(၂၀၁၀) ခုႏွစ္ကတည္းက လက္စတာအသင္းကုိ ေပါင္ (၃၉) သန္းနဲ႔ ၀ယ္ယူထားခဲ့ၿပီး လက္စတာရဲ႕ သမုိင္းတစ္ေလွ်ာက္မွာ အေကာင္းဆုံး အသင္းပုိင္ရွင္တစ္ေယာက္လုိ႔ သတ္မွတ္ျခင္းခံထားရတဲ့ ဗီခ်ိဳင္းအတြက္ေတာ့ လက္စတာ-၀က္စ္ဟမ္း ပြဲစဥ္ဟာ သူၾကည့္ရႈခဲ့ရတဲ့ ေနာက္ဆုံးပြဲစဥ္တစ္ပြဲ ျဖစ္သြားခဲ့ပါတယ္။

အီတလီႏုိင္ငံထုတ္ ရဟတ္ယာဥ္ေလးနဲ႔ လက္စတာအသင္းရဲ႕ပြဲစဥ္ေတြကုိ လာေရာက္ၾကည့္ရႈတတ္တဲ့ အသင္းပုိင္ရွင္ ဗီခ်ိဳင္း ဟာ (၂၀၁၅-၁၆) ခုႏွစ္၊ လက္စတာအသင္းရဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ဆြတ္ခူးႏုိင္မႈ ေနာက္ကြယ္မွာ အဓိက ပံ့ပုိးသူ ျဖစ္ခဲ့ၿပီး အသင္းရဲ႕ ကစားသမား မွန္သမွ်က သူ႕ကုိ ေလးစားၾကပါတယ္။

ထုိင္းႏုိင္ငံရဲ႕ ပဥၥမေျမာက္ အခ်မ္းသာဆံုး ပုဂိၢိဳလ္ျဖစ္တဲ့ ဗီခ်ိဳင္းဟာ လက္စတာနဲ႔၀က္စ္ဟမ္းအသင္းတုိ႔ရဲ႕ ပြဲစဥ္ ၿပီးဆုံးသြားခ်ိန္မွာ ထုိင္းႏုိင္ငံကုိ ျပန္တဲ့ေလယာဥ္ကုိ မီွဖုိ႔အတြက္ လူတန္ေလဆိပ္ကုိ သြားေရာက္ဖုိ႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး သူ႕ရဲ႕ ရဟတ္ယာဥ္ဟာ ကံဆုိးစြာနဲ႔ပဲ ပ်က္က်သြားခဲ့ရတာပါ။

ဒီ အျဖစ္အပ်က္မွာ ဗီခ်ိဳင္းနဲ႔အတူ သူ႕ရဲ႕ သမီးျဖစ္သူ ပါသြားခဲ့တယ္လုိ႔ ကနဦး သတင္းေတြ ထြက္ေနခဲ့ေပမယ့္လည္း တကယ္တမ္းမွာေတာ့ မီးေလာင္ကၽြမ္းေနတဲ့ အမ်ိဳးသမီးရုပ္အေလာင္းဟာ သူ႕ရဲ႕ သမီးမဟုတ္ပဲ ဗီခ်ိဳင္းရဲ႕ ၀န္ထမ္းတစ္ေယာက္ျဖစ္တဲ့ ထုိင္းအလွမယ္ ရဲ႕ ရုပ္အေလာင္းျဖစ္ေနခဲ့ပါတယ္။

လက္စတာအသင္းက ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္အရ ပ်က္က်သြားတဲ့ ရဟတ္ယာဥ္ေပၚမွာ ရဟတ္ယာဥ္ေမာင္းႏွင္သူ စုံတြဲျဖစ္တဲ့ အစ္ဇဘယ္လာနဲ႔ အဲရစ္ တုိ႔ စုံတြဲ၊ ဗီခ်ိဳင္းနဲ႔ သူ႕ရဲ႕ ညာလက္ရုံးျဖစ္တဲ့ ေက့ဗ္ပြန္း နဲ႔ အျခား၀န္ထမ္းတစ္ေယာက္ျဖစ္တဲ့ ထုိင္းအလွမယ္ေဟာင္း ဆပ္ခ္နာမီ တုိ႔ ပါ၀င္သြားခဲ့ၾကတာပါ။

ရဟတ္ယာဥ္ပ်က္က်သြားခဲ့ပုံ

ရဟတ္ယာဥ္ပ်က္က်ၿပီးတဲ့ေနာက္ ျပဳလုပ္ခဲ့တဲ့ စုံစမ္းစစ္ေဆးမႈေတြအရေတာ့ ရဟတ္ယာဥ္ဟာ ပ်ံတက္သြားၿပီး ေပ (၂၀၀) ေလာက္အျမင့္မွာ အေနာက္ဖက္ ပန္ကာက အလုပ္မလုပ္ေတာ့ပဲ ထိန္းခ်ဳပ္ဖုိ႔ မျဖစ္ႏုိင္ေတာ့တဲ့ အေျခအေန ျဖစ္သြားခဲ့တာပါ။ အဲဒီအခ်ိန္မွာ ေဘာလုံးပြဲကေန ျပန္လာၾကတဲ့ ပရိသတ္ေတြက လမ္းေတြေပၚမွာ ရွိေနဆဲ ျဖစ္တာေၾကာင့္ ေလယာဥ္မွဴးက အသင္းရဲ႕ ကားပါကင္ေတြၾကားကုိ ရဟတ္ယာဥ္ျပန္ဆင္းဖုိ႔ ႀကိဳးစားခဲ့တာပါ။ ဒါေပမယ့္ ရဟတ္ယာဥ္က လုံး၀ကုိ ထိန္းခ်ဳပ္မရေတာ့ပဲ ေပ (၂၀၀) ေလာက္ အျမင့္ကေန ေက်ာက္တုံးတစ္တုံးလုိ ျပဳတ္က်သြားခဲ့ရပါတယ္။ ေျမျပင္ေပၚကုိ အရွိန္ျပင္းျပင္းနဲ႔ ျပဳတ္က်သြားၿပီးတဲ့ေနာက္ မိနစ္အနည္းငယ္အၾကာမွာပဲ ရဟတ္ယာဥ္က မီးေလာင္သြားခဲ့တာပါ။ ထုတ္ျပန္ခ်က္အရေတာ့ ဗီခ်ိဳင္းနဲ႔ ရဟတ္ယာဥ္ေပၚပါ၀င္သူေတြဟာ မီးမေလာင္ခင္ အခ်ိန္မွာပဲ အသက္ဆုံးသြားခဲ့ၾကတယ္လုိ႔ သိရပါတယ္။

ရဟတ္ယာဥ္ ပ်က္က်တဲ့ေနရာကုိ ပထမဆုံး ေရာက္ရွိလာသူေတြကေတာ့ ရဲ၀န္ထမ္းႏွစ္ဦးျဖစ္ၿပီး တစ္ဦးက မီးေလာင္ေနတဲ့ ရဟတ္ယာဥ္ကုိ မီးသတ္ေဆးဗူးနဲ႔ ျဖန္းဖုိ႔ ႀကိဳးစားေနခဲ့တာပါ။ အျခားတစ္ဦးကေတာ့ ရဟတ္ယာဥ္ရဲ႕ မွန္ေတြကုိခြဲၿပီး အထဲက လူေတြကုိ အျပင္ထုတ္ဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ရဟတ္ယာဥ္ကုိ ေလာင္ေနတဲ့ မီးေတာက္က လွ်င္လွ်င္ျမန္ျမန္ပဲ ပ်ံ႕ႏွံ႔လာခဲ့လုိ႔ ႏွစ္ဦးစလုံး အေနာက္ဆုတ္ခဲ့ရၿပီး အေရးေပၚ အကူအညီေတြ ေခၚခဲ့ရပါတယ္။

လက္စတာအသင္းအေနနဲ႔ ရဟတ္ယာဥ္ပ်က္က်မႈမွာ အသင္းပုိင္ရွင္ကုိယ္တုိင္ ပါ၀င္သြားခဲ့တယ္လုိ႔ ေၾကညာၿပီးတဲ့ေနာက္မွာေတာ့ အသင္းရဲ႕ ပရိသတ္ေတြဟာ လက္စတာအသင္းရဲ႕ အိမ္ကြင္း King Power ေရွ႕ကုိ ေရာက္ရွိလာခဲ့ၾကၿပီး ရဟတ္ယာဥ္ပ်က္က်မႈမွာ ပါ၀င္ခဲ့သူေတြအတြက္ ဆုေတာင္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပမႈအရေတာ့ ဒီျဖစ္စဥ္မွာ ကံအေကာင္းဆုံးက ဗီခ်ိဳင္းရဲ႕ သမီးျဖစ္သူ ဗုိရာမက္စ္ ပဲ ျဖစ္ၿပီး သူမအေနနဲ႔ ဖခင္ျဖစ္သူနဲ႔အတူ ေဘာလုံးကြင္းထဲမွာ ရွိေနခဲ့ေပမယ့္ ရဟတ္ယာဥ္ေပၚမွာေတာ့ ပါမသြားခဲ့ပါဘူး။ ပ်က္က်မႈ ျဖစ္ျဖစ္ခ်င္းမွာ ရဟတ္ယာဥ္ေပၚ သားအဖႏွစ္ေယာက္လုံးပါ၀င္သြားခဲ့တယ္လုိ႔ သတင္းေတြထြက္ခဲ့ေပမယ့္ ဗုိရာမက္စ္ကေတာ့ ကိစၥတစ္ခုေၾကာင့္ ဖခင္ျဖစ္သူနဲ႔ ပါမသြားခဲ့ပါဘူး။

ဗုိရာမက္စ္နဲ႔ ဆန္႔က်င္ဖက္အျဖစ္ ကံအဆုိးဆုံး ျဖစ္သြားတဲ့တစ္ေယာက္က (၂၀၀၅)ခုႏွစ္မွာ ထုိင္းႏုိင္ငံရဲ႕ Miss Universe ျဖစ္ခဲ့ဖူးတဲ့ ဆပ္ခ္နာမီ ပဲ ျဖစ္ၿပီး ဗီခ်ိဳင္းရဲ႕ ၀န္ထမ္းတစ္ေယာက္ျဖစ္တဲ့ ထုိင္းအလွမယ္ေဟာင္း ဟာ လက္စတာအသင္းရဲ႕ ပြဲစဥ္ကုိ ပထမဆုံးအႀကိမ္ လုိက္လံ ၾကည့္ရႈခဲ့ရတာပါ။ ဒါေပမယ့္ အဲဒီ ပထမဆုံးအႀကိမ္ကပဲ သူမကုိ အသက္ ဆုံးရႈံးသြားေစခဲ့ၿပီး မေမွ်ာ္လင့္တဲ့ ျဖစ္ရပ္ဆုိးမွာ ပါ၀င္သြားေစခဲ့ပါတယ္။

Linn

Source : Dailymail , Mirror

Unicode

(၂၀၁၀) ခုနှစ်ကတည်းက လက်စတာအသင်းကို ပေါင် (၃၉) သန်းနဲ့ ၀ယ်ယူထားခဲ့ပြီး လက်စတာရဲ့ သမိုင်းတစ်လျှောက်မှာ အကောင်းဆုံး အသင်းပိုင်ရှင်တစ်ယောက်လို့ သတ်မှတ်ခြင်းခံထားရတဲ့ ဗီချိုင်းအတွက်တော့ လက်စတာ-၀က်စ်ဟမ်း ပွဲစဉ်ဟာ သူကြည့်ရှုခဲ့ရတဲ့ နောက်ဆုံးပွဲစဉ်တစ်ပွဲ ဖြစ်သွားခဲ့ပါတယ်။

အီတလီနိုင်ငံထုတ် ရဟတ်ယာဉ်လေးနဲ့ လက်စတာအသင်းရဲ့ပွဲစဉ်တွေကို လာရောက်ကြည့်ရှုတတ်တဲ့ အသင်းပိုင်ရှင် ဗီချိုင်း ဟာ (၂၀၁၅-၁၆) ခုနှစ်၊ လက်စတာအသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်မှု နောက်ကွယ်မှာ အဓိက ပံ့ပိုးသူ ဖြစ်ခဲ့ပြီး အသင်းရဲ့ ကစားသမား မှန်သမျှက သူ့ကို လေးစားကြပါတယ်။

ထိုင်းနိုင်ငံရဲ့ ပဥ္စမမြောက် အချမ်းသာဆုံး ပုဂ္ဂိိုလ်ဖြစ်တဲ့ ဗီချိုင်းဟာ လက်စတာနဲ့ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပွဲစဉ် ပြီးဆုံးသွားချိန်မှာ ထိုင်းနိုင်ငံကို ပြန်တဲ့လေယာဉ်ကို မှီဖို့အတွက် လူတန်လေဆိပ်ကို သွားရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး သူ့ရဲ့ ရဟတ်ယာဉ်ဟာ ကံဆိုးစွာနဲ့ပဲ ပျက်ကျသွားခဲ့ရတာပါ။

ဒီ အဖြစ်အပျက်မှာ ဗီချိုင်းနဲ့အတူ သူ့ရဲ့ သမီးဖြစ်သူ ပါသွားခဲ့တယ်လို့ ကနဦး သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ မီးလောင်ကျွမ်းနေတဲ့ အမျိုးသမီးရုပ်အလောင်းဟာ သူ့ရဲ့ သမီးမဟုတ်ပဲ ဗီချိုင်းရဲ့ ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ ထိုင်းအလှမယ် ရဲ့ ရုပ်အလောင်းဖြစ်နေခဲ့ပါတယ်။

လက်စတာအသင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ပေါ်မှာ ရဟတ်ယာဉ်မောင်းနှင်သူ စုံတွဲဖြစ်တဲ့ အစ်ဇဘယ်လာနဲ့ အဲရစ် တို့ စုံတွဲ၊ ဗီချိုင်းနဲ့ သူ့ရဲ့ ညာလက်ရုံးဖြစ်တဲ့ ကေ့ဗ်ပွန်း နဲ့ အခြားဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ထိုင်းအလှမယ်ဟောင်း ဆပ်ခ်နာမီ တို့ ပါ၀င်သွားခဲ့ကြတာပါ။

ရဟတ်ယာဉ်ပျက်ကျသွားခဲ့ပုံ
ရဟတ်ယာဉ်ပျက်ကျပြီးတဲ့နောက် ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအရတော့ ရဟတ်ယာဉ်ဟာ ပျံတက်သွားပြီး ပေ (၂၀၀) လောက်အမြင့်မှာ အနောက်ဖက် ပန်ကာက အလုပ်မလုပ်တော့ပဲ ထိန်းချုပ်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားခဲ့တာပါ။ အဲဒီအချိန်မှာ ဘောလုံးပွဲကနေ ပြန်လာကြတဲ့ ပရိသတ်တွေက လမ်းတွေပေါ်မှာ ရှိနေဆဲ ဖြစ်တာကြောင့် လေယာဉ်မှူးက အသင်းရဲ့ ကားပါကင်တွေကြားကို ရဟတ်ယာဉ်ပြန်ဆင်းဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ရဟတ်ယာဉ်က လုံးဝကို ထိန်းချုပ်မရတော့ပဲ ပေ (၂၀၀) လောက် အမြင့်ကနေ ကျောက်တုံးတစ်တုံးလို ပြုတ်ကျသွားခဲ့ရပါတယ်။ မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျသွားပြီးတဲ့နောက် မိနစ်အနည်းငယ်အကြာမှာပဲ ရဟတ်ယာဉ်က မီးလောင်သွားခဲ့တာပါ။ ထုတ်ပြန်ချက်အရတော့ ဗီချိုင်းနဲ့ ရဟတ်ယာဉ်ပေါ်ပါ၀င်သူတွေဟာ မီးမလောင်ခင် အချိန်မှာပဲ အသက်ဆုံးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ရဟတ်ယာဉ် ပျက်ကျတဲ့နေရာကို ပထမဆုံး ရောက်ရှိလာသူတွေကတော့ ရဲဝန်ထမ်းနှစ်ဦးဖြစ်ပြီး တစ်ဦးက မီးလောင်နေတဲ့ ရဟတ်ယာဉ်ကို မီးသတ်ဆေးဗူးနဲ့ ဖြန်းဖို့ ကြိုးစားနေခဲ့တာပါ။ အခြားတစ်ဦးကတော့ ရဟတ်ယာဉ်ရဲ့ မှန်တွေကိုခွဲပြီး အထဲက လူတွေကို အပြင်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရဟတ်ယာဉ်ကို လောင်နေတဲ့ မီးတောက်က လျှင်လျှင်မြန်မြန်ပဲ ပျံ့နှံ့လာခဲ့လို့ နှစ်ဦးစလုံး အနောက်ဆုတ်ခဲ့ရပြီး အရေးပေါ် အကူအညီတွေ ခေါ်ခဲ့ရပါတယ်။

လက်စတာအသင်းအနေနဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ အသင်းပိုင်ရှင်ကိုယ်တိုင် ပါ၀င်သွားခဲ့တယ်လို့ ကြေညာပြီးတဲ့နောက်မှာတော့ အသင်းရဲ့ ပရိသတ်တွေဟာ လက်စတာအသင်းရဲ့ အိမ်ကွင်း King Power ရှေ့ကို ရောက်ရှိလာခဲ့ကြပြီး ရဟတ်ယာဉ်ပျက်ကျမှုမှာ ပါ၀င်ခဲ့သူတွေအတွက် ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သတင်းတွေရဲ့ ဖော်ပြမှုအရတော့ ဒီဖြစ်စဉ်မှာ ကံအကောင်းဆုံးက ဗီချိုင်းရဲ့ သမီးဖြစ်သူ ဗိုရာမက်စ် ပဲ ဖြစ်ပြီး သူမအနေနဲ့ ဖခင်ဖြစ်သူနဲ့အတူ ဘောလုံးကွင်းထဲမှာ ရှိနေခဲ့ပေမယ့် ရဟတ်ယာဉ်ပေါ်မှာတော့ ပါမသွားခဲ့ပါဘူး။ ပျက်ကျမှု ဖြစ်ဖြစ်ချင်းမှာ ရဟတ်ယာဉ်ပေါ် သားအဖနှစ်ယောက်လုံးပါ၀င်သွားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဗိုရာမက်စ်ကတော့ ကိစ္စတစ်ခုကြောင့် ဖခင်ဖြစ်သူနဲ့ ပါမသွားခဲ့ပါဘူး။

ဗိုရာမက်စ်နဲ့ ဆန့်ကျင်ဖက်အဖြစ် ကံအဆိုးဆုံး ဖြစ်သွားတဲ့တစ်ယောက်က (၂၀၀၅)ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ Miss Universe ဖြစ်ခဲ့ဖူးတဲ့ ဆပ်ခ်နာမီ ပဲ ဖြစ်ပြီး ဗီချိုင်းရဲ့ ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ ထိုင်းအလှမယ်ဟောင်း ဟာ လက်စတာအသင်းရဲ့ ပွဲစဉ်ကို ပထမဆုံးအကြိမ် လိုက်လံ ကြည့်ရှုခဲ့ရတာပါ။ ဒါပေမယ့် အဲဒီ ပထမဆုံးအကြိမ်ကပဲ သူမကို အသက် ဆုံးရှုံးသွားစေခဲ့ပြီး မမျှော်လင့်တဲ့ ဖြစ်ရပ်ဆိုးမှာ ပါ၀င်သွားစေခဲ့ပါတယ်။

Linn

Source : Dailymail , Mirror