Zawgyi

ပုသိမ္ၿမိဳ႕ ျပည္သူ႔ေဆး ႐ံုႀကီး ခုတင္ ၅၀၀ ကိုးထပ္တိုးခ်ဲ႕ လူနာေဆာင္ အေဆာက္အအံု တြင္ အုတ္မ်ားကို ၿပီးစလြယ္ ေဆာင္ရြက္ထားၿပီး အေျခအေန ဆိုးရြားေၾကာင္း ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္က မွတ္ခ်က္ျပဳေျပာ ၾကားသည္။

သမၼတသည္ ေဆာက္လုပ္ ဆဲ ပုသိမ္ေဆး႐ံု ကိုးထပ္တိုးခ်ဲ႕ အေဆာက္အအံုကို ယမန္ေန႔တြင္ ကြင္းဆင္းၾကည့္႐ႈရာ ယင္းသုိ႔ ေျပာၾကားျခင္းျဖစ္သည္။

‘‘အုတ္ခ်ပ္ေတြကို ျပည့္ ေအာင္၊ လံုေအာင္ မကာဘူး။ သိပ္ဆိုးတယ္ေနာ္။ ဟိုမွာၾကည့္ ျဗက္ကို အျပည့္မတြဲဘူး။ ဒီအုတ္ ဆက္မ်ိဳးက ဟုတ္ကိုမဟုတ္ဘူး။ ၿပီးစလြယ္ဆက္တာ။ ဒီလိုအုတ္ ဆက္တယ္ဆုိရင္ လုပ္စရာမလို ဘူး။ ဒီလိုသြားရမယ္၊ ဒီလိုသြားရ မယ္၊ ဒီမွာၾကည့္။ ဒါအုတ္ဆက္ တာမွမဟုတ္ဘဲ အက်ိဳးတစ္ခု ထုိးထည့္ၿပီး အစာေလးကပ္ထား တာ။ ဒါအုတ္ဆက္တာမွမဟုတ္ ဘဲ။ ဒီလုိေတြပဲ’’ဟု သမၼတက ေျပာၾကားသည္။

 

ပုသိမ္အေျခစိုက္ Delta News Agency က ထုတ္လႊင့္ ေသာ ႐ုပ္သံဖိုင္တြင္ သမၼတဦးဝင္းျမင့္က ယင္းသို႔ ေျပာၾကားစဥ္ က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီး ေဒါက္တာျမင့္ေထြး၊ တုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ႏွင့္ တိုင္းအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးအခ်ိဳ႕ အနီး၌ ရွိေနသည္။

အဆုိပါ ကိုးထပ္တိုးခ်ဲ႕ ေဆာင္ကို ျပည္ေထာင္စုဘတ္ ဂ်က္ျဖင့္ တင္ဒါေခၚယူေဆာင္ ရြက္ျခင္းျဖစ္ၿပီး ယခင္အစိုးရ လက္ထက္ ၂၀၁၅ တြင္ Royal Lotus Construction က လုပ္ကိုင္ခြင့္ရရွိခဲ့ေၾကာင္း
ဒါေပမယ္႔ စာခ်ဳပ္ပါအခ်က္အလက္ေတြ အတိုင္း မတည္ေဆာက္တာ ၊ စာခ်ဳပ္ခ်ဳပ္ဆိုစဥ္က မပါတဲ႔ ေငြေၾကးေတြ ထပ္မံ ေတာင္းဆိုခဲ႔တာ ေၾကာင့္ ျပည္ေထာင္စုအစိုးရ ႏွင့္ တိုင္းေဒသၾကီးအစိုးရအဖြဲ႔ ပူးေပါင္းေကာ္မတီဖြဲ႔စစ္ေဆးခဲ႔ပါတယ္ ။အဲဒီလို စစ္ေဆးစဥ္မွာ ေဆာက္လုပ္ေရး လုပ္ငန္းေတြကို ရပ္တန္႔ထားဖို႔ ညႊန္ၾကားထားခဲ႔တာျဖစ္ေၾကာင္း
ဧရာဝတီတုိင္း ေဒသႀကီး လွ်ပ္စစ္၊ စြမ္းအင္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ ေရးဝန္ႀကီး ဦးဝင္းေဌးက ရွင္းျပ သည္။

‘‘သမၼတႀကီးမွာသြားတာ စစ္ ေဆးဖို႔ပဲ။ သမၼတ႐ုံးက ထုတ္ျပန္ ထားတဲ့ ၁/၂၀၁၇ တင္ဒါစည္း မ်ဥ္းစည္းကမ္းနဲ႔အညီ၊ လုပ္ထံုး လုပ္နည္းနဲ႔အညီ ေဆာင္ရြက္မွာ ပါ’’ဟု ၎က ေျပာသည္။

 

ယင္းတိုးခ်ဲ႕ေဆာင္တည္ ေဆာက္ေနသည္မွာ သံုးႏွစ္ခန္႔ရွိ ကာ အျမန္ၿပီးစီးရန္ လိုအပ္ ေၾကာင္းႏွင့္ ျပန္လည္စိစစ္ျခင္းကို ျပည္ေထာင္စုအဆင့္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၊ တုိင္းေဒသႀကီးအစိုးရ အဖြဲ႕တုိ႔ပူးေပါင္း၍ ဆက္လက္ေဆာင္ရြက္မည္ျဖစ္ ေၾကာင္း ဦးဝင္းေဌးက ဆုိသည္။

Source: 7 Day

Unicode

ပုသိမ်မြို့ ပြည်သူ့ဆေး ရုံကြီး ခုတင် ၅၀၀ ကိုးထပ်တိုးချဲ့ လူနာဆောင် အဆောက်အအုံ တွင် အုတ်များကို ပြီးစလွယ် ဆောင်ရွက်ထားပြီး အခြေအနေ ဆိုးရွားကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မှတ်ချက်ပြုပြော ကြားသည်။

သမ္မတသည် ဆောက်လုပ် ဆဲ ပုသိမ်ဆေးရုံ ကိုးထပ်တိုးချဲ့ အဆောက်အအုံကို ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုရာ ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

‘‘အုတ်ချပ်တွေကို ပြည့် အောင်၊ လုံအောင် မကာဘူး။ သိပ်ဆိုးတယ်နော်။ ဟိုမှာကြည့် ဗြက်ကို အပြည့်မတွဲဘူး။ ဒီအုတ် ဆက်မျိုးက ဟုတ်ကိုမဟုတ်ဘူး။ ပြီးစလွယ်ဆက်တာ။ ဒီလိုအုတ် ဆက်တယ်ဆိုရင် လုပ်စရာမလို ဘူး။ ဒီလိုသွားရမယ်၊ ဒီလိုသွားရ မယ်၊ ဒီမှာကြည့်။ ဒါအုတ်ဆက် တာမှမဟုတ်ဘဲ အကျိုးတစ်ခု ထိုးထည့်ပြီး အစာလေးကပ်ထား တာ။ ဒါအုတ်ဆက်တာမှမဟုတ် ဘဲ။ ဒီလိုတွေပဲ’’ဟု သမ္မတက ပြောကြားသည်။

ပုသိမ်အခြေစိုက် Delta News Agency က ထုတ်လွှင့် သော ရုပ်သံဖိုင်တွင် သမ္မတဦးဝင်းမြင့်က ယင်းသို့ ပြောကြားစဉ် ကျန်းမာရေးနှင့် အားကစားဝန် ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ အနီး၌ ရှိနေသည်။

အဆိုပါ ကိုးထပ်တိုးချဲ့ ဆောင်ကို ပြည်ထောင်စုဘတ် ဂျက်ဖြင့် တင်ဒါခေါ်ယူဆောင် ရွက်ခြင်းဖြစ်ပြီး ယခင်အစိုးရ လက်ထက် ၂၀၁၅ တွင် Royal Lotus Construction က လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း
ဒါပေမယ့် စာချုပ်ပါအချက်အလက်တွေ အတိုင်း မတည်ဆောက်တာ ၊ စာချုပ်ချုပ်ဆိုစဉ်က မပါတဲ့ ငွေကြေးတွေ ထပ်မံ တောင်းဆိုခဲ့တာ ကြောင့် ပြည်ထောင်စုအစိုးရ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကော်မတီဖွဲ့စစ်ဆေးခဲ့ပါတယ် ။အဲဒီလို စစ်ဆေးစဉ်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရပ်တန့်ထားဖို့ ညွှန်ကြားထားခဲ့တာဖြစ်ကြောင်း
ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးဝင်းဌေးက ရှင်းပြ သည်။

‘‘သမ္မတကြီးမှာသွားတာ စစ် ဆေးဖို့ပဲ။ သမ္မတရုံးက ထုတ်ပြန် ထားတဲ့ ၁/၂၀၁၇ တင်ဒါစည်း မျဉ်းစည်းကမ်းနဲ့အညီ၊ လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်မှာ ပါ’’ဟု ၎င်းက ပြောသည်။

ယင်းတိုးချဲ့ဆောင်တည် ဆောက်နေသည်မှာ သုံးနှစ်ခန့်ရှိ ကာ အမြန်ပြီးစီးရန် လိုအပ် ကြောင်းနှင့် ပြန်လည်စိစစ်ခြင်းကို ပြည်ထောင်စုအဆင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးဝင်းဌေးက ဆိုသည်။

Source: 7 Day

Originally posted 2018-10-29 06:53:51.