယ်ဖြစ်ခဲ့ကြပါတယ်။

Sam နဲ့ Rachel တို့ဟာကင်ညာနိုင်ငံကနေပြောင်းရွှေ့လာခဲ့ကြပြီး Liverpool မှာပဲအိမ်ငှားနေခဲ့တာ ၁၆နှစ်ရှိပါပြီ။ မြို့ကောင်စီကနေ Pound Plus စီမံချက်နဲ့ တစ်ပေါင်တန်အိမ်တွေကို ချပေးတဲ့အခါမှာ ပထမဆုံးလင်မယားနှစ်ယောက်က အိမ်အခြေအနေကြည့်ကာ စိတ်ညစ်သွားကြပါတယ်။

အိမ်ကတကယ့်ကိုပြင်စရာတွေအများကြီး ရှိနေတာပါ။ အိမ်ရဲ့လှေကားထစ်တွေကနေ ရေတွေဒလဟောစီးကျနေပြီး ရေချိုးခန်းကလည်း ကြမ်းခင်းမရှိပါဘူး။ အိမ်အမိုးတွေကလည်း ယိုယွင်းနေတဲ့အပြင် ကြမ်းခင်းလဲမရှိတာကြောင့် ရေချိုးခန်းအိမ်သာနဲ့ မီးဖိုဆောင်ဟာ ဒိုးယိုပေါက်မြင်နေရပါတယ်။ နံရံတွေကလည်း ပလာစတာတွေကွာကျနေပြီး တစ်အိမ်လုံးကိုအစအဆုံးပြန်လုပ်ရမှာပါ။

အိမ်ဝယ်ယူဖို့ဆုံးဖြတ်ပြီးတော့ လင်မယားနှစ်ယောက်ဟာ တစ်နှစ်အချိန်ပေးပြီး ပေါင်ထောင်ပေါင်းများစွာသုံးစွဲခဲ့ကာ အိမ်ကိုပြန်လည်ပြင်ဆင်မွမ်းမံခဲ့ကြပါတယ်။ ယခုအခါမှာတော့ အသက်၁၂နှစ်နဲ့၁၉နှစ်ရှိတဲ့ သမီးနှစ်ယောက်နဲ့အတူ အိမ်လေးမှာနေထိုင်လျက်ရှိနေပါတယ်။

၄င်းစုံတွဲက အိမ်မပြင်ဆင်မီအခြေအနေနဲ့ ပြင်ဆင်ပြီးတဲ့အိမ်အခြေအနေတွေကို ဓာတ်ပုံရိုက်ထားတဲ့ပုံတွေကို လူမှုကွန်ယက်မှာဖြန့်ဝေခဲ့ပါတယ်။ မီဒီယာပိုင်းကသိသွားပြီးနောက်မှာတော့ Liverpool မြိို့တော်ဝန် Joe Anderson ကသူတို့ရဲ့ယခုလိုမျိုးအောင်မြင်စွာ အိမ်ပြင်ဆင်နိုင်ခဲ့ပုံလေးကို ပြောပြခိုင်းခဲ့ပါတယ်။

Rachel က “ကျွန်မတို့အကောင်းဆုံးအသုံးချနိုင်ခဲ့တဲ့ ပို်က်ဆံတစ်ပေါင်ပါပဲ…အိမ်သော့ရလာတဲ့နေ့ကစပြီး လင်မယားနှစ်ယောက်ကြိုးစားပြင်ဆင်ကြပေမယ့် သိပ်အရာမထင်သလိုပဲ…မတ်လလောက်ရောက်တာတောင် အိမ်အလယ်မှာရှိတဲ့သွားလမ်းပဲပြီးသေးတယ်…နောက်ပိုင်းကြမ်းခင်းတွေခင်း…ပြတင်းပေါက်တွေတပ်လိုက်တော့မှ အိမ်နဲ့တူလာတော့တာ..” လို့သူမကဆိုပါတယ်။

သို့ပေမယ့် အိမ်မှာပြင်စရာအစအနကလေးတွေတော့ အနည်းငယ်စီရှိနေသေးကြောင်း Rachel ကဆိုပါတယ်။ သူမသမီးလေး Sam ရဲ့မွေးနေ့ကလည်း ဒီဇင်ဘာမှာလာတော့မှာဖြစ်တာကြောင့် ယခုအိမ်ကလေးမှာ ပြုလုပ်မယ့်ပထမဆုံးမွေးနေ့ပွဲလေးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

Credit: shwemom

Originally posted 2018-09-29 09:03:07.