Zawgyi
(၃) ခြေထောက်တွေ ရောင်ရမ်းနေရင်
သင့်ခြေထောက်ဟာ နာကျင်မှုလည်းမရှိ၊ ယားယံမှုလည်း မရှိပေမယ့် ရောင်ရမ်းလာတယ်၊ ဖောလာတယ်ဆိုရင်တော့ အဆစ်အမြစ်ရောင်ရောဂါ ရှိနေတာမျိုးဖြစ်နေနိုင်တာကြောင့် အမြန်ဆုံးသွားပြသင့်ပါတယ်။
(၄) ခံတွင်းပျက်ခြင်း
(၅) ယားယံခြင်း
(၆) လက်သည်း
Em Em
Credit – shwemom
Unicode
သင့်ရဲ့ခန္ဓာကိုယ်ဟာ သင်မသိခင်မှာပဲ သင့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လက္ခဏာလေးတွေနဲ့ အသိပေးနေတတ်တယ်ဆိုတာ သင်သိပါသလား။ ဒီလို လက္ခဏာလေးတွေကို သတိမထားပဲ ပေါ့ပေါ့ဆဆ နေမိရင် ကြာလာတဲ့အခါ ပိုပြီးပြင်းထန်လာတော့မှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်က ဒီလက္ခဏာလေးတွေ ပြနေပြီဆိုရင်တော့ ဆရာဝန်ထံ သွားရောက်ဆေးစစ်မှုခံယူဖို့ လိုအပ်နေပါပြီ။
(၁) ခြေဖဝါးတွေနီနေရင်၊ ပန်းရောင်ဖြစ်နေရင်…..
သင့်ရဲ့ခြေဖဝါးတွေ နီနေတယ်၊ ပန်းရောင်ဖြစ်နေတယ်ဆိုရင် ခြေဖဝါးလေးတွေ နုနေလို့လို့ မထင်လိုက်ပါနဲ့။ သင့်ရဲ့ခန္ဓာကိုယ်ထဲက သကြားပမာဏကို စစ်ဆေးဖို့လိုနေပါပြီ။ ဆီးချို ဒါမှမဟုတ် ဝမ်းနဲ့ပတ်သက်ပြီး ပြသနာတစ်ခုခုရှိနေနိုင်ပါတယ်။
(၂) မျက်ခုံးမွှေးတွေကျွတ်ရင်
တကယ်လို့ သင့်မျက်ခုံးမွှေးတွေဟာ တဖြည်းဖြည်း ပါးသွားရင်၊ ကျွတ်နေရင်တော့ သင့်ရဲ့ သိုင်းရွိုက်မှာ ပြသနာရှိနေနိုင်တာကြောင့် ဆရာဝန်ထံ သွားရောက်ပြသဖို့လိုနေပါပြီ။
(၃) ခြေထောက်တွေ ရောင်ရမး်နေရင်
သင့်ခြေထောက်ဟာ နာကျင်မှုလည်းမရှိ၊ ယားယံမှုလည်း မရှိပေမယ့် ရောင်ရမး်လာတယ်၊ ဖောလာတယ်ဆိုရင်တော့ အဆစ်အမြစ်ရောင်ရောဂါ ရှိနေတာမျိုးဖြစ်နေနိုင်တာကြောင့် အမြန်ဆုံးသွားပြသင့်ပါတယ်။
(၄) ခံတွင်းပျက်ခြငး်အစားစားချင်စိတ်မရှိတာ၊ ထမင်းစားမဝင်တာ၊ ခံတွင်းပျက်တာမျိုးက ဝိတ်ကျစေတယ်ဆိုပြီး
ကြံဖန်ဂုဏ်ယူမနေသင့်ပါဘူးနော်။ သင်ဟာရုတ်တရက် အစားစားချင်စိတ်မရှိတော့တာမျိုး၊ ခံတွင်းပျက်သွားတာမျိုးဖြစ်လာတယ်ဆိုရင်တော့ သင့်ရဲ့ အစာချေစနစ် ဒါမှမဟုတ် ဝမး်နဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုရှိနေတာ ဖြစ်နိုင်ပါတယ်။
(၅) ယားယံခြငး်
သင့်ရဲ့အရေပြားတွေ ယားယံလာတယ်ဆိုရင်တော့ ဒါဟာဆီးချိုရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဆရာဝန်သွားမပြခင်မှာ သင့်ရဲ့ ယားတဲ့နေရာတွေကို အကောင်တစ်ခုခုကိုက်တာများလား ဒါမှမဟုတ် သင်နဲ့ဓာတ်မတည့်တဲ့ အစားအစာ၊ အဝတ်အစား၊ အသုံးအဆောင်တစ်ခုခုများ သုံးမိလို့လားဆိုတာ သေချာအောင်စစ်ဆေးကြည့်ပါ။
(၆) လက်သည်း
သင့်ရဲ့လက်သည်းတွေဟာ ပုံသဏ္ဍန်တွေပြောင်းလာတယ်၊ ထူပြီးတော့ ကြီးလာတယ်ဆိုရင်တော့ သင့်ရဲ့နှလုံးမှာ ပြသနာရှိနေလို့ဖြစ်နိုင်ပါတယ်။ လက်သည်းပြသနာတော့မဟုတ်ပေမယ့် ခန္ဓာကိုယ်အတွင်းပိုင်း မကျန်းမာတာမျိုးဖြစ်နေနိုင်ပါတယ်။
(၇) အိမ်ထဲမှာနေရင်မွန်းကျပ်တယ်
တကယ်လို့သင်ဟာ ဘယ်နေရာရောက်ရောက် ပြတင်းပေါက်တွေကို ဖွင့်ခိုင်းနေတတ်တယ်၊ အိမ်ထဲမှာနေရတာ လှောင်တယ်၊ မွန်းကျပ်တယ်လို ခံစားရပြီးအပြင်ရောက်မှ နေသာထိုင်သာရှိသလို ခံစားရတယ်ဆိုရင်တော့ နှလုံးမှာပြသနာရှိနေတာ ဖြစ်နိုင်ပါတယ်။
Em Em
Credit – shwemom
Originally posted 2018-08-29 06:59:59.